Pais
Deus é nosso Pai celestial — amoroso, provedor, disciplinador e fiel. As Escrituras também honram os pais terrenos e os chamam a criar os filhos na instrução do Senhor.
O Pai celestial
Deus é Pai de misericórdias. Ele nos adotou como filhos, nos ama incondicionalmente e cuida de cada detalhe da nossa vida.
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည် မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် "အဗ္ဗ၊ အကျွန်၏အဖ" ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။ ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှု ခရစ်တော်ထံပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီ၊
O cuidado paterno de Deus
O Pai celestial sabe do que precisamos antes de pedirmos. Ele dá boas dádivas aos filhos que pedem e cuida até dos passarinhos.
ငှက်တိကို ကြည့်ကတ်ပါ။ သူရို့သည် မျိုးစိ့လည်းမကြဲ၊ စပါးလည်းမရိတ်၊ ပုတ်ထဲ၌လည်း မစုဆောင်းကတ်၊ သို့သော်လည်း ဤသို့သော ငှက်တိကို တောင်မှ သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖက ကျွေးမွီးထားလျှင် သင်ရို့သည် ငှက်တိထက် သာ၍ မြင့်မြတ်ကြသည် မဟုတ်လော။
စာငှက်နှစ်ကောင်ကို ဒင်္ဂါးတစ်ပြားနှင့် ဝယ်ရသည် မဟုတ်လား၊ သင်ရို့အဖ အလိုမဟိလျှင် ထိုစာငှက်တစ်ကောင်မျှ မြီကြီးထက်သို့ မကျစီရ။ ထို့အပြင် သင်ရို့ဂေါင်းက ဆံပင်တိကို တောင်မှ တစ်ပင်မကျန် ရွီထားတော်မူ၏။ ထို့ကြောင့် ဇာသူ့ကိုလေ့ မကြောက်ကတ်ကေ့၊ သင်ရို့သည် များစွာသော စာငှက်တိထက် သာ၍ တန်ဖိုးဟိကြ၏။
သို့ဖြစ်၍ သင်သည် ဆုတောင်းသည့်အခါ အခန်းထဲသို့ ဝင်၍ တန်းခါးကို ပိတ်ပြီးလျှင် လူတိမမြင်နိုင်သော သင်၏အဖကို တောင်းကြလော့။ ဆိတ်ကွယ်ရာအရပ်၌ သင်ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင့်အား ပီးတော်လိမ့်မည်။
သင်သည် အစာယှောင်ကြသောအခါ မျက်နှာကိုသစ်၍ ဂေါင်းကိုလည်း ဖြီးထားကတ်၊ သင်အစာယှောင်နိန်သည်ကို တခြားလူတိအား မသိစီဘဲ မမြင်နိုင်သော သင်ရို့၏အဖကို သာလျှင် သိမြင်စီပါ။ သို့ပြုလျှင် ဆိတ်ကွယ်ရာအရပ်၌ သင်ရို့ပြုသမျှကို သိမြင်တော်မူသော သင်၏အဖသည် သင်အား ကောင်းချီးများစွာကို ပီးတော်မူလိမ့်မည်။
သင်ရို့၌ အဖဖြစ်သူသည် မိမိသားက ငါးတောင်းသောအခါ မြွီကို ပီးမည်လော။ ကြက်ဥ တောင်းစွာကို ကင်းမီးကောက်ကို ပီးမည်လော။ သင်ရို့သည် အဆိုးဖြစ်လျက်ပင် သားသမီးရို့အား ကောင်းသောအရာများ ပီးရမည်ကို သိကြလျှင်၊ ထိုမျှမက ကောင်းကင်ဘုံသျှင် အဖသည် တောင်းသောသူရို့အား သန့်ယှင်းသောဝိညာဉ်တော်ကို သာ၍ ပီးတော်မူမည် မဟုတ်လော" ဟု မိန့်တော်မူ၏။
ကောင်းကင်ဘဏ္ဍာ
သိုးစုချေ၊ မကြောက်ကတ်ကေ့။ အကြောင်းမူကား သင်ရို့အဖသည် သင်ရို့အား နိုင်ငံတော်ကိုပီးဖို့ အလိုဟိ၏။
ကောင်းမြတ်၍ ပြီးပြည့်စုံသော လက်ဆောင်ဟူသည်ကား ကောင်းကင်ဘုံနှင့်ဆိုင်သော အလင်းကို ဖန်ဆင်းတော်မူသော ဘုရားသခင် ထံတော်ပါးမှ ဆင်းသက်လာခြင်းဖြစ်၏။ ထိုအဖ သည်ကား ရွိ့လျားတတ်သော အရိပ်ကဲ့သို့ ပြောင်းလဲနိန်သည်မဟုတ်။
မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။
Conhecer o Pai
Jesus é o caminho para o Pai. Ninguém conhece o Pai senão o Filho e aquele a quem o Filho quiser revelar.
