Pensamentos
A Bíblia ensina que somos fruto dos nossos pensamentos. Por isso, Deus nos chama a renovar a mente, pensar em coisas nobres e guardar o coração com toda diligência.
Pensar no que é bom
Paulo nos exorta a pensar no que é verdadeiro, honesto, justo, puro, amável e de boa fama. A mente renovada é o caminho da transformação.
ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
သန့်ယှင်းစွာ နီထိုင်ရန် နှိုးဆော်ခြင်း
ထို့ကြောင့် သင်ရို့၏ စိတ်နှလုံးကို အသင့်ပျင်ဆင်၍ သမ္မာသတိ ဟိကြလော့။ ယေသျှုခရစ် ပေါ်ထွန်းတော်မူသောအခါ သင်ရို့ခံစားရမည့် ကျေးဇူးတော်ကို လုံးဝ မျှော်လင့်ကြလော့။
ကိုယ်တော်သည် ငါရို့၏ အထဲ၌ တန်ခိုးတော်အားဖြင့် လုပ်ဆောင်လျက် ဟိတော်မူသော၊ ငါရို့တောင်းလျှောက် ကြံစည်သမျှသောအရာတိထက် သာလွန်၍ ပြုနိုင်တော်မူသော၊ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် အသင်းတော်အားဖြင့် လည်းကောင်း၊ ခရစ်တော်ယေသျှုအားဖြင့် လည်းကောင်း ကာလအစဉ်အဆက် ဘုန်းကြီးတော်မူပါစီသောဝ်။ အာမင်။
Guardar a mente
A Palavra de Deus discerne os pensamentos e intenções do coração. Guardar a mente é proteger a alma das armadilhas do pecado.
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
Os caminhos de Deus são mais altos
Os pensamentos de Deus são infinitamente superiores aos nossos. Devemos entregar nossos pensamentos a Ele e confiar em sua sabedoria.
Pensamento e conduta
Do coração procedem os males. A Bíblia nos adverte a não se preocupar excessivamente e a ter pensamentos sóbrios e disciplinados.
တဖန် ကိုယ်တော်က "လူအတွင်းမှ ထွက်လာသော အရာများသာ လူကို ညစ်ညမ်းစီသော အရာဖြစ်၏။ လူ၏အတွင်း စိတ်နှလုံးထဲက ထွက်လာသော ညစ်ညမ်းသော အကြံအစည်၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ တရားမဲ့ပြုမူခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်ခြင်း၊ မနာလိုခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ မာနထောင်ခြင်း၊ လျှပ်ပေါ်ခြင်း — စသော ဤအရာအားလုံးရို့သည် လူ၏ကိုယ်အတွင်းမှ ထွက်လာ၍ လူကို ညစ်ညမ်းစီသော အရာများဖြစ်ကြ၏" ဟု မိန့်တော်မူ၏။
"ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား အသက်ရှင်ရန် သင်ရို့လိုအပ်သော အစားအသောက်အတွက် သော်လည်းကောင်း၊ သင်ရို့ခန္ဓာအတွက် လိုအပ်သော အဝတ်အတွက် သော်လည်းကောင်း မစိုးရိမ်ကတ်ကေ့။ အစာထက် အသက်က သာ၍ မြတ်ပြီး၊ အဝတ်ထက် ကိုယ်က သာ၍ မြတ်သည် မဟုတ်လော။
"သင်သည် ဆုတောင်းသောအခါ သာသနာပလူတိကဲ့သို့ အဓိပ္ပာယ်မဟိသည့် စကားတိနှင့် အထပ်ထပ်မြွတ်ဆို၍ တောင်းမနိန်ကတ်ကေ့၊ သူရို့သည် ဆုအရှည်ကြီးတောင်းလျှင် တောင်းသမျှကို သူရို့ဘုရားတိက ကြားကတ်လိမ့်မည်ဟု ထင်ကြ၏။
သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် ပတ်သတ်၍ သတိပီးခြင်း
ထိုအခါ ထောင်ပေါင်းများစွာသော လူရို့သည် စုဝေးလာကြသဖြင့် အချင်းချင်း နင်းမိကြ၏။ ယေသျှုသည် တပည့်တော်ရို့အား ဦးစွာ မိန့်တော်မူသည်မှာ၊ "ဖာရိယှဲရို့၏ တဆီးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်ခြင်းကို သတိပြုကတ်ပါ။ ဖုံးထားသောအရာများတွင် ဖွင့်ပြခြင်းမခံရမည့် အရာတစ်စုံတစ်ခုမျှမဟိ။ ထိမ်ဝှက်ထားသော အရာတိတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမ။ သို့ဖြစ်၍ မှောင်မိုက်၌ သင်ရို့ ပြောသောစကားတိကို အလင်း၌ ကြားကြလိမ့်မည်။ အိမ်ခန်းထဲ၌ သင်ရို့ တီးတိုးပြောသော စကားတိကို အိမ်ခေါင်ထက်မှ ကြွေးကြော်ကြလိမ့်မည်။"
ကြောက်သင့်သူ
"ငါ့အဆွီရို့၊ သင်ရို့ကို ငါဆိုသည်ကား ကိုယ်ခန္ဓာကို သတ်ခြင်းမှတစ်ပါး အခြားတစ်ခုကိုမျှ အန္တရာယ်မပြုနိုင်သူတိကို မကြောက်ကတ်ကေ့။ သင်ရို့ ကြောက်သင့်သောသူကို ငါဖော်ပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီး သင်ရို့ကို ငရဲ၌ ချပစ်နိုင်သော တန်ခိုးဟိသည့် ဘုရားသခင်ကို ကြောက်ကြလော့။ မှန်ပါ၏၊ ထိုအသျှင်ကို ကြောက်ရမည်ဟု သင်ရို့အား ငါဆို၏။"
"စာချေငါးကောင်ကို ဖဲသာနှစ်ပြားနှင့် ရောင်းရသည် မဟုတ်လော။ သို့ရာတွင် ဘုရားသခင်က စာချေတစ်ကောင်ကိုတောင် မိ့ထားတော်မမူ။ သင်ရို့ဂေါင်းက ဆံပင်တိကိုပင် တစ်ခုမကျန် ရီတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကတ်ကေ့။ သင်ရို့က စာငှက်တိထက် သာ၍ မြတ်ကြ၏။"
ခရစ်တော်ကို ဝန်ခံခြင်းနှင့် ငြင်းဆိုခြင်း
"ငါအမှန်ဆိုသည်ကား၊ ဇာသူမဆို လူတိရှိ့၌ ငါ့အား ဝန်ခံသောသူကို လူသားကလည်း ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူ့ကို ဝန်ခံမည်။ ငါ့ကို လူတိရှိ့၌ ငြင်းပယ်သူကို လူသားသည် ဘုရားသခင်၏ ကောင်းကင်တမန်တိရှိ့၌ ထိုသူကို ငါ ငြင်းပယ်မည်။
"လူသားကို နှုတ်ဖြင့် ပြစ်မှားသောသူ အားလုံးသည် အပြစ်ခွင့်ရွှတ်ခြင်း ရနိုင်သော်လည်း သန့်ယှင်းသောဝိညာဉ်တော်ကို ပြစ်မှားပြောဆိုသူကား အပြစ်ခွင့်ရွှတ်ခြင်း ရနိုင်လိမ့်မည် မဟုတ်။
