Reino dos céus
O Reino dos Céus é comparado por Jesus a tesouros, sementes e redes. Através de parábolas, Ele revelou os mistérios de um Reino que já está entre nós, mas que se consumará na eternidade.
O valor incomparável do Reino
O Reino dos Céus é como um tesouro escondido ou uma pérola de grande valor. Quem o encontra, vende tudo para possuí-lo.
အောင်းထားသော ဘဏ္ဍာပုံဥပမာ
"ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ လယ်နှိုက် အောင်းထားသော ဘဏ္ဍာဟို တွေ့သဖြင့် တခါ မြှပ်ထားခဲ့ပင်း ဝမ်းမြောက်စွာသွားပင်းရင် ဆိသမျှဟို ရောင်းချလျက် အဲလယ်ဟို ဝယ်သောသူနဲ့ တူအယ်။
ပုလဲ ပုံဥပမာ
"အဲပင်းရင် ခေါန်းခင်နိုင်ငံတော်ဟ ပုလဲကောင်းဟို ဆာလျက်နေသော ကုန်သည်နဲ့ တူအယ်။ သူဟ ရမ်းဆာ့ အဖိုးတန်လဲ့ ပုလဲဟို တွေ့သောအခါ ဆိသမျှဟို ရောင်းချယွေ့ အဲပုလဲဟို ဝယ်လေအယ်။
မုန့်ညင်းစေ့ ပုံဥပမာ
ယေရှုဟ အခြားပုံဥပမာဟို ပေးယွေ့ သူလို့အား မိန့်တာဟ "ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မုန်ညင်းအစေ့ဟို ယူယွေ့ မိမိစိုက်ခင်းထဲတွင် ကြဲသောသူနဲ့တူအယ်။ အဲအစေ့ဟ အစေ့တကာလို့ထက် သေးငယ်ပေမဲ့ ကြီးထွားလာသောအခါ ဟင်းသီးဟင်းရွက်ပင်လို့ထက် ကြီးလာသောကျောန့် ငက်များဟ လာယွေ့ အဲအပင်ရဲ့ အကိုင်းများတွင် အသိုက်ပြုလုပ်နိန်ကြအယ်" ဟု မိန့်အယ်။
တဆေး ပုံဥပမာ
ယေရှုဟ အခြားပုံဥပမာဟို ဆောင်ယွေ့ သူလို့ဟို မိန့်စဉ် "ခေါန်းခင်နိုင်ငံတော်သည် အမျိုးသမီးတယောက်ဟ တဆေးတချို့ဟို ယူပင်းလျှင် ဂျုံမှုန့်သုံးတင်းထဲတွင် ထည့်သဖြင့် မုန့်ညက်အားလုံးဟို ဖောင်းပွစေတတ်သော အဖြစ်အပျက်နဲ့ တူအယ်" ဟု မိန့်အယ်။
Parábolas do Reino
Jesus ensinou sobre o Reino mediante parábolas que revelam seu crescimento, seu juízo e a separação final entre justos e injustos.
မြက်သီးပင်များရဲ့ ပုံဥပမာ
ယေရှုဟ အခြားပုံဥပမာဟို ဆောင်ပင်း သူလို့အား မိန့်တာဟ "ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မိမိဂျုံအစေ့ မျိုးကောင်းမျိုးသန့်ဟို ကြဲသောသူနဲ့တူအယ်။ ညမှာ လူလို့ အိပ်မွေ့နေသောအခါ၊ ရန်သူဟ လာယွေ့ ဂျုံစေ့များကြားတွင် မြက်သီးစေ့များဟို ကြဲပင်းနောက် ထွက်ခွာသွားအယ်။ အပင်ပေါက်ယွေ့ အနှံထွက်လာသောအခါ၊ မြက်သီးပင်များလည်း ထွက်လာလေအယ်။ အဲအခါ ကျွန်လို့ဟ လယ်ဆှင်ဆေ လာယွေ့ ‘ဆရာ၊ ဆရာဂျုံခင်းတွင် မျိုးကောင်းမျိုးသန့် အစေ့များကြဲခဲ့အယ် မဟုတ်လော၊ မြက်သီးပင်များဟ စနားဟနေပင်း ရောက်ဆိလာလုန်း’ ဟု မေးကြအယ်။ လယ်ဆှင်ဟ ‘ဟေအရာဟ ရန်သူရဲ့ လက်ချက်ပင် ဖြစ်အယ်’ ဟု ဖြေအယ်။ အစေခံလို့ဟ ‘အဲသို့ဖြစ်မန့်မူ မြက်သီးများဟို သွားယွေ့ နုတ်လောရမယ်လော’ ဟု မေးပြန်ကြအယ်။ လယ်ဆှင်ဟ ‘နုတ်မပစ်ကြနဲ့၊ မြက်သီးများဟို