Purificação
A purificação é um tema central na Bíblia. Deus nos chama a sermos limpos — não apenas externamente, mas no coração, na mente e em toda a conduta de vida.
Purificados pelo sangue de Cristo
O sangue de Jesus nos purifica de todo pecado. Sua morte na cruz é o sacrifício perfeito que nos torna limpos diante de Deus.
သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
Purificação interior
Deus cria em nós um coração puro. A purificação começa no interior — nos pensamentos, intenções e motivações do coração.
ဘုရားသခင်ထံပါးသို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်ရို့ထံပါးသို့ ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ်ကျူးလွန်သောသူရို့၊ သင်ရို့၏လက်ကို စင်ကြယ်စီကြလော့။ စိတ်နှစ်ခွဟိသောသူရို့၊ သင်ရို့၏စိတ်နှလုံးကို သန့်ယှင်းစီကြလော့။
ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။
အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။ ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။
Lavados pela Palavra
A Palavra de Deus e o batismo nos purificam. Jesus disse: 'Vós já estais limpos pela palavra que vos tenho falado.'
ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။
လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။ ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။
အဂု၊ သင်သည် ဇာကြောင့် ဆိုင်းငံ့နိန်သနည်း။ သင်ထ၍ ဗတ္တိဇံကို ခံယူလော့။ သင်၏အပြစ်ကို ဆီးကြောစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပတ္ထနာပြုလော့’ ဟု ဆို၏။
ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။
တဖန် ကိုယ်တော်က "လူအတွင်းမှ ထွက်လာသော အရာများသာ လူကို ညစ်ညမ်းစီသော အရာဖြစ်၏။ လူ၏အတွင်း စိတ်နှလုံးထဲက ထွက်လာသော ညစ်ညမ်းသော အကြံအစည်၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ တရားမဲ့ပြုမူခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်ခြင်း၊ မနာလိုခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ မာနထောင်ခြင်း၊ လျှပ်ပေါ်ခြင်း — စသော ဤအရာအားလုံးရို့သည် လူ၏ကိုယ်အတွင်းမှ ထွက်လာ၍ လူကို ညစ်ညမ်းစီသော အရာများဖြစ်ကြ၏" ဟု မိန့်တော်မူ၏။