Pular para o conteúdo
Publicidade

Orgulho

Por Bíblia Online

O orgulho nos faz acreditar que somos suficientes por conta própria, fechando o coração para a correção e para o cuidado de Deus. Essa postura costuma disfarçar a insegurança em falsa autossuficiência e afasta você da comunhão verdadeira com o próximo e com o Criador.

As Escrituras mostram com clareza que o Altíssimo se opõe a quem se engrandece, mas inclina o ouvido para o coração quebrantado. Conhecer a Palavra ajuda a examinar as próprias motivações e a escolher diariamente a postura de quem depende inteiramente da misericórdia divina.

O orgulho é um dos pecados mais condenados na Bíblia. Deus resiste aos soberbos, mas dá graça aos humildes. A humildade é o caminho da honra verdadeira.

Deus resiste ao soberbo

A soberba precede a ruína e o orgulho antecede a queda. Deus abomina o coração altivo e promete humilhar quem se exalta.

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

မာ​န​ကြီး​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ သူ​တို့​သည်​အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။

လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။

မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။

ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။

Humildade como caminho

Humilhai-vos diante do Senhor e Ele vos exaltará. A grandeza no Reino vem pelo serviço humilde, não pela autopromoção.

ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

ဆင်း​ရဲ​ခြင်း​နှ​င့်​ချမ်း​သာ​ခြင်း

အောက်​လျှိုး​နှိမ့်​ချ​သော ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။- ငွေ​ရ​တတ်​သော ညီ​အစ်​ကို​သည် မိ​မိ​နှိမ့်​ချ​ဆင်း​ရဲ​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား၊ သူ​သည် မြက်​ပွင့်​ကဲ့​သို့ ဖောက်​ပြန်​ခြင်း​သ​ဘော ရှိ၏။-

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။

ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။- ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။-

Os perigos do orgulho

O orgulho cega, gera contendas e afasta de Deus. A Escritura adverte contra a soberba da vida e a vã glória mundana.

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-

ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။-

သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-

မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-

သို့​ဖြစ်၍ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ သ​ခင်​ဘု​ရား၌​သာ ဝါ​ကြွား​စေ။- အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မွမ်း​သော​သူ​သည် ဝန်​ခံ​တော်​မူ​သော သူ​ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သာ​လျှင် ဝန်​ခံ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။

လူ​အ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊- သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊- ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

O olhar de Deus

O Senhor não olha como o homem. Ele vê o coração e se agrada dos quebrantados de espírito e dos que tremem diante da sua Palavra.

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။

ငါ​တို့ ဘု​ရား​သ​ခင်​ကဲ့​သို့​သော ခို​လှုံ​စ​ရာ​မ​ရှိ။ ကိုယ်​ကို​ကိုယ် မ​ချီး​မြှောက်​ကြ​နှင့်။ ဝါ​ကြွား​စော်​ကား​သော စ​ကား​ကို မ​ပြော​ကြ​နှင့်။ အ​ဓ​မ္မ​စ​ကား​ကို နှုတ်​ထဲ​က မ​ထွက်​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဗ္ဗ​ညု​တ​ဘု​ရား ဖြစ်​တော်​မူ၏။ အ​မှု​အ​ရာ​တို့​ကို ညှိ​ညွှတ်​တော်​မူ၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။

ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ လက်​နက်​စုံ​ကို ချွတ်​သော​သူ​သည် ဝါ​ကြွား​သ​ကဲ့​သို့ ဝတ်​ဆင်​သော​သူ​သည် မ​ဝါ​ကြွား​စေ​နှင့်​ဟု ပြန်​ပြော၏။

အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.