Pecado
O pecado é a realidade que separa a humanidade de Deus. Mas a Bíblia também revela a solução: o sangue de Cristo que nos purifica e a graça que nos liberta de toda condenação.
A universalidade do pecado
Todos pecaram e carecem da glória de Deus. Não há justo, nem sequer um. O pecado entrou no mundo por um homem, mas a graça veio por Jesus.
အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။
အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
ထို့ကြောင့် ပညတ်တရားအလိုကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏မျက်မှောက်၌ မည်သူမျှ ဖြောင့်မတ်သောသူတစ်ယောက် မဖြစ်လာနိုင်။ ပညတ်တရားသည်ကား လူသားတိသည် အပြစ်ကျူးလွန်ကြကြောင်းကို သိကြစီခြင်းငှာ ဖော်ပြလျက်ဟိ၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
အပြစ်တရားသည် ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် အပြစ်ပြုသော သူတိုင်းသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်း ဖြစ်၏။
Liberdade da condenação
Não há condenação para os que estão em Cristo Jesus. Ele nos libertou da lei do pecado e da morte para vivermos em novidade de vida.
ဝိညာဉ်တော်၌ဟိသော အသက်တာ
ထို့ကြောင့် အဂုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။ အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။
ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။ သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။ အကြောင်းမူကား သင်ရို့သည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသည် မဟုတ်၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ အသက်ရှင်နိန်ကြသော သူများဖြစ်သောကြောင့် အပြစ်တရားသည် သင်ရို့ကို အုပ်စိုးပိုင်ခွင့်မဟိယာ။
ဖြောင့်မတ်ခြင်းတရား၏ ကျွန်များ
ငါရို့သည် ပညတ်တရားအောက်၌ မဟိ၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ ဟိကြသည်ဖြစ်၍ အပြစ်ကို ပြုသင့်သလော။ ထိုသို့ မပြုရ။ သင်ရို့သည် သီခြင်းတရားသို့ ပို့ဆောင်သော အပြစ်တရား၌ဖြစ်စီ၊ ဖြောင့်မတ်ခြင်းတရားသို့ ပို့ဆောင်သော နာခံခြင်းတရား၌ဖြစ်စီ ကျွန်အဖြစ်ဖြင့် အစီခံလျှင် ထိုသခင်၏အမိန့်ကို နာခံကြရမည်ကို မသိကြသလော။ သင်ရို့သည် တစ်ချိန်က အပြစ်တရား၏ ကျွန်တိ ဖြစ်ခဖူးသော်လည်း အဂုတွင် ခံယူထားသော ဩဝါဒစကား၌ တွိ့ရသော သမ္မာတရားများကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သင်ရို့သည် အပြစ်တရားမှ လွတ်မြောက်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန်တိ ဖြစ်လာကတ်ယာ။
ဖြောင့်မတ်ခြင်းတရား၏ ကျွန်များ
ငါရို့သည် ပညတ်တရားအောက်၌ မဟိ၊ ဘုရားသခင်၏ကျေးဇူးတရားအောက်၌ ဟိကြသည်ဖြစ်၍ အပြစ်ကို ပြုသင့်သလော။ ထိုသို့ မပြုရ။
ငါရို့အထဲ၌ဟိသော ဆန့်ကျင်ဖက်တရားများ
ပညတ်တရားသည် ဝိညာဉ်တော်တရားနှင့် ဆက်စပ်လျက်ဟိသည်ကို ငါရို့ သိကြ၏။ သို့သော်လည်း ငါသည် ဇာတိပကတိ၌ ဟိသည်ဖြစ်၍ အပြစ်တရား၏ ကျွန်အဖြစ်သို့ ရောက်နိန်ရ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော အကျင့်ကို မကျင့်၊ မကျင့်ချင်သော အကျင့်တိကို ကျင့်နိန်ရသောကြောင့် ငါပြုသောအမှုကို ငါသည်ပင် နားမလည်နိုင်။ ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်နိန်ရသည်မှန်လျှင် ပညတ်တရား ကောင်းမြတ်ကြောင်းကို ငါ ဝန်ခံခြင်း ဖြစ်၏။ ထို့ကြောင့် အမှန်အားဖြင့် ငါ မကျင့်ချင်သောအကျင့်ကို ငါ ကိုယ်တိုင် ကျင့်နိန်သည် မဟုတ်။ ငါ့အထဲ၌ ဟိနိန်သော အပြစ်တရားက ကျင့်နိန်ခြင်းဖြစ်၏။
ယေသျှုက "သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။
Confissão e perdão
Se confessarmos os nossos pecados, Deus é fiel e justo para nos perdoar e purificar de toda injustiça. A confissão liberta a alma.