နုတ်လိုက်ရင် ဂျုံပင်ဟို ရောယွေ့ အမြစ်ပါမကျန် ဆွဲနုတ်မိလိမ့်မယ်ဟို စိုးရိမ်ရအယ်။ ကောက်ရိတ်ချိန်တိုင်အောန် အပင်နေမျိုးလုံး ဆက်လက် ကြီးစေကြလော့။ အချိန်ရောက်မှ ကောက်ရိတ်သမားလို့အား ဦးရင် မြက်သီးများဟို နုတ်ယွေ့ စည်းထားပင်းလျှင် မီးရှို့ပစ်ကြ။ အဲပင်းရင် ဂျုံမျိုးစေ့ဟို စုသိမ်းယွေ့ ငါရဲ့ ကျီနှိုက် သွင်းထားကြဟု ငါမှာကြားမယ်’ ဟုဆိုအယ်" ဟူယွေ့ ပြန်ဖြေအယ်။
ယေရှုဟ မြက်သီးပင်များ ပုံဥပမာဟို ဆှင်းပြခြင်း
အဲပင်းရင် ယေရှုဟ လူအုပ်ကြီးဆေမှ ထွက်ခွာယွေ့ နေအိုင်ထဲဟို ဝင်အယ်။ တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ "လယ်ထဲမှ မြက်သီးပင်များရဲ့ ပုံဥပမာဟို ငါလို့အား ဆှင်းပြမန့်" ဟု ဆှောက်ထားကြအယ်။
ယေရှုဟ "ကောင်းသောမျိုးစေ့ဟို ကြဲသူဟ လူသားပင် ဖြစ်အယ်။ လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။ အဲမျိုးစေ့များဟို ကြဲသောရန်သူဟ မာရ်နတ် ဖြစ်အယ်။ ကောက်ရိတ်ချိန်ဟ ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပင်း ကောက်ရိတ်သမားများဟ ခေါန်းခင်တမန်များ ဖြစ်အယ်။ မြက်သီးပင်များဟို စုသိမ်းပင်း မီးရှို့ပစ်လိုက်သလိုမျိုး ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲတိုင်းတိုင်း ဖြစ်လိမ့်မယ်။ လူသားဟ မိမိရဲ့ခေါန်းခင်တမန်များဟို စေလွှတ်သဖြင့် သူလို့ဟ မှောက်မားလမ်းလွဲစေသော အရာများနဲ့ မတရားအမှုဟို ပြုသောသူဆိသမျှလို့ဟို နိုင်ငံတော်ထဲဟ နုတ်စေပင်းရင်၊ သူလို့ဟ တောက်လောင်သော မီးဖိုထဲဟို သူလို့အား လောချစေမယ်။ အဲနေရာနှိုက် ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်ကြ လိမ့်မယ်။ အဲအခါ ဖြောင့်မတ်သောလို့ဟ သူလို့အဖရဲ့ နိုင်ငံတော်တွင် နေလိုမျိုး ထွန်းလင်းတောက်ပလျက် နေကြလိမ့်မယ်။ ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ။
ပိုက်ကွန် ပုံဥပမာ
"အဲပင်းရင် ခေါန်းခင်နိုင်ငံတော်သည် တံငါသည်အချို့လို့ဟ အိန်တွင် သူလို့ရဲ့ ပိုက်ကွန်ဟို ချယွေ့ ငါးအမျိုးမျိုးဟို အုပ်မိသောအရာနဲ့ တူအယ်။ ပိုက်ကွန်အပြေ့ရသောအခါ တံငါသည်လို့ဟ ပိုက်ကွန်ဟို ကုန်းပေါ်သို့ ဆွဲတင်ယွေ့ ငါးများဟို ရွေးကြအယ်။ ငါးကောင်းများဟို ခြင်းများတွင် ထည့်ထားပင်းနောက် ငါးညံ့များဟိုမူ အပြင်ဟို လောထုတ်လိုက်ကြအယ်။ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲနည်းတူဖြစ်လိမ့်မယ်။ ခေါန်းခင်တမန်များဟ လာယွေ့ သူယုတ်မာများဟို သူတော်ကောင်းများထဲမှ ခွဲထုတ်ပင်းရင်၊ တောက်လောင်သော မီးဖိုထဲဟို လောချလိမ့်မယ်။ အဲနေရာနှိုက် ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်ကြလိမ့်မယ်။
Quem herda o Reino
Os humildes, os pobres de espírito e as crianças são herdeiros do Reino. Mas é difícil para os ricos entrarem nele.
