A paixão de Cristo
A paixão de Cristo é o ato de amor supremo da história. Jesus sofreu voluntariamente a cruz, carregando os pecados da humanidade para nos dar vida eterna.
O caminho da cruz
Jesus sabia o que o aguardava. Mesmo em agonia, submeteu-se à vontade do Pai e caminhou resolutamente para o Calvário.
ယေသျှုက ဒုက္ခဝေဒနာနှင့် သီခြင်းကို ခံယူရမည့်အကြောင်း ပြောကြားခြင်း
ထိုအချိန်မှစ၍ ယေသျှုက "ငါသည် ယေရုဆလင်ကို လားရမည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်တိ၊ ကျမ်းတတ်ဆရာတိ လက်ထဲ၌ ဒုက္ခဝေဒနာကို ပြင်းစွာခံစားရမည်။ အသီသတ်ခြင်းကိုလည်း ခံရလိမ့်မည်။ သို့သော်လည်း ငါသည် သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ထမြောက်လာလိမ့်မည်" ဟု တပည့်တော်တိအား ပွင့်လင်းထင်ရှားစွာ မိန့်ကြားတော်မူ၏။
ထိုအခါ ကိုယ်တော်က "ငါ၏စိတ်နှလုံးထဲ၌ သီဖို့လောက် ဝမ်းနည်းလျက် ဟိ၏၊ ဤနီရာက နီ၍ ငါ့ကို စောင့်နိန်ကတ်" ဟု သူရို့ကို မိန့်တော်မူ၍၊
မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်ထက်တွင်
အသီခံသည့်တိုင်အောင် နာခံ၍ လိုက်လျှောက်တော်မူ၏။
အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။ ထို့အပြင် ဤနည်းအားဖြင့် သီခြင်းတရားကို ကြောက်၍ ဘဝတလျှောက်လုံး ကျွန်ခံနိန်ကြရသော သူတိကို လွတ်မြောက်စီတော်မူ၏။
O sacrifício voluntário
Ninguém tirou a vida de Jesus — Ele a deu voluntariamente. Ele veio para servir e dar a sua vida em resgate por muitos.
"ငါသည် ကိုယ့်အသက်ကို အလိုလျောက် စွန့်တော်မူသည့်အတိုင်း နောက်တဖန် အသက်ကို ပြန်ယူဦးမည် ဖြစ်သောကြောင့်၊ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏" ဟု မိန့်တော်မူ၏။
အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည် မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏" ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့်တကွ ယုဒတရားလွှတ်တော် အဖွဲ့ဝင်အပေါင်းရို့သည် ယေသျှုအား သီဒဏ်ပီးနိုင်ခြင်းငှာ သက်သီအထောက်အထားများကို ရှာကြသော်လည်း မတွိ့နိုင်ကြ။
သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။ ကိုယ်တော်သည် အပြစ်ကို မပြု၊ ကိုယ်တော်၏ နှုတ်တော်၌ မုသားကို မတွိ့ရ။ ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။ ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။