Pular para o conteúdo
Publicidade

Paciência

Por Bíblia Online

Esperar pelo tempo de Deus exige uma força que muitas vezes parece faltar no dia a dia. As cobranças do mundo aceleram o passo e testam limites, enquanto o silêncio divino desafia a confiança.

As Escrituras mostram que a espera não é tempo perdido, mas o lugar onde o caráter é moldado. Conhecer a paciência de Deus transforma a forma como você suporta as demoras da vida e convive com as limitações dos outros.

A paciência é fruto do Espírito e virtude essencial da vida cristã. Deus é paciente conosco, e nos chama a ser pacientes com os outros e nas provações.

A paciência de Deus

Deus é clemente e tardio em irar-se. Sua paciência revela seu desejo de que todos se arrependam e cheguem ao conhecimento da verdade.

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-

အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ ယုံ​ကြည်​လ​တ္တံ့​သော​သူ​တို့ လိုက်​စ​ရာ​ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ၊ အ​ကြီး​ဆုံး​သော​အ​ပြစ်​ရှိ​သော ငါ၌၊ ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ခ​န္တီ​တော်​ကို ပြ​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​ကို​သ​နား​တော်​မူ​ပြီ။-

9*8/သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

Esperar com paciência

Os que esperam no Senhor renovam as forças. A paciência produz caráter, e o caráter produz esperança que não decepciona.

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။

ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။-

မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။

Paciência nas provações

O amor é paciente. A paciência é marca de maturidade espiritual e nos permite perseverar mesmo quando as circunstâncias são adversas.

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။- မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-

ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-

သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊-

အ​ရာ​ရာ၌ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ မေ​တ္တာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် သည်း​ခံ​ခြင်း​ရှိ​ကြ၍၊-

ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။-

နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-

Perseverança até o fim

Quem perseverar até o fim será salvo. O domínio próprio é maior que a conquista de uma cidade.

အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။-

သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-

စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။

စိတ်​ရှည်​သော​သူ​သည် ပ​ညာ​ကြီး၏။ စိတ်​တို​သော​သူ​မူ​ကား၊ အ​ထူး​သ​ဖြင့် မိုက်​ပေ၏။

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်၏ သ​ရ​ဖူ​ကို အ​ဘယ်​သူ​မျှ​မ​ယူ​စေ​ခြင်း​ငှာ၊ ရ​ခဲ့​ပြီး​သော​အ​ရာ​ကို စွဲ​ကိုင်​လော့။-

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.