Pular para o conteúdo
Publicidade

Proximidade

Por Bíblia Online

Deus não é uma ideia distante ou inacessível. Quando você atravessa dias difíceis ou sente o peso da rotina, a promessa das Escrituras aponta para alguém que caminha bem perto e ouve o seu clamor.

A própria vida ganha outro peso quando você aprende a descansar nessa companhia constante. Reserve alguns minutos para ler o que as Escrituras dizem sobre essa morada na presença de Deus e sobre a certeza de que ele jamais se afasta de quem o procura.

Deus é próximo dos que o buscam. Ele não é um Deus distante, mas presente, íntimo e acessível a todo o que o invoca com sinceridade de coração.

Buscar a presença de Deus

A Bíblia nos exorta a buscar a face do Senhor continuamente. Quem se aproxima dele encontra plenitude de alegria e delícias perpétuas.

ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။

တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

Deus está perto

O Senhor está perto dos que o invocam, dos quebrantados de coração e dos que clamam por socorro. Sua presença nos sustenta.

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။-

သင်​တို့​သည် အ ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။-

အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

A presença que nunca abandona

Deus promete nunca nos deixar. Ele permanece fiel, está conosco em todo tempo e envia o Espírito para habitar em nossos corações.

ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။-

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​နည်း​တူ ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​ကို အ​လျှင်း​စွန့်​ပစ်​တော်​မ​မူ​ပါ​စေ​နှင့်။

သို့​ရာ​တွင် ကိုယ်​တော်​သည် ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သော​ကြောင့်၊ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​တော်​မ​မူ။ စွန့်​ပစ်​တော်​မ​မူ။

ငြိမ်​သက်​ခြင်း၏ သ​ခင်​သည် ကိုယ်​တော်​တိုင် သင်​တို့၌ အ​စဉ်​မ​ပြတ်​ခပ်​သိမ်း​သော အ​မှု​အ​ရာ​အား​ဖြင့် ငြိမ်​သက်​ခြင်း​ကို ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။

ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။-

ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။

လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-

အာ​သ​မင်း၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ

ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ဩ​ဒက်​သား အာ​ဇ​ရိ​အ​ပေါ်​သို့ သက်​ရောက်၍၊အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။ ကြာ​မြင့်​သော​ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး၌ မှန်​သော​ဘု​ရား မ​ရှိ။ ဩ​ဝါ​ဒ​ပေး​တတ်​သော ယဇ်​ပု​ရော​ဟိတ် မ​ရှိ။ တ​ရား​လည်း​မ​ရှိ​ဘဲ နေ၍၊ ဘေး​ရောက်​သ​ဖြင့်၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ရှာ​ကြ​သော​အ​ခါ အ​တွေ့​ခံ​တော်​မူ၏။ ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။ တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ၊ တစ်​မြို့​နှင့်​တစ်​မြို့​ထ​ကြ၍၊ ဘေး​အ​မျိုး​မျိုး​အား​ဖြင့်၊ ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ၏။ သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။

ထို​စ​ကား​နှင့် ပ​ရော​ဖက်​ဩ​ဒက်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို အာ​သ​မင်း​သည် ကြား​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သို့​ရောက်၍၊ ယု​ဒ​ပြည်​နှင့် ဗင်္ယာ​မိန်​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ စက်​ဆုပ်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား၍၊ ဗိ​မာန်​တော်​ဦး​ရှေ့​တွင်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ကို ပြု​ပြင်​လေ၏။ ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။ အာ​သ​မင်း နန်း​စံ​ဆယ်​ငါး​နှစ်၊ တ​တိ​ယ​လ​တွင် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး၍၊ ဆောင်​ခဲ့​သော လက်​ရ​ဥ​စ္စာ​ထဲ​က နွား​ခု​နစ်​ရာ၊ သိုး​ခု​နစ်​ထောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​သော​သူ၊ ယောက်ျား​မိန်း​မ အ​ကြီး​အ​ငယ်​မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ကြွေး​ကြော်​သံ၊ တံ​ပိုး​နှဲ​ခ​ရာ​မှုတ်​သံ​နှင့်​တ​ကွ၊ ကြီး​သော​အ​သံ​ဗ​လံ​ပြု​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား ကျိန်​ဆို၍ ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် ဖွဲ့​ကြ၏။ ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။

အာ​သ​မင်း​ကြီး၏ အ​ဖွား​တော်​မာ​ခါ​သည်၊ အာ​ရှ​ရ​ပင်​အောက်​မှာ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ကျော်​နင်း​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။ မြင့်​သော​အ​ရပ်​တို့​ကို ဣ​သ​ရေ​လ​ပြည်၌ မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး အာ​သ​စိတ်​နှ​လုံး​သည် စုံ​လင်​ခြင်း​ရှိ၏။ ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ထား​တော်​မူ၏။ နောက်​တစ်​ဖန် နန်း​စံ သုံး​ဆယ်​ငါး​နှစ်​တိုင်​အောင် စစ်​တိုက်​ခြင်း​မ​ရှိ။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.