"လူတိက သင်ရို့ကို တရားဇရပ်တိထဲသို့ လည်းကောင်း၊ အုပ်ချုပ်သူနှင့် အစိုးရအာဏာပိုင်တိရှိ့၌ လည်းကောင်း ခေါ်လားကြသောအခါ ဇာပိုင် ချေပရမည်၊ ဇာပိုင် ပြောဆိုရမည်ကို မစိုးရိမ်ကတ်ကေ့။ အကြောင်းမူကား၊ ထိုအချိန်၌ သင်ရို့ ဇာပိုင်ပြောရမည်ဆိုသည်ကို သန့်ယှင်းသောဝိညာဉ်တော်က သွန်သင်တော်မူလိမ့်မည်" ဟု မိန့်တော်မူ၏။
သူဌေးမိုက်၏ ပုံဥပမာ
ပရိသတ်ထဲမှ လူတစ်ယောက်က "ဆရာ၊ အကျွန်၏အဖ ထားခသောအမွီကို အကျွန်အား ခွဲပီးခြင်းငှာ အကျွန့်အစ်ကိုအား မိန့်တော်မူပါ" ဟု ကိုယ်တော့်ကို လျှောက်ထား၏။
ယေသျှုကလည်း၊ "အဆွီ၊ ငါ့ကို တရားသူကြီးအဖြစ် လည်းကောင်း၊ သင်ရို့ နှစ်ယောက်ကြားတွင် အမွီခွဲဝီပီးသူအဖြစ် လည်းကောင်း၊ ဇာသူက ခန့်ထားသနည်း" ဟု ပြန်၍ မိန်းတော်မူ၏။ ထို့နောက် လူတိအား၊ "လောဘလွန်ကြူးခြင်း အမျိုးမျိုးကို သတိနန့် ယှောင်ကြည်ကြလော့။ အကြောင်းမူကား လူ့အသက်သည် ဥစ္စာပစ္စည်းကြွယ်ဝမှု၌ မတည်" ဟု မိန့်တော်မူ၏။
ထို့နောက် ယေသျှုသည် ဤပုံဥပမာကို သူရို့အား၊ "သူဌေးတစ်ဦး၌ မိမိ၏လယ်ယာမှ အသီးအနှံ အများကြီးထွက်သည်ဖြစ်၍၊ ‘ငါ၏ သီးနှံတိကို သိုထားဖို့ နီရာမဟိ။ ငါ ဇာပိုင် လုပ်ရမည်နည်း’ ဟု တစ်ယောက်တည်း တွေးတောနိန်၏။ ‘ငါ ဤပိုင်လုပ်မည်၊ စပါးရိုင် အဟောင်းတိကို ဖျက်၍ ပို၍ ကြီးသော စပါးရိုင်ကြီးတိကို တည်ဆောက်မည်။ ငါ၏ဂျုံစပါးတိနှင့် အခြားအသီးအနှံတိကို ရိုင်သစ်ကြီး၌ သိုထားမည်။ သို့ဖြစ်၍ သင်သည် နှစ်ပေါင်းများစွာ စားသောက်ဖို့ သီးနှံတိကို သိုထားပြီဖြစ်၍ စိတ်ချမ်းသာစွာ နီထိုင်လော့။ စားသောက်ပျော်ပါးပြီးလျှင် ပျော်ရွှင်စွာနီထိုင်လော့’ ဟု ငါ့ကိုငါ ပြောမည်ဟု ဆို၏။ သို့သော် ဘုရားသခင်က ‘အသင် လူမိုက်၊ ဤည၌ သင့်၏အသက် ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍ သင်စုဆောင်းထားသော ဥစ္စာပစ္စည်းတိက ဇာသူ့ ဥစ္စာ ဖြစ်လိမ့်မည်နည်း’" ဟု မိန့်တော်မူ၏။
ယေသျှုက၊ "မိမိအဖို့ ဥစ္စာများကို သိုထားသော်လည်း ဘုရားသခင်၏ ရှိ့တော်မှောက်၌ ကြွယ်ဝခြင်း မဟိသောသူသည် အဆိုပါ သူဌေးနှင့် တူ၏" ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း
