Pular para o conteúdo
Publicidade

Paz

Por Bíblia Online

Quando a rotina pesa e a ansiedade tenta tomar o controle, o coração humano clama por calmaria. A verdadeira tranquilidade não depende de circunstâncias favoráveis, mas da certeza de que Deus governa cada detalhe da sua história.

As Escrituras mostram que a serenidade que acalma as tempestades da vida nasce da reconciliação com o Criador e da confiança diária na presença dele. Encontre descanso para a sua alma nas palavras que revelam o cuidado de Deus para com você.

A paz é um dos frutos do Espírito e uma promessa central de Jesus: 'Deixo-vos a paz, a minha paz vos dou.' A Bíblia nos chama a buscar, cultivar e viver na paz de Deus.

A paz de Cristo

Jesus é o Príncipe da Paz. Antes de partir, prometeu aos discípulos uma paz que o mundo não pode dar nem tirar — paz sobrenatural em meio às tribulações.

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

တ​ပ​ည့်​တော်​ထံ​ကိုယ်​ထင်​ပြ​ခြင်း

ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-

Paz com Deus

Justificados pela fé, temos paz com Deus por meio de Cristo. Ele é a nossa paz, que derrubou a barreira e nos reconciliou.

ဖြောင့်​မတ်​ခြင်း​ကျေး​ဇူး​တော်

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။- ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျ က်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊-

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။

ထို​သ​ခင်​သည် ငါ​တို့၏​သ​ခင်​သာ​မ​ဟုတ်၊ သင်​တို့၏​သ​ခင်​လည်း ဖြစ်​တော်​မူ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။

သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-

A paz que excede o entendimento

A paz de Deus, que excede todo entendimento, guarda nosso coração e mente. Ela vem da confiança no Senhor e da entrega total a Ele.

အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။- ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။

သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။

သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။

Promotores da paz

Bem-aventurados os pacificadores, porque serão chamados filhos de Deus. A Escritura nos chama a buscar e promover a paz em todos os relacionamentos.

သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။-

ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

အ​သက်​ကို မွေ့​လျော်​စေ၍၊ ကောင်း​မွန်​သော နေ့​ရက်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​သည်၊ မိ​မိ​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။- ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။-

ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။-

ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​လော့။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​လော့။

ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​လော့။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​လော့။

O fruto da paz

A sabedoria que vem do alto é pacífica. O fruto da justiça se semeia em paz por aqueles que cultivam a paz com mansidão.

အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။

အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-

ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။

ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။

Paz interior e descanso

Aquietai-vos e sabei que Eu sou Deus. A paz do Senhor acalma tempestades, silencia medos e sustenta a alma em todo tempo.

ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။

ငြိမ်​ဝပ်​စွာ​အိပ်၍ ပျော်​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​သည် လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် အ​ခွင့်​ပေး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​အား ငြိမ်​သက်​ခြင်း ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​မည်။

စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။

စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။

ငါ​သည် ငြိမ်​သက်​ခြင်း​ဘက်​မှာ နေ၏။ ငါ​ပြော​လျှင်​မူ​ကား၊ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။

ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-

ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

ဆား​သည်​ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင်၊ ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ သင်​တို့၌ ဆား​ရှိ​စေ​ကြ​လော့။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

Anunciadores da paz

Como são formosos os pés dos que anunciam boas novas de paz! O evangelho é a mensagem de paz para todos os povos.

လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။

ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-

ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။

ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံဂေ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။-

O Deus da paz

Que o Deus da paz esteja com todos vocês. Ele nos santifica por completo e nos guarda irrepreensíveis para a vinda do Senhor.

ငြိမ်​သက်​ခြင်း၏ သ​ခင်​သည် ကိုယ်​တော်​တိုင် သင်​တို့၌ အ​စဉ်​မ​ပြတ်​ခပ်​သိမ်း​သော အ​မှု​အ​ရာ​အား​ဖြင့် ငြိမ်​သက်​ခြင်း​ကို ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

နိ​ဂုံး​ချုပ်​ဆု​တောင်း​ပ​တ္ထ​နာ

ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊-

ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ခတ်​သော​အ​မှု​ကို ပြု​စု​တော်​မ​မူ။ သန့်​ရှင်း​သူ​တို့၏ အ​သင်း​တော်​အ​ပေါင်း​တို့၌ ဖြစ်​သ​ကဲ့​သို့ အ​သင့်​အ​တင့် ငြိမ်​ဝပ်​ခြင်း​ကို ပြု​စု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