ငါရို့၌ အပြစ်မဟိဟု ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် လှည့်စားသည်သာမက သမ္မာတရားသည်လည်း ငါရို့၌ မဟိ။ သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။
Vencendo o pecado
Cristo nos resgatou e nos restaurou. Devemos mortificar as obras da carne, fugir do pecado e prosseguir em santidade.
ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။
သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု ကောင်းကင်တမန်က ပြောလေ၏။
ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။
ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။
ဘုရားသခင်၏ သားသမီးရို့သည် အပြစ် မကျူးလွန်တတ်သည်ကို ငါရို့ သိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ သားတော်သည် သူရို့ကို ကယ်တင်သောကြောင့် မာရ်နတ်သည် သူရို့ကို မထိခိုက်နိုင်။
လူဟောင်းနှင့် လူသစ်
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
သင်ရို့သည် ဘုရားသခင်၏လူစုတော် ဖြစ်သဖြင့် ကာမဂုဏ်လိုက်စားမှု၊ မစင်ကြယ်မှုနှင့် လောဘလွန်ကြူးမှု အကြောင်းများကို သင်ရို့တွင် ပြောဆိုခြင်းပင် မဟိစီကေ့။
မှောင်မိုက်၌ ကျင်လည်သောသူရို့ ပြုမူကြသည့် အကျိုးမဟိသော အမှုများကို မပြုဘဲ၊ ယင်းအမှုကို အလင်း၌ ထင်ရှားစီကြလော့။ (ဆိတ်ကွယ်ရာအရပ်၌ သူရို့ပြုသောအမှုတိကို ပြောခြင်းသည်ပင် လွန်စွာ ရှက်ဖွယ်ဖြစ်၏။)
သင်ရို့သည် ဒေါသထွက်သော်လည်း ပြစ်မှားခွင့်ကို မပီးကတ်ကေ့။ ဒေါသမပြေဘဲ နီမဝင်ကတ်စီကေ့။
Responsabilidade e restauração
O pecado tem consequências, mas Deus restaura o arrependido. Devemos corrigir uns aos outros com mansidão e cobrir o pecado com amor.
