Pular para o conteúdo
Publicidade

Pais

Por Bíblia Online

Deus nos conhece pelo nome e conhece cada necessidade antes mesmo de chegarmos em oração. Ele cuida do sustento diário, oferece refúgio nos dias difíceis e demonstra uma paciência infinita com as nossas fraquezas e quedas.

A Bíblia revela a profundidade desse afeto que acolhe, corrige e guia. Encontre nas palavras abaixo a certeza de um amor que nunca falha e que sustenta você em todos os momentos da vida.

Deus é nosso Pai celestial — amoroso, provedor, disciplinador e fiel. As Escrituras também honram os pais terrenos e os chamam a criar os filhos na instrução do Senhor.

O Pai celestial

Deus é Pai de misericórdias. Ele nos adotou como filhos, nos ama incondicionalmente e cuida de cada detalhe da nossa vida.

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။-

ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-

အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။

အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အိုး​မြေ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ အိုး​ထိန်း​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။

အာ​ဗြ​ဟံ​သည် အ​ကျွန်ုပ်​တို့​ကို မ​သိ၊ ဣ​သ​ရေ​လ​သည် လက်​မ​ခံ​သော်​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ ရှေး​ကာ​လ​မှ​စ၍ အ​ကျွန်ုပ်​တို့​ကို ရွေး​နုတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

O cuidado paterno de Deus

O Pai celestial sabe do que precisamos antes de pedirmos. Ele dá boas dádivas aos filhos que pedem e cuida até dos passarinhos.

မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။-

စာ​ငှက်​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ သင်​တို့​အ​ဘ အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​ငှက်​တစ်​ကောင်​မျှ မြေ​သို့​မ​ကျ​ရ။- သင်​တို့​ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။- ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍ မြတ်​ကြ၏။-

သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ခံ​ရ​ကြ၏။- သင်​သည်​အ​စာ​ရှောင်​သော​အ​ခါ အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ မ​ထင်​ရှား​စေ​ဘဲ၊ မ​ထင်​ရှား​သော အ​ရပ်၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ရှေ့​တော်၌​သာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ခေါင်း​ကို​လိမ်း​ကျံ​လော့။ မျက်​နှာ​ကို​လည်း သစ်​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်​တို့​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ​ပေး​တော်​မူ​လ​တ္တံ့။-

သင်​တို့​တွင် အ​ဘ​ဖြစ်​သော​သူ၌ သား​သည် မုန့်​ကို​တောင်း​လျှင် အ​ဘ​သည် ကျောက်​ကို​ပေး​မည်​လော့။ ငါး​ကို​တောင်း​လျှင် ငါး​အ​စား၌ မြွေ​ကို​ပေး​မည်​လော့။- ဥ​ကို​တောင်း​လျှင် ကင်း​မြီး​ကောက်​ကို ပေး​မည်​လော။- သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

ကောင်း​ကင်​ဘဏ္ဍာ

သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

Conhecer o Pai

Jesus é o caminho para o Pai. Ninguém conhece o Pai senão o Filho e aquele a quem o Filho quiser revelar.

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-

သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-

ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။- ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။ ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-

ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

ထို​ကြောင့် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် စုံ​လင်​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​လော့။-

သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။- မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​သူ​ကို​မျှ အ​ဘ​ဟူ၍ မ​ခေါ်​ဝေါ်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ၌ သင်​တို့​အ​ဘ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။-

ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-

ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။

ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

Disciplina e amor paterno

O Pai disciplina os filhos que ama. A correção divina produz fruto de justiça e paz para aqueles que foram exercitados por ela.

သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။- တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။- အ​ကြောင်း​မူ​ကား၊ ထို​အ​ဘ​တို့​သည် မိ​မိ​အ​လို​သို့​လိုက်၍ တစ်​ခ​ဏ​သာ ဆုံး​မ​ပေး​ကြ၏။ ကိုယ်​တော်​မူ​ကား၊ မိ​မိ​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို ငါ​တို့​သည် ဆက်​ဆံ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ကျိုး​ကို​ထောက်၍​သာ ဆုံး​မ​ပေး​တော်​မူ၏။-

ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သားကို ဒဏ်​ခတ်​တော်​မူ​တတ်၏။

ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သားကို ဒဏ်​ခတ်​တော်​မူ​တတ်၏။

Pais terrenos

A Bíblia honra os pais que criam os filhos nos caminhos de Deus. Honrar pai e mãe é mandamento com promessa de vida longa.

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။- အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

ပ​ညာ​ဆိုင်ရာသတိစကား

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။

မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။- အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။ အ​သက်​ပျို​စဉ်၊ ဖွား​မြင်​သော​သား​သ​မီး​တို့​သည် သူ​ရဲ​လက်၌​ရှိ​သော မြား​ကဲ့​သို့ ဖြစ်​ကြ၏။ မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

အ​ဘ​သည် သား၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ သား​သည် အ​ဘ၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့်​သာ အ​သေ​ခံ​ရ​မည်။

ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။-

အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-

အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-

လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.