သို့​ရာ​တွင်၊ ငါ​သည် ဤ​မြို့၏​အ​နာ​ကို​ဆေး​အုံ၍ ပျောက်​စေ​မည်။ မြို့​သား​တို့​သည် ကျန်း​မာ​မည်​အ​ကြောင်း၊ မြဲ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း​ကို ငါ​ပြ​မည်။

သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့၌ ငြိမ်​သက်​ခြင်း​မ​ရှိ​ဟု ငါ၏​ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။

Paz, santidade e unidade

A paz exige esforço: guardar a unidade do Espírito, evitar contendas e buscar a santidade. Sem paz e santidade, ninguém verá o Senhor.

အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။-

အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။-

လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-

တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။-

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။

ရန်​တွေ့​ခြင်း​ကို ငြိမ်း​စေ​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ အ​မှု​နှင့် ရော​နှော​တတ်၏။

ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း ကျင့်​သော​သူ​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါ်၌​လည်း​ကောင်း၊ ငြိမ်​သက်​ခြင်း​နှင့် သ​နား​တော်​မူ​ခြင်း သက်​ရောက်​ပါ​စေ​သော။-

သင်​တို့၌ က​ရု​ဏာ​ရှိ​ပါ​စေ​သော။ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း များ​ပြား​ပါ​စေ​သော။

Paz e fé

O Deus da esperança nos encha de paz e alegria no crer. Quem mantém o pensamento firme no Senhor experimenta paz perfeita.

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။-

ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။-

သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။- ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။-ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် သူ​တို့​မျက်​စိ၌​မ​ထင်​ဟု ကျမ်း​စာ​လာ​သ​တည်း။-

ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။

မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။

မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။-

ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။-

ငြိမ်​သက်​ခြင်း​မ​ဟုတ်၊

မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။

ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။-

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-

သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။

ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။ သူ​တို့​ခ​ရီး​သွား​ရာ​တွင် တ​ရား​မ​ပါ။ မိ​မိ​တို့​သွား​စ​ရာ​ဖို့ ကောက်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​ပြီ။ လိုက်​သွား​သော​သူ မည်​သည်​ကား၊ ချမ်း​သာ​ကို မ​သိ​ရ။

သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

အ​သီး​အ​နှံ​များ​သော​ပြည်​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ဝင်​လိမ့်​မည်။ လု​ယူ​သော​ပ​စ္စည်း​ဥ​စ္စာ စည်း​စိမ်​များ​ကို စွန့်​ကြဲ၍၊ မိ​မိ​ဘိုး​ဘေး​မ​ပြု​ဖူး​သော အ​မှု​ကို ပြု​လိမ့်​မည်။ ခိုင်​ခံ့​သော မြို့​ပြ​တို့​ကို​ရ​ခြင်း​ငှာ တာ​ရှည်​စွာ ကြံ​စည်​လိမ့်​မည်။

ပျက်​စီး​ခြင်း​ဘေး​လာ၏။ သူ​တို့​သည် ငြိမ်​ဝပ်​ခြင်း​ကို ရှာ၍​မ​တွေ့​ရ​ကြ။

ငြိမ်​သက်​ခြင်း​မ​ရှိ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ငြိမ်​သက်​ခြင်း​ရူ​ပါ​ရုံ​ကို​မြင်၍ ဟော​ပြော​သော ဣ​သ​ရေ​လ​ပ​ရော​ဖက်​များ မ​ရှိ​ကြ​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ပြော​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ဖွဲ့​သော​အ​သက်​ပ​ဋိ​ညာဉ်၊ ငြိမ်​ဝပ်​ခြင်း​ပ​ဋိ​ညာဉ်​သည် ထို​အ​မျိုး၌ ရှိ၏။ ငါ့​ကို​ကြောက်​ရွံ့၍ ငါ၏​နာ​မ​တော်​ရှေ့၌ ထိတ်​လန့်​သော​ကြောင့် ငါ​ဖွဲ့၍​ပေး၏။

သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။-

ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.