ထို့နောက် ယေသျှုကလည်း တပည့်တော်ရို့အား၊ "ယင်းအတွက်ကြောင့် ငါဆိုသည်ကား၊ သင်ရို့သည် အသက်ရှင်ဖို့အတွက် ဇာပိုင် စားရဖို့လဲ ဆိုပြီးကေ မစိုးရိမ်ကတ်ကေ့။ ကိုယ်ခန္ဓာအတွက် ဇာပိုင် ဝတ်ရမည် ဆိုသည်ကိုလည်း မစိုးရိမ်ကတ်ကေ့။ အကြောင်းမူကား အစာထက် အသက်က သာ၍ အရေးကြီးသကဲ့သို့ အဝတ်ထက် ခန္ဓာက သာ၍ အရေးကြီး၏။ တောကျီးကန်းတိကို ကြည့်ရှု ဆင်ခြင်ကြလော့။ သူရို့သည် မျိုးစိ့မကြဲ၊ အသီးနှံတိကို မရိတ်မသိမ်း။ သိုထားစရာ အခန်းတိ၊ စပါးရိုင်တိမဟိ။ သို့သော်လည်း သူရို့တိကို ဘုရားသခင် ကျွေးမွေးတော်မူ၏။ သင်ရို့က ငှက်တိထက် အများကြီး မြတ်သည် မဟုတ်လော။ ဇာသူက စိုးရိမ်ခြင်းအားဖြင့် မိမိ၏ အသက်ကို အနည်းချေလောက် ပို၍ ရှည်စီနိုင်သနည်း။ ဤသို့ သေးငယ်သောအမှုကိုတောင် မတတ်နိုင်လို့ဟိလျှင် ဇာဖြစ်လို့ အခြားအမှုတိအတွက် စိုးရိမ်ကြသနည်း။ တောနှင်းပင်တိ ဇာပိုင် ကြီးထွားလာလဲ ဆိုသည်ကို ကြည့်ရှုဆင်ခြင်ကတ်ပါ။ ထိုပန်းပင်တိသည် အလုပ်မလုပ်၊ ခြည်ဖြစ်စီဖို့အတွက် ဗိုင်းမငင်။ သို့သော်လည်း ဘုန်းကြီးသော သျှောလမုန်မင်းကြီးတောင် ထိုပန်းကဲ့သို့ မဝတ်ဆင်နိုင်ဟု ငါပြောဆို၏။ ယုံကြည်ခြင်း အားနည်းသောသူရို့၊ ဤနိ့ အသက်ရှင်ပြီးလျှင် နက်ဖြန်ခါ မီးဖိုထဲသို့ ရောက်သည့်မြက်ပင်ကို ဘုရားသခင်သည် ဤလောက်ထိ အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင် သင်ရို့ကို ဤထက်မက အဝတ်နှင့် ဝတ်ဆင်ပီးတော်မူလိမ့်မည် မဟုတ်လော။
"ထို့ကြောင့် ဇာပိုင်စားရဖို့၊ သောက်ရဖို့လဲ ဆိုပြီးလျှင် စိုးရိမ်ပူပန်မှု မဟိကတ်ကေ့။ ထိုအရာတိကို သာသနာပလူတိကသာ ရှာဖွီတတ်ကြ၏။ ထိုအရာတိကို သင်ရို့ လိုအပ်ကြောင်း သင်ရို့အဖ သိတော်မူ၏။ သင်ရို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာတိကိုလည်း ထပ်၍ ပီးတော်မူလိမ့်မည်။"
ကောင်းကင်ဘဏ္ဍာ
သိုးစုချေ၊ မကြောက်ကတ်ကေ့။ အကြောင်းမူကား သင်ရို့အဖသည် သင်ရို့အား နိုင်ငံတော်ကိုပီးဖို့ အလိုဟိ၏။ သင်ရို့၌ ဟိသည့် အရာအားလုံးကို ရောင်း၍ ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ မဆွီးနိုင်သော ဖဲသာအိတ်တိကို ဆောင်ကြလော့။ သူခိုး မကပ်၊ ပိုးရွလည်း မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သော ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြောင်းမူကား သင်ရို့၏ ဘဏ္ဍာဟိသောအရပ်၌ သင်ရို့၏ စိတ်နှလုံးရောက်ကြ၏။
သတိနန့်စောင့်နိန်သော အခိုင်းအစီများ
"သင်ရို့သည် ခါးကိုစည်းပြီး၊ မီးခွက်တိကိုထွန်း၍ အဆင်သင့် ဟိနိန်ကြလော့။ မိမိရို့သခင်က မင်္ဂလာဆောင်ပွဲမှ ပြန်လာသောအခါ တန်းခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပီးရန် စောင့်မျှော်နိန်ကြသော အခိုင်းအစီကဲ့သို့ ဖြစ်ကြလော့။ ထိုအခိုင်းအစီတိ စောင့်မျှော်နိန်ကြသည်ကို သခင်ပြန်ရောက်ချိန်၌ တွိ့ရလျှင် ယင်းအခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းကိုစည်းပြီးလျှင် အခိုင်းအစီတိကို