Pular para o conteúdo
Publicidade

Pais e filhos

Por Bíblia Online

A convivência entre quem cria e quem é criado exige paciência diária e muita graça de Deus. No cotidiano da casa, o afeto se mistura com o desafio de orientar e ser orientado, moldando o caráter de cada um conforme os princípios divinos.

As Escrituras tratam dessa convivência sem esconder as dificuldades, mostrando o valor do respeito mútuo e da transmissão da fé dentro do lar. O cuidado com os mais velhos e a responsabilidade na criação revelam como o Criador desenhou a família para ser um lugar de refúgio e aprendizado constante.

A relação entre pais e filhos é uma das mais preciosas na Bíblia. Deus estabeleceu a família como escola de fé, amor e formação de caráter.

Honrar pai e mãe

Honrar os pais é o primeiro mandamento com promessa. Os filhos são chamados a obedecer, respeitar e cuidar de seus pais.

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။-

သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။

အ​ဘ​ဥ​စ္စာ​ကို​ဖြုန်း၍ အ​မိ​ကို နှင်​ထုတ်​သော​သား​သည် အ​ရှက်​ခွဲ​သော​သား၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​သော​သား​ဖြစ်၏။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-

Instruir os filhos

Os pais devem instruir os filhos no caminho certo. A educação começa cedo, com disciplina amorosa e ensino constante da Palavra.

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

ပ​ညာ​ဆိုင်ရာသတိစကား

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

ကြိမ်​လုံး​နှင့်​ရိုက်​ခြင်း၊ နှုတ်​နှင့် ဆုံး​မ​ခြင်း​အား​ဖြင့် ပ​ညာ​တိုး​ပွား​တတ်၏။ တတ်​တိုင်း​နေ​စေ​သော သူ​ငယ်​သည် အ​မိ​ကို အ​ရှက်​ခွဲ​တတ်၏။

ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။

သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-

Filhos como bênção

Os filhos são herança do Senhor. A coroa dos velhos são os filhos dos filhos, e a glória dos filhos são seus pais.

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။ အ​သက်​ပျို​စဉ်၊ ဖွား​မြင်​သော​သား​သ​မီး​တို့​သည် သူ​ရဲ​လက်၌​ရှိ​သော မြား​ကဲ့​သို့ ဖြစ်​ကြ၏။ မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။

ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

သင်​တို့​တွင် အ​ဘ​ဖြစ်​သော​သူ၌ သား​သည် မုန့်​ကို​တောင်း​လျှင် အ​ဘ​သည် ကျောက်​ကို​ပေး​မည်​လော့။ ငါး​ကို​တောင်း​လျှင် ငါး​အ​စား၌ မြွေ​ကို​ပေး​မည်​လော့။- ဥ​ကို​တောင်း​လျှင် ကင်း​မြီး​ကောက်​ကို ပေး​မည်​လော။- သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

အ​ဘ​သည် သား၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ သား​သည် အ​ဘ၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့်​သာ အ​သေ​ခံ​ရ​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.