Pular para o conteúdo
Publicidade

Recompensa

Por Bíblia Online

Deus vê cada passo que você dá na direção dele, mesmo quando ninguém mais nota. A caminhada cristã exige paciência, firmeza e constância no bem, muitas vezes em meio a dias difíceis e cansativos.

As Escrituras mostram que o Criador não fica indiferente ao esforço, à generosidade e à fidelidade dos seus filhos. A Palavra lembra que o trabalho dedicado no reino nunca é perdido e que o Pai generosamente sustenta e honra aqueles que confiam nele de todo o coração.

Deus recompensa os que o buscam com fé. A Bíblia está repleta de promessas de recompensa para os fiéis, os generosos, os perseverantes e os que servem ao Senhor de todo coração.

Deus recompensa a fé

Sem fé é impossível agradar a Deus, porque quem dele se aproxima precisa crer que Ele existe e recompensa os que o buscam diligentemente.

ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-

စုံ​စမ်း​ခြင်း​နှ​င့်​သွေး​ဆောင်​ခြင်း

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

သို့​သော်​လည်း၊ ထို​အ​ရပ်​တို့၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တစ်​ဖန်​ရှာ​လို​သော​အ​ခါ၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်​မည်။

တောင်း​လော့၊ ရှာ​လော့၊ ခေါက်​လော့

တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။-

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။-

Recompensa pelo serviço

O Senhor vê cada ato de fidelidade e promete galardão aos que servem com dedicação. O servo bom e fiel será honrado.

အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။- သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-

နောက်​ကျ​သော​သူ အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊-

Generosidade e provisão

Quem dá com generosidade receberá em abundância. Deus supre todas as necessidades segundo as suas riquezas em glória.

သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။

သင်​တို့​ကို ကျေး​ဇူး​ပြု​သော​သူ​တို့​အား​သာ ကျေး​ဇူး​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော သူ​တို့​သည် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော့။-

နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-

ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။-

မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။

က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။ ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။

လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။

O que Deus reservou para os seus

Olhos não viram, ouvidos não ouviram o que Deus preparou para os que o amam. Suas recompensas eternas superam toda imaginação.

ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။-

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-

ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း

ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။-

ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ သွန်းလောင်း​တော်​မူ၏။-

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။-

Buscar, pedir, perseverar

Jesus ensinou: pedi e recebereis, buscai e achareis. Deus se alegra em dar boas dádivas aos seus filhos que pedem com fé.

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာငတ်ခင်မွတ် သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-

သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို​ရှောင်၍ သု​စ​ရိုက်​ကို ရှာ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ သင်​တို့​ဆို​တတ်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​ထံ​သို့ လက်​တို့​ကို​ဆန့်​ပါ၏။ သွေ့​ခြောက်​သော​မြေ​ကဲ့​သို့ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။

Contentamento e eternidade

A verdadeira recompensa está na vida que Deus dá. O presente do trabalho, a satisfação no labor e a alegria no Senhor são dádivas de Deus.

ရွှင်​လန်း​ခြင်း​အ​မှု​နှင့် အ​သက်​ရှင်​စဉ်​တွင် ကျေး​ဇူး​ပြု​ခြင်း​အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​အ​ရာ​တို့၌၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ​သည်​ကို ငါ​သိ၏။ လူ​တိုင်း​စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​ကြိုး​စား အား​ထုတ်​သ​မျှ​သော​အ​မှု၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ အ​ခွင့်​ရှိ၏။

ငါ​သိ​မြင်​သော​အ​ရာ​ဟူ​မူ​ကား၊ စား​သောက်​ခြင်း​အ​မှု၊ နေ​အောက်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ကြိုး​စား​အား​ထုတ်၍ ရ​သော​အ​ကျိုး၌ ပျော်​မွေ့​ခြင်း​အ​မှု​ကို ပြု​ကောင်း၏။ လျောက်​ပတ်၏။ ထို​အ​မှု​သည် လူ၏​အ​ဖို့​ဖြစ်၏။

ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။

သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။

ယုံ​ကြည်​ခြင်း​ဖြ​င့်​အ​သက်​ရှင်​ခြင်း

ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။-

ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။-

ထို​အ​ကြောင်း​အ​ရာ​တို့​သည် အ​မှန်​ဖြစ်​ကြောင်း​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​ထောင်​သော သူ​တို့​အား ပေး​သ​နား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ခံ​ဖြစ်​တော်​မူ​သည်​ဟု ပြော​ဆို​ကြ၏။

သိ​နာ​တောင်​ပေါ်​သို့

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.