စားပွဲ၌ ထိုင်ခိုင်းစီပြီး ကျွေးမွေးလိမ့်မည်။ သခင်သည် သန်းခေါင်အချိန်၌ ဖြစ်စီ၊ မိုးသောက်အချိန်၌ ဖြစ်စီ ကြွလာသောအခါ၊ စောင့်မျှော် နိန်ကြသော အခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။ အိမ်သျှင်သည် သူခိုးလာမည့်အချိန်ကို သိထားလျှင် မိမိအိမ်ကို သူခိုး ဖောက်ထွင်းခံလိမ့်မည် မဟုတ်ကြောင်း သိမှတ်ကြလော့။ သင်ရို့သည်လည်း အသင့်ပျင်ဆင်ထားကြလော့။ အကြောင်းမူကား လူသားသည် သင်ရို့ မထင်မှတ်ထားသောအချိန်၌ ကြွလာလိမ့်မည်" ဟု မိန့်တော်မူ၏။
သစ္စာဟိသော အခိုင်းအစီနှင့် သစ္စာမဟိသော အခိုင်းအစီ
ပေတရုက "အသျှင်၊ ဤဥပမာကို အကျွန်ရို့အတွက် မိန့်တော်မူပါသလော။ သို့မဟုတ် လူတိုင်းအတွက် မိန့်တော်မူသလော" ဟု မိန်းလျှောက်လျှင်၊
သခင်ဘုရားက၊ "သခင်သည် အခိုင်းအစီတိကို အုပ်ချုပ်ရန်နှင့် အချိန်တန်လျှင် အစားအသောက်တိကို ခွဲဝီပီးစီခြင်းငှာ ခန့်ထားသည့် သစ္စာဟိပြီး လိမ္မာသော အခိုင်းအစီကား ဇာသူလဲ။ ထိုအရာကို ကောင်းစွာ ပြုနိန်သည်ကို သူ၏သခင် ပြန်လာချိန်၌ တွိ့ရလို့ဟိလျှင် ထိုအခိုင်းအစီသည် မင်္ဂလာဟိ၏။ သင်ရို့အား ငါအမှန်ဆိုသည်ကား၊ သခင်သည် ကိုယ့်ဥစ္စာဟိသမျှတိကို စီမံအုပ်ချုပ်ဖို့ ထိုအခိုင်းအစီကို အပ်လိမ့်မည်။ သို့သော်လည်း၊ ထိုအခိုင်းအစီက၊ ‘ငါ့သခင် ပြန်လာဖို့ ကြာဖို့သိမ့်’ ဟု စိတ်ထဲ၌ အောက်မိ့ပြီးလျှင် အခိုင်းအစီ ယောက်ျား၊ မိန်းမတိကို သတ်ပုတ်၍ သောက်စားမူးယစ် နိန်၏။ ထိုသူ ထင်မထားသောနိ့၊ မသိသောအချိန်တွင် သခင်သည် ပြန်လာပြီးလျှင် ထိုကျွန်ကို ပြင်းထန်စွာ ဆုံးမ၍ သစ္စာမဟိသူရို့ လားရာ ပျက်စီးခြင်းလမ်း၌ နီရာကျလိမ့်မည်။
"သခင်၏အလိုကို သိလျက်နှင့် အဆင်သင့်မထား၊ သခင်၏ အလိုအတိုင်း မလုပ်ဆောင်ဘဲနိန်သော အခိုင်းအစီသည် ပြင်းစွာသော ကြိမ်ဒဏ်ဖြင့် အပြစ်ပီး ခံရလိမ့်မည်။ သို့သော်လည်း သခင်၏ အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ခံရမည့်အမှုကို ပြုသော အခိုင်းအစီကား ကြိမ်ဒဏ်အပြစ် အနည်းချေကိုသာ ခံရမည်။ ကျေးဇူးပြုခြင်း များစွာခံရသောသူသည်၊ များစွာပီးဆပ်ရမည်။ သာ၍ များသော ကျေးဇူးကို ခံရသောသူကား သာ၍ များသည့်အရာကို ပီးရလိမ့်မည်။
ကွဲပြားမှုကို ဖြစ်စီသော ယေသျှု
