Pular para o conteúdo
Publicidade

As 10 parábolas mais importantes de Jesus

Por Bíblia Online  - 

Jesus ensinou lições profundas por meio de parábolas, histórias curtas e simbólicas que comunicam verdades espirituais. Cada parábola tem um significado especial e atemporal, revelando o caráter de Deus e ensinando como viver como cristãos. Aqui estão 10 das parábolas mais marcantes e suas lições:

1. Parábola do Semeador (Mateus 13:3-9)

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။- အ​စေ့​ကို​ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ၍​ကောက်​စား​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော အ​ရပ်၌​ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊- နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-

A parábola do semeador fala sobre a receptividade das pessoas à Palavra de Deus. Cada tipo de solo representa diferentes maneiras de receber e aplicar o Evangelho em nossas vidas. Somente um coração fértil e comprometido pode dar frutos espirituais abundantes.

2. O Bom Samaritano (Lucas 10:25-37)

ကောင်း​သော​ရှ​မာ​ရိ​ဥ​ပ​မာ

တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-ကိုယ်​တော်​က၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​သို့​လာ​သ​နည်း။ သင်​သည်​အ​ဘယ်​သို့ ဖတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- ထို​သူ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ၊ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟု ပြန်​လျှောက်​လေ၏။-ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-ထို​သူ​က​လည်၊ အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​ပါ​သ​နည်း​ဟု မိ​မိ​အ​ပြစ်​မ​ရှိ​ဟန် ပြု​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​လျှောက်​ပြန်​သော်။- ယေ​ရှု​က၊ လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ ယေ​ရိ​ခေါ​မြို့​သို့​သွား​ရာ​တွင် ဓား​ပြ​နှင့် တွေ့​ကြုံ​လေ၏။ ဓား​ပြ​တို့​သည် ထို​သူ၏​အ​ဝတ်​ကို​ချွတ်၍ နာ​ကျင်​စွာ ရိုက်​နှက်​ပြီး​မှ သေ​လု​မ​တတ်​ရှိ​သော​အ​ခါ ပစ်​ထား၍ သွား​ကြ၏။- ထို​လမ်း​သို့ ယဇ်​ပု​ရော​ဟိတ်​တစ်​ယောက်​သည် အ​မှတ်​တ​မဲ့​သွား၍ ထို​လူ​နာ​ကို​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။- ထို​နည်း​တူ လေ​ဝိ​လူ​တစ်​ယောက်​သည် ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ လာ၍​ကြည့်​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။- ရှ​မာ​ရိ လူ​တစ်​ယောက်​သည် ခ​ရီး​သွား​ရာ​တွင် ထို​လူ​နာ​ရှိ​ရာ​သို့​ရောက်၍ မြင်​သော​အ​ခါ၊ က​ရု​ဏာ​စိတ်​ရှိ​သည်​နှင့်၊-ချဉ်း​ကပ်၍ သူ၏​အ​နာ​များ​ကို ဆီ​နှင့် စ​ပျစ်​ရည်​ထည့်​လျက် အ​ဝတ်​နှင့်​စည်း​ပြီး​လျှင်၊ မိ​မိ​တိ​ရ​စ္ဆာန်​ပေါ်​မှာ တင်၍ ဇ​ရပ်​တစ်​ခု​သို့ ဆောင်​သွား​ပြု​စု​လေ၏။- နက်​ဖြန်​နေ့၌ ထွက်​သွား​သော​အ​ခါ၊ ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်၍ ဇ​ရပ်​ရှင်​အား​ပေး​လျက်၊ ဤ​သူ​ကို ကြည့်​ရှု​ပြု​စု​ပါ။ ကုန်​သ​မျှ​ကို ငါ​ပြန်​လာ​သော​အ​ခါ ဆပ်​ပေး​မည်​ဟု​ဆို၏။ သင်​သည် အ​ဘယ်​သို့​ထင်​သ​နည်း။- ထို​သူ​သုံး​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် ဓား​ပြ​လက်​သို့​ရောက်​သော​သူ​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​သ​နည်း​ဟု ပြန်၍​မေး​တော်​မူ​လျှင်၊- ကျမ်း​တတ်​က​လည်း၊ လူ​နာ​ကို​သ​နား​သော​သူ​သည် စပ်​ဆိုင်​သော​သူ​ဖြစ်​ပါ၏​ဟု လျှောက်​သော် ယေ​ရှု​က၊ သင်​သည်​သွား၍ ထို​နည်း​တူ​ပြု​လော့​ဟု မိန့်​တော်​မူ၏။

Essa parábola nos ensina sobre o amor ao próximo, independentemente de raça ou religião. O samaritano ajudou um desconhecido, mostrando que a verdadeira fé se revela no amor ao próximo.

