Preservação das escrituras
A Palavra de Deus permanece para sempre. As Escrituras foram preservadas por Deus ao longo dos milênios para instrução, consolação e guia de todas as gerações.
A Palavra eterna
Céus e terra passarão, mas as palavras de Deus jamais passarão. Sua Palavra é eterna, infalível e imutável — a verdade que sustenta tudo.
ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
ငါသည် သင်ရို့အား အမှန်ဆိုသည်ကား ကောင်းကင်နှင့် မြီကြီး တည်သရွေ့ကာလပတ်လုံး ပညတ်ကျမ်း၏ အငယ်ဆုံးသောစာလုံးနှင့် အငယ်ဆုံးသော ဝစ္စတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်ခင် မပျက်စီးစီရ။
ကျမ်းစာတော်မြတ်၌၊
"လူအပေါင်းရို့သည် မြက်ပင်ကဲ့သို့ဖြစ်၍၊
သူရို့၏ ဘုန်းတန်ခိုးတော်သည် မြက်ပွင့် ကဲ့သို့ဖြစ်၏။
မြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့၍ အပွင့်သည်လည်း ကြွီကျတတ်၏။
ထာဝရဘုရား၏ နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက် တည်၏"
ဟူ၍ ဖော်ပြထားသည့်အတိုင်း ဖြစ်၏။ ထိုနှုတ်ကပတ်တော်သည်ကား သင်ရို့အား ကြေညာသည့် သတင်းကောင်းဖြစ်ပေ၏။
အကြောင်းမူကား သင်ရို့သည် သီခြင်းတရားနှင့်ကင်းလွတ်၍ ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တဖန် မွီးဖွားလာသော သားသမီးများ ဖြစ်ကတ်ယာ။ ကျမ်းစာတော်မြတ်၌၊
"လူအပေါင်းရို့သည် မြက်ပင်ကဲ့သို့ဖြစ်၍၊
သူရို့၏ ဘုန်းတန်ခိုးတော်သည် မြက်ပွင့် ကဲ့သို့ဖြစ်၏။
မြက်ပင်သည် ညှိုးနွမ်းခြောက်သွိ့၍ အပွင့်သည်လည်း ကြွီကျတတ်၏။
ထာဝရဘုရား၏ နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက် တည်၏"
ဟူ၍ ဖော်ပြထားသည့်အတိုင်း ဖြစ်၏။ ထိုနှုတ်ကပတ်တော်သည်ကား သင်ရို့အား ကြေညာသည့် သတင်းကောင်းဖြစ်ပေ၏။
A inspiração divina
Toda Escritura é inspirada por Deus. Homens santos falaram da parte do Senhor, e a Palavra escrita é a expressão fiel da vontade divina.
ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။ အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။
သားတော်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်
ဘုရားသခင်သည် အတိတ်ကာလ၌ ပရောဖက်တိမှတစ်ဆင့် ငါရို့ အဖိုး အဖီးတိကို နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် မိန့်မှာတော်မူခ၏။ သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။ သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
A Palavra como guia e tesouro
A Palavra de Deus é lâmpada para os pés, espada do Espírito e tesouro para o coração. Guardá-la e meditá-la nos protege do pecado.
သို့ရာတွင် ကျမ်းစာက ဇာပြောထားလဲ ဆိုလျှင်။ "တရားတော်သည် သင်ရို့ အနားမှာ ဟိ၏။ သင်ရို့၏ နှုတ်၌လည်းကောင်း၊ သင်ရို့၏ စိတ်နှလုံးသားထဲ၌လည်းကောင်း ဟိတော်မူ၏" ဟူ၍ ဖြစ်၏။ ထိုသို့ဆိုထားသည်မှာ ငါရို့ ဟောပြောနိန်သော ယုံကြည်ခြင်းတရားကို ဆိုထားခြင်းဖြစ်၏။
သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။
သို့ရာတွင် လူအပေါင်းရို့သည် သတင်းကောင်းတရားကို မကြားရခသည်မှာ အမှန်ပင်ဖြစ်သလားဟု ငါမိန်းလို၏။ သူရို့သည် ကြားနာခွင့်ကို အမှန်ပင် ရကြ၏ — ကျမ်းစာတော်က
"သတင်းကောင်းတရားကို ဟောပြောသူရို့၏ အသံသည် မြီကြီးတပြင်လုံးသို့ ပြန့်နှံ့လား၏။
သူရို့၏တရားစကားများသည် ကမ္ဘာ အဆုံးတိုင်အောင် ရောက်လား၏" ဟု ဆိုထား၏။
ကျမ်းစာ၌ အယင်က ရီးထားသောအရာတိုင်းသည် ငါရို့ကို သွန်သင်ဖို့ရန် ရီးထားခြင်းဖြစ်၏။ အကြောင်းမှာ ကျမ်းစာ၌ သွန်သင်ထားသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါရို့၌ မျှော်လင့်စရာ ဟိစီရန်ဖြစ်၏။
ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါဆုတောင်း၏။
ဤအမှုသည် ကောင်းမြတ်၍ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။ လူအပေါင်းရို့သည် သမ္မာတရားကို သိ၍ ကယ်တင်ခြင်းခံရစီခြင်းငှာ ဘုရားသခင် အလိုဟိတော်မူ၏။