Pai da mentira
A Bíblia revela que o diabo é o pai da mentira. Ele engana, acusa e tenta destruir. Mas Cristo veio para desfazer as obras do maligno e nos dar vitória.
O caráter do diabo
Jesus disse que o diabo é mentiroso e homicida desde o princípio. Não há verdade nele — a mentira é sua natureza.
သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။
ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။
မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။
ထို့နောက် ငါသည် ကောင်းကင်မှ ကျယ်လောင်သောအသံကို ကြားရသည်ကား၊ "အဂုအခါ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် တန်ခိုးတော်သည် သက်ရောက်လာလေယာ။ မေသျှိယသည်လည်း မိမိ၏အခွင့်အာဏာကို ပြတော်မူယာ။ ဇာကြောင့်ဆိုသော် ယုံကြည်သောသူရို့အား နိ့ညမပြတ် ငါရို့၏ဘုရားသခင် ရှိ့တော်၌ ပြစ်တင်စွပ်စွဲလျက် နိန်သောသူကို ကောင်းကင်ဘုံမှ နှင်ချလိုက်ပြီဖြစ်သောကြောင့်တည်း။
သူရို့သည် ဤသို့ ပြုကြသည်မှာ အံ့ဖွယ် မဟုတ်။ စာတန်သည်ပင် အလင်း၏ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။
ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။
As obras do inimigo
O diabo rouba a Palavra semeada, cega o entendimento dos incrédulos e anda em derredor como leão rugidor buscando a quem devorar.
နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတလျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။
လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။ မြက်ရိုင်းမျိုးစိကို ကြဲသောရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းသောကာလသည်ကား ကပ်ကမ္ဘာကုန်ဆုံးချိန် ဖြစ်၍ ကောက်ရိတ်သမားများမှာ ကောင်းကင်တမန်များဖြစ်ကြ၏။
သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။
ထိုမတရားသောသူသည် စာတန်မာရ်နတ်၏တန်ခိုးနှင့် ရောက်လာ၍ မုသာနှင့်ဆိုင်သော နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာအမျိုးမျိုးကို ပြလိမ့်မည်။
လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။
Vitória em Cristo
Cristo apareceu para destruir as obras do diabo. Quem está em Deus é protegido, e o maligno não o toca.
မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။
ဘုရားသခင်၏ သားသမီးရို့သည် အပြစ် မကျူးလွန်တတ်သည်ကို ငါရို့ သိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ သားတော်သည် သူရို့ကို ကယ်တင်သောကြောင့် မာရ်နတ်သည် သူရို့ကို မထိခိုက်နိုင်။
ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကိုလည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကိုလည်းကောင်း ငါရို့ သိကြ၏။
သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။
ထို့ကြောင့် သင်ရို့ကိုယ်တိုင် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ ထိုသို့ပြုလျှင် သူသည် သင်ရို့ပါးမှ ထွက်ဗြီးလားလိမ့်မည်။
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။