3. A Ovelha Perdida (Lucas 15:4-7)

သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။- တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊- မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ အ​ဆွေ​ခင်​ပွန်း အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​သိုး​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည် မ​ဟုတ်​လော။- ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။

Deus é como o pastor que busca incessantemente uma ovelha perdida. Essa parábola revela o amor incansável de Deus pelos pecadores, celebrando a alegria no céu quando alguém se arrepende.

4. O Filho Pródigo (Lucas 15:11-32)

ပျောက်​သော​သား

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။- သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။- ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊- ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။- ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊- သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။- ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။- ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။- ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊- ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။- သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊- အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။- ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။- ငါ့​သား​သည် အ​ထက်​က​သေ၏။ ယ​ခု ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​ပြန်​တွေ့၏​ဟု အ​စေ​အ​ပါ​တို့​ကို ဆို​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​သည် ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။

သား​အ​ကြီး​သည် တောင်​ယာ​က​လာ၍ အိမ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ က​ခြင်း၊ တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​လျှင်၊- ငယ်​သား​တစ်​ယောက်​ကို​ခေါ်၍ အ​ဘယ်​သို့​သော အ​ခြင်း​အ​ရာ​နည်း​ဟု မေး၏။- ငယ်​သား​က၊ သ​ခင်၏​ညီ​သည် ရောက်​လာ​ပါ​ပြီ။ ဘေး​နှင့်​ကင်း​လွတ်​လျက်​ရှိ​သည်​ကို အ​ဘ​တွေ့​သော​ကြောင့်၊ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို​သတ်​ပါ​ပြီ​ဟု ပြော​ဆို၏။ သား​အ​ကြီး​သည် အ​မျက်​ထွက်၍ အိမ်​သို့ မ​ဝင်​ဘဲ​နေ၏။- အ​ဘ​သည် သူ့​ဆီ​သို့​သွား၍ ချော့​မော့​ရ၏။- သား​အ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ကာ​လ​တာ​ရှည်​စွာ အ​ဘ၏​အ​စေ​ကို ခံ​ပါ​ပြီ။ အ​ဘ၏​အ​လို​ကို တစ်​ခါ​မျှ မ​လွန်​ကျူး​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​သည် အ​ဆွေ​တို့​နှင့်​အ​တူ​ပျော်​မွေ့​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ၊ အ​ဘ​သည် ဆိတ်​က​လေး​တစ်​ကောင်​ကို တစ်​ခါ​မျှ မ​ပေး။- ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။- အ​ဘ​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​ထံ​မှာ အ​စဉ်​နေ၏။ ငါ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင်၏​ဥ​စ္စာ​ဖြစ်၏။- သင်၏​ညီ​မူ​ကား အ​ထက်​က​သေ၏။ ယ​ခု​ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​တွေ့​ပြန်၏။ ထို​ကြောင့် ပျော်​မွေ့​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း ရှိ၏၊ အ​ဘ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

A parábola do filho pródigo fala sobre o perdão e o amor incondicional de Deus por Seus filhos, mesmo quando se desviam.

5. A Pérola de Grande Valor (Mateus 13:45-46)

မြတ်​သော​ပု​လဲ​ဥ​ပ​မာ

တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မြတ်​သော​ပု​လဲ​တို့​ကို ရှာ​သော ကုန်​သည်​နှင့် တူ၏။- ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။-

Jesus ensina que o Reino de Deus é o bem mais precioso e devemos estar dispostos a renunciar tudo para possuí-lo.

6. O Fariseu e o Publicano (Lucas 18:9-14)

ဖာ​ရိ​ရှဲ​နှင့်အ​ခွန်​ခံ

ကိုယ်​ကု​သိုလ်​ကို အ​မှီ​ပြု၍ သူ​တစ်​ပါး​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ အ​ချို့​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊- လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။- ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။- အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။- ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-

Essa parábola nos lembra que Deus valoriza um coração humilde e arrependido, em contraste com a arrogância espiritual. O publicano, ao reconhecer seus pecados, foi justificado diante de Deus.

