Pular para o conteúdo
Publicidade

Pecado

Por Bíblia Online

O peso do erro e da desobediência faz parte da experiência humana, distanciando você da presença de Deus e gerando culpa no dia a dia. Reconhecer essa condição é o primeiro passo para compreender a real necessidade de perdão e de transformação que somente o Criador pode oferecer.

As Escrituras Sagradas mostram com clareza o impacto dessa falha, mas também apontam o caminho da restauração. Ao ler o que a Palavra diz sobre o assunto, você encontra respostas para entender a profundidade da graça e o poder da misericórdia que alcançam a sua vida.

O pecado é a realidade que separa a humanidade de Deus. Mas a Bíblia também revela a solução: o sangue de Cristo que nos purifica e a graça que nos liberta de toda condenação.

A universalidade do pecado

Todos pecaram e carecem da glória de Deus. Não há justo, nem sequer um. O pecado entrou no mundo por um homem, mas a graça veio por Jesus.

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။-

ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။

ဒု​စ​ရိုက်​ကို ပြု​သော​သူ​မည်​သည်​ကား၊ ပ​ညတ်​တော်​ကို လွန်​ကျူး၏။ ဒု​စ​ရိုက်​သည်​ကား ပ​ညတ်​တော်​ကို လွန်​ကျူး​ခြင်း​ဖြစ်​သ​တည်း။-

Liberdade da condenação

Não há condenação para os que estão em Cristo Jesus. Ele nos libertou da lei do pecado e da morte para vivermos em novidade de vida.

ဝိ​ညာဉ်​အား​ဖြ​င့်​အ​သက်​ရှင်ခြင်း

ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။- ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။-

ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။

ဖြော​င့်​မတ်​ခြင်း​တ​ရား​၏​ကျွန်​များ

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။- အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။-

ဖြော​င့်​မတ်​ခြင်း​တ​ရား​၏​ကျွန်​များ

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။-

လူ​၏စိတ်​သ​ဘော​တ​ရား​နှစ်​ရပ်

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။-ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။- သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။-

ဒု​စ​ရိုက်​ကို ပြု​သ​မျှ​သော​သူ​တို့​သည် ဒု​စ​ရိုက်​၏​ကျွန်​ဖြစ်၏။-

Confissão e perdão

Se confessarmos os nossos pecados, Deus é fiel e justo para nos perdoar e purificar de toda injustiça. A confissão liberta a alma.

ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။- ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။-

စင်​ကြယ်​စေ​ရန်​ဆု​တောင်း

"ဒါ​ဝိဒ်​သည် ဗာ​သ​ရှေ​ဘ​နှင့်​မှား​ယွင်း၍၊ ပ​ရော​ဖက်​နာ​သန်၏ ဆုံး​မ​ခြင်း​ကို​ခံ​ပြီး​မှ စပ်​ဆို​သော​ဆာ​လံ။"

အို​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း​အ​ပြစ်​ကို ဖြေ​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို​သာ​ပြစ်​မှား၍ မျက်​မှောက်​တော်၌​ပင် မ​တ​ရား​သော​အ​မှု​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်၍ မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​သည် အ​ပြစ်​လွတ်​ပါ၏။အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။

ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။ စိတ်​သက်​သာ​ဝမ်း​မြောက်​ခြင်း​ရှိ​မည်​အ​ကြောင်း​စ​ကား​ကို အ​ကျွန်ုပ်​အား ကြား​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ ချိုး​ဖဲ့​တော်​မူ​သော အ​ရိုး​တို့​သည် ရွှင်​မြူး​ခြင်း​ရှိ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း ဒု​စ​ရိုက်​တို့​မှ မျက်​နှာ​တော်​ကို​လွှဲ၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို​လည်း ဖြေ​တော်​မူ​ပါ။

တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။

အ​ပြစ်​လွှတ်​ခြင်း​ကျေး​ဇူး

အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ပြစ်​များ​လှ​သော​ကြောင့် နာ​မ​တော်​ကို​ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။

မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

Vencendo o pecado

Cristo nos resgatou e nos restaurou. Devemos mortificar as obras da carne, fugir do pecado e prosseguir em santidade.

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-

ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။-

လူဟောင်း​နှင့်​လူ​သစ်

ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။-

မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။-

အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။-

အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။-

Responsabilidade e restauração

O pecado tem consequências, mas Deus restaura o arrependido. Devemos corrigir uns aos outros com mansidão e cobrir o pecado com amor.

အ​ချင်း​ချင်း​ဝန်​ကို​ကူ​ညီ​ထမ်း​ရွက်

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။-

အ​ချင်း​ချင်း​ဝန်​ကို​ကူ​ညီ​ထမ်း​ရွက်

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။- ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။-

ပြစ်​မှား​သူ​ညီ​အစ်​ကို

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

ပြစ်​မှား​သူ​ညီ​အစ်​ကို

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏၊ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ နက်​နဲ​သော​ပင်​လယ်၌ နှစ်​မြှုပ်​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။

ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-

သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-

ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-

နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။-

အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-

Fuga do pecado

Bem-aventurado o que não anda no conselho dos ímpios. O caminho do justo é guardado pelo Senhor, e sua Palavra nos protege da queda.

မင်္ဂ​လာ​အ​စစ်​အ​မှန်

မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊

မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။

ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။

ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊- သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။-

ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။- ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊-

အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​လွှတ်​လျှင်၊ ထို​သူ​သည် အ​ပြစ်​လွတ်​လျက်​ရှိ၏။ အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​တည်​စေ​လျှင်၊ ထို​သူ​သည် အ​ပြစ်​တည်​လျက်​ရှိ၏​ဟု မိန့်​တော်​မူ၏။

သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.