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ငါ့အဖအိမ်တော်၌ အခန်းများစွာဟိ၏။ သင်ရို့အတွက် နီရာကို ပျင်ဆင်ရန် ငါလားရဦးမည်။ ထိုသို့ မဟုတ်လျှင် မဟုတ်ကြောင်းကို သင်ရို့အား ငါမပြောဘဲမနိန်။
ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားစီခြင်းငှာ ငါ့နာမကိုအမှီပြု၍ သင်ရို့ တောင်းလျှောက်သည်အတိုင်း ငါပြုမည်။
"ငါ့ပညတ်တိကို ခံယူ၍ စောင့်ထိန်းသူရို့သည် ငါ့ကို ချစ်သောသူတိဖြစ်၏။ ငါ့ကို ချစ်သောသူကို ခမည်းတော်ကလည်း ချစ်တော်မူ၏။ ငါကလည်း သူရို့ကို ချစ်၍ သူရို့အား ငါကိုယ်တိုင် ထင်ရှားစီမည်" ဟု မိန့်တော်မူ၏။
ယေသျှုကလည်း၊ "ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။
ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။
ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။ ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။ ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏" ဟု မိန့်တော်မူ၏။
"အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
"ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။
သင်ရို့၏ ကောင်းကင်ဘုံသျှင်အဖသည် ပြည့်စုံသည့်နည်းတူ — သင်ရို့သည်လည်း ပြည့်စုံခြင်း ဟိကြလော့။
သို့ရာတွင် သင်ရို့သည် ‘ဆရာ’ ဟူ၍ ခေါ်ဝေါ်ခြင်းကို မခံကတ်ကေ့၊ အကြောင်းမူကား သင်ရို့အားလုံးသည် ညီအစ်ကိုတိ ဖြစ်ကြ၏၊ သင်ရို့တွင် ဆရာ ဟူ၍ တစ်ဆူတည်းသာ ဟိ၏။ မြီကြီးပေါ်၌ ဇာသူ့ကိုလေ့ ‘အဖ’ ဟု မခေါ်ကတ်ကေ့၊ သင်ရို့တွင် ကောင်းကင်ဘုံ၌ အဖ တစ်ပါးတည်းသာ ဟိ၏။
ငါ၏အဖသည် ငါ့ကို ကူညီခြင်းငှာ တပ်ကြီး ဆယ့်နှစ်တပ်ထက် များပြားသော ကောင်းကင်တမန်တပ်ကြီးကို ချက်ချင်း ရွှတ်လိုက်မည်အကြောင်း ငါ မတောင်းနိုင်ဟု သင်ရို့ ထင်ကတ်လား။
သင်ရို့၏ အဖဘုရားသည် သနားကြင်နာတော်မူသည့်အတိုင်း သင်ရို့လည်း သနားကြင်နာခြင်း ဟိကြလော့။
ငါရို့၏အဖဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော် ထွန်းတောက်မူပါစီ သတည်း။ အာမင်။
Disciplina e amor paterno
O Pai disciplina os filhos que ama. A correção divina produz fruto de justiça e paz para aqueles que foram exercitados por ela.
ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။ သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်း မဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။ ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည် မဟုတ်ပါလော။ အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။
Pais terrenos
A Bíblia honra os pais que criam os filhos nos caminhos de Deus. Honrar pai e mãe é mandamento com promessa de vida longa.
သားသမီးနှင့် မိဘများ
သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘရို့၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။ သမ္မာကျမ်းစာ၌ "သင်၏ မိဘကို ရိုသီစွာပြုလော့" ဟူသော ပညတ်သည် ကတိတော်နှင့်ဆိုင်သော ပထမဆုံးသော ပညတ်ဖြစ်၏။ ထိုသို့ပြုလျှင် "သင်သည် ကောင်းစားလျက် မြီကြီးထက်တွင် အသက်ရှည်လိမ့်မည်" ဟု ဖော်ပြ၏။
မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
သားသမီးရို့၊ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင် နှစ်သက်သောအမှု ဖြစ်၏။
မိဘရို့၊ သင်ရို့သားသမီးတိကို စိတ်ဆိုးအောင် မပြုမူကတ်ကေ့။ ထိုသို့ပြုလျှင် သူရို့သည် အားလျော့စိတ်ပျက်ကြလိမ့်မည်။
ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိသောသူများဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
သားသမီးရို့၊ သင်ရို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိကြသောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် ခွန်အားဟိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်ရို့၌ တည်သဖြင့် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
သင်ရို့သည် လောကကိုလည်းကောင်း၊ လောကီအရာများကိုလည်းကောင်း မချစ်ကတ်ကေ့။ လောကကို ချစ်သောသူသည် ခမည်းတော်ကို မချစ်။