7. Os Talentos (Mateus 25:14-30)

ငယ်​သား​သုံး​ယောက်​ဥ​ပ​မာ

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊-တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။- အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။- ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။- အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​မူ​ကား၊ သွား၍ မြေ၌​တွင်း​တူး​ပြီး​လျှင် အ​ရှင်၏​ငွေ​ကို ဝှက်​ထား​လေ၏။

ကာ​လ​ကြာ​မြင့်​ပြီး​မှ ထို​ငယ်​သား​တို့၏ အ​ရှင်​သည် လာ၍ သူ​တို့​ကို စာ​ရင်း​ယူ​လေ၏။- အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။- အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။- အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​နှစ်​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​နှစ်​ဆယ်​ကို အ​ကျွန်ုပ်​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- အ​ရှင်​က၊ သာ​ဓု သ​စ္စာ​ရှိ​သော​ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို​ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။

အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊- ကြောက်​သော​ကြောင့်၊ အ​ခြား​သို့​သွား၍ ကိုယ်​တော်၏ ငွေ​အ​ခွက်​တစ်​ဆယ်​ကို မြေ၌​ဝှက်​ထား​ပါ​ပြီ။ ယ​ခု ကိုယ်​တော်၏ ဥ​စ္စာ​ရှိ​ပါ​သည်​ဟု လျှောက်၏။- အ​ရှင်​က​လည်း၊ ဆိုး​ညစ်​ပျင်း​ရိ​သော​ငယ်​သား၊ ငါ​သည် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊- ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့​အပ်​ရ​မည်။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို ရ​နိုင်၏။- ထို​ကြောင့် အ​ခွက်​တစ်​ဆယ်​ကို ထို​သူ၏ လက်​မှ​နုတ်​ကြ။ အ​ခွက်​တစ်​ရာ​ရှိ​သော​သူ​ကို ပေး​ကြ။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-အ​သုံး​မ​ရ​သော ထို​ငယ်​သား​ကို ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ထုတ်​ချ​လိုက်​ကြ​ဟု စီ​ရင်​တော်​မူ၏။

Nesta história, Jesus ensina sobre a responsabilidade de usar bem os dons e recursos que Deus nos confiou. A fidelidade nas pequenas coisas abre portas para bênçãos maiores.

8. O Rico e Lázaro (Lucas 16:19-31)

သူ​ဌေး​နှ​င့်​လာ​ဇ​ရု

တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။- လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​ဆင်း​ရဲ​တစ်​ယောက်​သည် တစ်​ကိုယ်​လုံး၌ အ​နာ​စိမ်း​ပေါက်၍၊- သူ​ဌေး၏​စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​ပါ​ရ​စေ​ဟု တောင့်​တ​သော​စိတ်​နှင့် သူ​ဌေး​အိမ် တံ​ခါး​နား​မှာ တုံး​လုံး​နေ၏။ ခွေး​တို့​သည်​လာ၍ အ​နာ​စိမ်း​များ​ကို လျက်​ကြ၏။- တစ်​နေ့​သ၌ ထို​ဆင်း​ရဲ​သား​သည် သေ​လွန်၍၊ ကောင်း​ကင်​တ​မန်​တို့​သည် အာ​ဗြ​ဟံ၏​ရင်​ခွင်​သို့ ပို့​ဆောင်​ကြ၏။ သူ​ဌေး​သည်​လည်း သေ​လွန်၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။- မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊- အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။- ထို​မှ​တစ်​ပါး၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌ အ​လွန်​နက်​လှ​သော ချောက်​ကြီး တည်​လျက်​ရှိ၏။ ထို​ကြောင့် ဤ​အ​ရပ်​မှ​သင်​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ မ​ကူး​နိုင်။ ထို​အ​ရပ်​မှ ငါ​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ​လည်း မ​ကူး​နိုင်​ဟု ဆို၏။- သူ​ဌေး​က​လည်၊ အို အ​ဘ၊ ထို​သို့​မှန်​လျှင်၊- အ​ကျွန်ုပ်၌ ညီ​ငါး​ယောက်​ရှိ​ပါ​သည် ဖြစ်၍၊ သူ​တို့​သည် ဤ​ပြင်း​ပြ​စွာ ခံ​ရာ​အ​ရပ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သူ​တို့​အား သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဘ၏​အိမ်​သို့ စေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ပြော​ဆို​လျှင်၊- အာ​ဗြ​ဟံ​က၊ သင်၏​ညီ​တို့၌ မော​ရှေ​မှ​စ၍ ပ​ရော​ဖက်​များ ရှိ​ကြ၏။ ပ​ရော​ဖက်​တို့၏ စ​ကား​ကို နား​ထောင်​ကြ​စေ​ဟု ဆို၏။- သူ​ဌေး​က​လည်း၊ မ​ဟုတ်​ပါ အ​ဘ​အာ​ဗြ​ဟံ။ သေ​သော​လူ​စု​ထဲ​က တစ်​ယောက်​သော​သူ​သည် ထ​မြောက်၍ သူ​တို့​ရှိ​ရာ​သို့ သွား​လျှင်၊ သူ​တို့​သည် နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်​ဟု ဆို​သော်၊- အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

