Pular para o conteúdo
Publicidade

Palavras de conforto

Por Bíblia Online

Quando a dor aperta o peito e o cansaço pesa nos ombros, encontrar palavras certas parece impossível. O choro vem, as forças faltam e o silêncio ao redor apenas aumenta o peso do dia a dia. É justamente nesses momentos que o coração busca um porto seguro para descansar e recuperar o fôlego.

Deus conhece cada lágrima derramada no secreto e não permanece indiferente ao sofrimento humano. Ele se achega perto de quem está com o espírito abatido, oferece refúgio nas tempestades e promete renovar as energias de quem já não aguenta caminhar. Descubra o que as Escrituras dizem sobre esse cuidado profundo.

Deus é o Deus de todo conforto. Ele consola os que choram, restaura os quebrantados e promete que a dor presente dará lugar à alegria eterna.

O Deus de toda consolação

Bendito seja o Deus e Pai de nosso Senhor Jesus Cristo, Pai das misericórdias e Deus de toda consolação, que nos consola em todas as tribulações.

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။- သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။- သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-

အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

Promessas de restauração

Deus sarará o quebrantado de coração e atará as suas feridas. Quem semeia em lágrimas, colherá com júbilo.

စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

ဘု​ရား​သ​ခင်​သည်​ငါ​တို့၏​ခို​လှုံ​ရာ

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။

အ​ကျွန်ုပ်​သည် အ​ရပ်​ရပ်​လည်​ရ​သော အ​ခြင်း​အ​ရာ​တို့​ကို ကိုယ်​တော်​မှတ်၍ အ​ကျွန်ုပ်​မျက်​ရည်​တို့​ကို ဘူး​တော်​ထဲ​မှာ ထည့်​တော်​မူ​ပါ။ စာ​ရင်း​တော်၌​ရှိ​ပါ​သည် မ​ဟုတ်​လော။

ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။

Paz e descanso

Jesus disse: 'Vinde a mim, todos os cansados e sobrecarregados, e eu vos aliviarei.' A paz de Deus que excede todo entendimento guarda o coração.

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။- ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။-

အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-

ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။

Esperança eterna

Deus enxugará toda lágrima. A dor presente é momentânea, mas a glória futura é eterna. O Senhor transforma luto em dança.

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-

ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​က​လည်း၊ ငါ​သည် ခပ်​သိမ်း​သော အ​ရာ​တို့​ကို အ​သစ် ဖန်​ဆင်း​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရေး​ထား​လော့။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

ကယ်​နုတ်​မည့်​အ​ကြောင်း​သ​တင်း​ကောင်း

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အ​မိ​သည် သား​ငယ်​ကို နှစ်​သိမ့်​စေ​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ​နှစ်​သိမ့်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

Nunca sozinhos

Deus nunca nos abandona. Ele está ao nosso lado em cada vale, segura nossa mão e promete que o choro não durará para sempre.

သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။

ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။

အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ၊ တဲ​တော်​တွင် ငါ့​ကို ကွယ်​ကာ​တော်​မူ​မည်။ ဗိ​မာန်​တော်​အ​တွင်း​အ​ရပ်၌၊ ငါ့​ကို​ဝှက်​ထား​တော်​မူ​မည်။ ကျောက်​ပေါ်​မှာ​လည်း ငါ့​ကို​တင်​ထား​တော်​မူ​မည်။

ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။

ထို​သို့ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ ငြို​ငြင်​သော​သူ​တို့​ကို​လည်း ဝမ်း​သာ​စေ​တော်​မူ၏။

ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။- ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။-

ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။- ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။- ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.