အချင်းချင်း ဝန်များကို ကူညီထမ်းရွက်ခြင်း
ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။
အချင်းချင်း ဝန်များကို ကူညီထမ်းရွက်ခြင်း
ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။ သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။
တစ်စုံတစ်ယောက်သောသူသည် အပြစ်လုပ်မိလျှင်
"သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။
တစ်စုံတစ်ယောက်သောသူသည် အပြစ်လုပ်မိလျှင်
"သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။
အပြစ်သို့ ဆွဲဆောင်ခြင်း
"သို့ရာတွင် မည်သူမဆို ငါ့ကို ယုံကြည်သော ဤသူငယ်များထဲက တစ်ဦးတစ်ယောက်ကို ပြစ်မှားစီသောသူဖြစ်လျှင် ထိုသူသည် ကြိတ်ဆုံကျောက်တုံးကြီးကို မိမိလိုင်ပင်းမှာ ချိုင်ဆွဲကာ ပင်လယ်နက်ထဲမှာ နှစ်မြုပ်ခြင်းကို ခံရသည်က သာ၍ ကောင်း၏။
သင်၏မျက်စိထဲ၌ ဟိသော သစ်စကို အာရုံမစိုက်ဘဲ၊ သင်၏ညီအစ်ကိုမျက်စိထဲ၌ ဟိသော အမှုန်ကို ဇာဖြစ်လို့ ကြည့်နိန်လဲ။
"သင်ရို့သည် သူတစ်ပါးက သင်ရို့ကို ပြုမှားမိသောအပြစ်တိကို ခွင့်ရွှတ်မှသာလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖက သင်ရို့ကို ခွင့်ရွှတ်လိမ့်မည်။
သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကို လုပ်သင့်သည်ဟု သိသော်လည်း၊ မလုပ်သောသူသည် အပြစ်ဖြစ်၏။
ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။
ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။
နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။
မေတ္တာသည် များစွာသော အပြစ်တိကို ဖုံးအုပ်နိုင်သောကြောင့် အရာအားလုံး၌ တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထား၍ ချစ်ရကြမည်။
Fuga do pecado
Bem-aventurado o que não anda no conselho dos ímpios. O caminho do justo é guardado pelo Senhor, e sua Palavra nos protege da queda.
"ကောင်းသောလူရို့သည် ကောင်းသောအရာတိနှင့် ပြည့်နိန်သော စိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုသာ ထုတ်ဖော်တတ်ကြ၏။ သူယုတ်သည်ကား သူ၏ဘဏ္ဍာတိုက်ထဲက ဆိုးယုတ်သောအရာများကိုသာ ထုတ်ဖော်ကြ၏။ ဇာကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ဟိသမျှသောအရာတိကို နှုတ်ကပြောထုတ်တတ်ကြ၏" ဟု မိန့်တော်မူ၏။
ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊ သူတစ်ပါးဥစ္စာကို ခိုးသောသူတိ၊ လောဘလွန်ကြူးသောသူတိ၊ သီရည်သောက်ကြူးသော သူတိ၊ အတင်းပြောသောသူတိနှင့် လုယက်တိုက်ခိုက်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြ။
ပိလတ်မင်းက လူအစုအဝေးဟိရာသို့ တဖန် ထွက်လာပြီးလျှင် "ဤသူကို ပြစ်ဒဏ်ပီးစရာအကြောင်း တစ်ခုမျှ မတွိ့သည်ကို သင်ရို့ မြင်စီခြင်းငှာ ထုတ်ပြမည်၊ ကြည့်ကတ်ပါ" ဟု ပြောပြီးနောက် ယေသျှုသည် နီမောင်းသော ဝတ်ရုံကို ဝတ်ဆင်လျက်၊ ဆူးဖြင့် ယက်လုပ်ထားသည့် သရဖူကို ဆောင်း၍ ထွက်လာသောအခါ ပိလတ်မင်းက "ဤသူပင် ဖြစ်၏" ဟု သူရို့အား ဆိုလေ၏။
ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဗိမာန်တော် အစောင့်စစ်သည်များက သူ့ကို မြင်ကြသောအခါ "ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ၊ ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ" ဟု အော်ဟစ် တောင်းဆိုကြ၏။
ပိလတ်မင်းက "သင်ရို့သည် သူ့ကို ခေါ်ဆောင်ပြီးလျှင် လက်ဝါးကပ်တိုင်တွင် တင်ပြီး အသီသတ်လိုက်ကြ။ သူ့အား အပြစ်စီရင်ရန် အကြောင်းကို ငါသည် ရှာမတွိ့" ဟု ဆိုလေ၏။
"သင်ရို့သည် လူရို့၏အပြစ်ကို လွှတ်လျှင် ထိုသူရို့သည် အပြစ်မှ လွှတ်ခြင်းကို ခံရလိမ့်မည်၊ သင်ရို့သည် လူရို့၏အပြစ်ကို မလွှတ်လျှင် ထိုသူရို့သည်လည်း အပြစ်မှ မလွတ်ကြ" ဟု မိန့်မှာတော်မူ၏။