A parábola alerta sobre as consequências de negligenciar os necessitados e viver para si mesmo. Também destaca a realidade do julgamento e da vida após a morte.

9. O Joio e o Trigo (Mateus 13:24-30)

တော​မျိုး​စေ့​ဥ​ပ​မာ

အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။- လူ​တို့​သည် အိပ်​ပျော်​သော​အ​ခါ သူ၏​ရန်​သူ​သည်​လာ၍ ကောင်း​သော​စ​ပါး​နှင့် လ​က္ခ​ဏာ​တူ​သော တော​မျိုး​စေ့​ကို စ​ပါး​အ​ထဲ၌ ကြဲ၍​သွား​လေ၏။- အ​ပင်​ပေါက်၍ အ​သီး​အ​နှံ​ထွက်​သော​အ​ခါ၊ တော​ပင်​များ​လည်း ထင်​ရှား​လျှင်၊- ကျွန်​တို့​သည် အိမ်​ရှင်​ထံ​သို့​သွား၍ သ​ခင်၊ ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​တော်​မူ​သည် မ​ဟုတ်​လော။ တော​ပင်​တို့​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ဤ​အ​မှု​ကား ရန်​သူ​ပြု​သော​အ​မှု​တည်း​ဟု ဆို၏။ အ​ကျွန်ုပ်​တို့​သည် သွား၍ တော​ပင်​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သ​လော​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ထို​သို့ ငါ​အ​လို​မ​ရှိ။ တော​ပင်​တို့​ကို ရွေး​နုတ်​လျှင် စ​ပါး​ပင်​တို့​ကို​ရော​နှော၍ နုတ်​မိ​မည် စိုး​ရိမ်​စ​ရာ​အ​ကြောင်း​ရှိ၏။- စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။

Essa história simboliza o bem e o mal coexistindo no mundo até o julgamento final, quando Deus fará a separação entre os justos e os ímpios.

10. As Dez Virgens (Mateus 25:1-13)

သ​တို့​သ​မီး​တစ်​ကျိပ်​ဥ​ပ​မာ

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-ထို​သ​တို့​သ​မီး​တို့​တွင် ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​ကြ၏။ ငါး​ယောက်​မူ​ကား အ​မိုက်​ဖြစ်​ကြ၏။- မိုက်​သော​သူ​တို့​သည် မီး​ခွက်​တို့​ကို​သာ​ယူ၍ ဆီ​ကို မ​ယူ​ကြ။- ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။- မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။-

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊- ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ထ၍​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ၏။- မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။- ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။- ထို​သူ​တို့​သည် ဆီ​ဝယ်​သွား​သည်​အ​ခိုက်​တွင် မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ၍၊ အ​သင့်​ရှိ​သော သ​တို့​သ​မီး​တို့​သည် လု​လင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​ထား၏။- ထို​နောက် ကြွင်း​သော​သ​တို့​သ​မီး​တို့​သည် လာ၍ အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ကို​ဖွင့်​ပါ​ဟု တောင်း​လျှောက်​ကြ​သော်၊-အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။- သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။

Jesus enfatiza a necessidade de estarmos sempre preparados espiritualmente para Sua segunda vinda, pois ninguém sabe o momento exato.

As parábolas de Jesus continuam sendo fontes ricas de sabedoria e direção para a vida cristã. Ao aplicarmos esses ensinamentos, nos aproximamos mais de Deus e de Sua vontade.

Se este artigo te ajudou, faça sua parte e compartilhe a Palavra de Deus com aqueles que você ama.

Lamberto Carvalho Nunes
2 deram Amém

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.