"ဤမြီကြီးကို မီးလောင်စီခြင်းငှာ ငါလာ၏။ မီးလောင်စီခြင်းငှာလည်း အလိုဟိ၏။ ငါခံရမည့် ဗတ္တိဇံတစ်ပါးဟိ၏။ ထိုအမှုကို မဆောင်ရွက်မချင်း ငါသည် စိတ်ဒုက္ခရောက်ရ၏။ ဤလောကကို ငြိမ်သက်ခြင်းပီးရန် ငါလာသည်ဟု ထင်ကြသလော။ ထိုသို့ မဟုတ်၊ ကွဲပြားစီခြင်းငှာ ငါလာခြင်း ဖြစ်၏။ ယခုမှစ၍ ငါးယောက်ဟိသော မိသားစု၌ သုံးယောက်သည် နှစ်ယောက်ကိုလည်းကောင်း၊ နှစ်ယောက်သည် သုံးယောက်ကိုလည်းကောင်း ဆန့်ကျင်ကြ၍ ကွဲပြားလိမ့်မည်။ အဖသည် သားကိုလည်းကောင်း၊ သားသည် အဖကိုလည်းကောင်း၊ အမိသည် သမီးကိုလည်းကောင်း၊ သမီးသည် အမိကိုလည်းကောင်း၊ ယောက္ခမသည် ခြုပ်မကိုလည်းကောင်း၊ ခြုပ်မသည်လည်း ယောက္ခမကိုလည်းကောင်း အချင်းချင်း ဆန့်ကျင်၍ ကွဲပြားလိမ့်မည်" ဟု မိန့်တော်မူ၏။
ခေတ်ကာလကို သိခြင်း
ထို့နောက် ကိုယ်တော်သည်၊ "အနောက်အရပ်မှ မိုးတိမ် တက်လာသည်ကိုမြင်လျှင် ‘မိုးရွာဖို့ဗျာယ်’ ဟု ချက်ချင်း ပြောတတ်ကြ၏။ သင်ရို့ ပြောသည်အတိုင်းလည်း ဖြစ်တတ်၏။ တောင်လီ လာသောအခါ နီပူလိမ့်မည်ဟု သင်ရို့ ပြောတတ်ကြ၏။ သင်ရို့ ပြောသည်အတိုင်းလည်း ဖြစ်တတ်၏။ သူတော်ကောင်းယောင်ဆောင်သောသူရို့၊ သင်ရို့တိက မိုး၊ မြီ အရိပ်အခြေကို ကြည့်၍ ရာသီဥတုအခြေအနေကို ပိုင်းခြား သိနိုင်ကြပါလျက်နှင့် အဂုခေတ်ကာလကို ဇာဖြစ်လို့ ပိုင်းခြား၍ မသိနိုင်ကြသနည်း။
တရားတွိ့ဖက်နှင့် ကြေအီးခြင်း
"ထိုမှတစ်ပါး မှန်သောအမှုကိုပြုရန် ဇာကြောင့် သင်ရို့ကိုယ်တိုင် မဆင်ခြင်ကြသနည်း။ သင်၏ တရားတွိ့ဖက်နှင့်အတူ တရားသူကြီးပါးသို့ လားကြသောအခါ လမ်း၌ သူနန့် ကြေအီးအောင် ဆွေးနွေးကြလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးရှိ့သို့ ဆွဲခေါ်လားလိမ့်မည်။ တရားသူကြီးကလည်း သင့်ကို မင်းမှုထမ်းလက်၌ အပ်လိမ့်မည်။ မင်းမှုထမ်းကလည်း သင့်ကို ထောင်ချလိမ့်မည်။ လျော်ပီး ငွီအားလုံး မပီးမချင်း သင်သည် ထိုနီရာ၌ နီရလိမ့်မည်ဟု ငါဆိုသည်" ဟု ပရိတ်သတ်ရို့အား မိန့်တော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့သည် မိမိကိုယ်ကို မိမိ ထင်သင့်သည်ထက် သာလွန်၍ မထင်ဘဲ ဘုရားသခင်ပီးထားသော ယုံကြည်ခြင်း ဟိကြသည့်အတိုင်း ကိုယ့်ကိုယ်ကို စစ်ကြောစီရင်ပြီးမှသာလျှင် မိမိထင်သင့်သလောက်သာ ထင်ကြလော့။
အသင်းတော်ထဲ၌ စိတ်ဝမ်းကွဲခြင်းများ
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။
ငါရို့၏ အကြောင်းအလုံးစုံကို ငါရို့အထဲ၌ ဟိသော စိတ်ဝိညာဉ်ကသာလျှင် သိ၏။ ထိုနည်းတူ ဘုရားသခင်၏အကြောင်း အလုံးစုံကို ဘုရားသခင်၏ ဝိညာဉ်တော်ကသာလျှင် သိတော်မူ၏။
ဇာသူမျှ မိမိကိုယ်ကို မလှည့်စားကတ်ကေ့။ သင်ရို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ဤလောကတွင် မိမိကိုယ်ကို ပညာဟိသည်ဟု ထင်မှတ်လျှင်၊ ထိုသူသည် စစ်မှန်သောပညာဟိ ဖြစ်လာခြင်းငှာ မိုက်မဲသောသူဖြစ်ပါစီ။