Pular para o conteúdo
Publicidade

Gravidez e maternidade

Por Bíblia Online

Trazer uma nova vida ao mundo transforma tudo o que você é e sente. Entre a alegria da espera e o cansaço dos primeiros dias, o coração precisa de calmaria e de palavras que sustentem a alma.

Deus acompanha cada detalhe da formação de uma criança e conhece o peso e a beleza de ser mãe. Encontre aqui o descanso e a coragem de que você precisa para viver essa fase com fé e confiança.

Gravidez e maternidade são bênçãos celebradas na Bíblia. Deus forma cada criança no ventre, cuida da mãe e da família, e abençoa a geração dos justos.

Filhos são herança do Senhor

Deus abençoa a fertilidade e o crescimento das famílias. Cada criança é obra de suas mãos, conhecida e amada antes mesmo de nascer.

သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။

ထို​သူ၏ သား​မြေး​တို့​သည် မြေ​ပေါ်​မှာ​အား​ကြီး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော သူ​တို့၏​အ​မျိုး​အ​နွယ်​သည် မင်္ဂ​လာ​ရှိ​တတ်၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။ မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။ မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

သား​ဖွား​မည်​အ​ကြောင်း​ကို ငါ​သည် စီ​ရင်​ပြီး​မှ၊ မ​ဖွား​စေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ​သည်​ပ​ဋိ​သ​န္ဓေ​ပေး​ပြီး​မှ၊ မ​ဖွား​နိုင်​အောင် ချုပ်​ထား​ရ​မည်​လော​ဟု သင်၏​ဘု​ရား​သ​ခင် မေး​တော်​မူ၏။

Força e cuidado na gravidez

Deus dá forças à mulher grávida e a sustenta em cada etapa. Sua graça é suficiente e seu poder se aperfeiçoa na fraqueza.

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-

အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။

စိတ်​နှ​လုံး​ညှိုး​ငယ်​လျက် မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​ကျွန်ုပ်​အ​ထက်၌ မြင့်​သော​ကျောက်​သို့ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။

မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

အို ယာ​ကုပ်​အ​မျိုး​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ဖွား​စ​က​ပင် သင်​တို့​ကို ငါ​ထမ်း​လေ​ပြီ။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ​ဆောင်​ရွက်​လေ​ပြီ။ သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။

A bênção da maternidade

A Bíblia honra a maternidade como ministério sagrado. As mães são instrumentos de Deus para formar vidas e transmitir a fé.

သို့​သော်​လည်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​ခြင်း၌ တည်​လျှင်၊ သား​ဖွား​ခြင်း​အ​မှု၌ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။

သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊

ကာ​ဣ​န​နှင့်​အာ​ဗေ​လ

ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။

ဣ​ဇာက်​ကို​ဖွား​မြင်​ခြင်း

ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ စာ​ရာ​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊ စာ​ရာ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ အာ​ဗြ​ဟံ​အ​သက်​ကြီး​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​လေ၏။

ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။

ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။

Proteção divina

Deus protege a mãe e o bebê, guardando-os de todo mal. Ele acompanha cada momento com ternura e fidelidade.

ဘု​ရား​၏​ကွယ်​ကာ​ရာ

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။

သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

လူ​ချင်း​ခိုက်​ရန်​ပြု​ကြ၍၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​ကို ထိ​ခိုက်​သ​ဖြင့် ကိုယ်​ဝန်​ပျက်၍ အ​ခြား​သော​အ​နာ​မ​ဖြစ်​လျှင်၊ မိန်း​မ​လင်​စီ​ရင်​သည်​အ​တိုင်း ဒဏ်​ခံ​ရ​မည်။ မင်း​စီ​ရင်​သည်​အ​တိုင်း​လည်း ငွေ​ကို​လျော်​ရ​မည်။ အ​ခြား​သော​အ​နာ​ဖြစ်​လျှင်၊ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊

မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။

Esperança e promessa

A maternidade é caminho de esperança. Como Sara, Ana e Isabel, as mães encontram na fé a força para aguardar as promessas de Deus.

သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။-

ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မိန်း​မ​အား ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​သည် ပြည့်​စုံ​လိမ့်​မည်​ဟု ကြီး​သော​အ​သံ​နှင့် မြွက်​ဆို၏။

မာ​ရိ​၏​ချီး​မွမ်း​သီ​ချင်း

မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။-ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင် ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​ခြင်း​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။-တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သည် အံ့​ဖွယ်​သော​ကျေး​ဇူး​တော်​ကို ငါ့​အား​ပြု​တော်​မူ​ပြီ၊ ထို​ဘု​ရား၏ နာ​မ​တော်​သည် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။-

မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။

သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.