မင်္ဂလာတရားတော်များ
"စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
စိတ်မသာ ညည်းတွားသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ ဘုရားသခင်ဟ သူလို့အား နှစ်သိမ့်မှုဟို ပေးလိမ့်မယ်။
စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင် ကတိထားသော အရာဟို ရဆိကြလိမ့်မယ်။
ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ လိုက်နာရန် လိုလားတောင်းတသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ ဘုရားသခင်ဟ သူလို့ဟို အပြေ့အဝ ကျေနပ်စေ လိမ့်မယ်။
သနားကြင်နာသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ ဘုရားသခင်ဟ အဲသူလို့အား သနားကြင်နာ လိမ့်မယ်။
စိတ်နေလုံး ဖြူစင်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ဟို မျော်ရကြ လိမ့်မယ်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု အခေါ်ခံရကြလိမ့်မယ်။
ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခံရသော သူလို့ဟ မင်္ဂလာဆိ ကြအယ်၊
အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
"နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။ ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်း
အဲအချိန်နှိုက် တဘဲ့တော်လို့ဟ ယေရှု ဆေဟို လာယွေ့ "ခေါန်းခင်နိုင်ငံတော်တွင် စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်း" ဟု မေးဆှောက်ကြအယ်။
အေးလိုမို့ ယေရှုဟ လူပဲ့သငယ်တယောက်ဟို သူ့နားဟို ခေါ်ပင်းရင် သူလို့ရဲ့ ဆေ့တွင် ရပ်နေစေပင်း ကိုယ်တော်ဟ "နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့သည် ပြောင်းလဲယွေ့ လူပဲ့သငယ်လူမျိုး မဖြစ်ရင် ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။ အဲကျောန့် ဟေလူပဲ့သငယ်လိုမျိုး မိမိတတ်တိုင်းနှိမ့်ချသောသူ စသူမဆို ခေါန်းခင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံး ဖြစ်လိမ့်မယ်။
ယေရှုဟ "လူပဲ့သူငယ်လို့ ငါ့ဆေဟို လာကြစေ၊ အားပင်း သူလို့ဟို မတားဆီးကြနဲ့။ ပစာကို့ ခေါန်းခင်နိုင်ငံတော်ဟ အဲသို့သော သူလို့ရဲ့ နိုင်ငံဖြစ်အယ်" ဟု မိန့်အယ်။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား "နင်လို့အား ငါ အမန်အကန် ပြောတာဟ ချမ်းသာသူဟ ခေါန်းခင်နိုင်ငံတော်ဟို ဝင်နိန်ရန် ခက်ခဲ့လအယ်။ တဖန် ငါ နင့်ဟို ပြောတာဟ၊ ချမ်းသာသောသူသည် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ဖို့ထက် အပ်နဖားပေါက်မှ ကုလားအုတ် လျှိုဝင်ရန် လွယ်ကူအယ်" ဟု မိန့်အယ်။
တဘဲ့တော်လို့ဟ အဲစကားဟို ကြားသောအခါ ရမ်းဆာ့ အံ့ဩကြသဖြင့် "အဲလိုမို့ စသူဟ ကယ်တင်ခြင်းဟို ရနိန်လုန်း" ဟု မေးဆှောက်ကြအယ်။
ယေရှုဟ သူလို့ဟို စိုက်ကျေ့လျက် "ဟေအရာဟ လူလို့အတွက် မဖြစ်နိန်ပေမဲ့လည်း ဘုရားသခင်အတွက် အရာအားလုံးဟ ဖြစ်နိန်အယ်" ဟု မိန့်အယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
Buscar o Reino acima de tudo
Jesus ensinou que devemos buscar primeiro o Reino e sua justiça. Nem todo que diz 'Senhor, Senhor' entrará — só quem faz a vontade do Pai.
နင်လို့ဟို မစခါမျှ ငါမသိ
" ‘သခင်၊ သခင်’ ဟု ငါ့ဟို ခေါ်သောသူတိုင်း ခေါန်းခင်နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်။ အဲလိုလဲ ခေါန်းခင်ဘုံဆှင် ငါ့အဖရဲ့ အလိုတော်အတိုင်း လိုက်ဆှောက်သူသာရင် ဝင်ရလိမ့်မယ်။
ပစာကို့ အကြင်သူဟ အသေးဆုံး ပညတ်တခုဟို တတ်တိုင်းလွန်ကျူးယွေ့ သူတပါးလို့အားလည်း အေးတိုင်းတိုင်း သင်ကြားသော အဲသူဟ ခေါန်းခင်နိုင်ငံတော်နှိုက် အငယ်ဆုံးသောသူ ဖြစ်လိမ့်မယ်။ အဲလိုလဲ အကြင်သူဟ တတ်တိုင်းကျင့်ယွေ့ သူတပါးလို့အားလည်း သင်ကြားပေးသူဟ ခေါန်းခင်နိုင်ငံတော်တွင် အကြီးဆုံးသောသူ ဖြစ်လိမ့်မယ်။ အကျောန်းမှာ ငါအမန်အကန်ဆိုတာဟ နင်လို့ရဲ့ ဖြောင့်မတ်ခြင်းဟ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများထက် မသာရင် နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို စခါမှ ဝင်ရလိမ့်မယ် မဟုတ်ဟု ဆိုအယ်။
အေးကျောန့် နင်လို့ ဟေလို့ ဆုတောင်းကြလော့၊
" ‘ခေါန်းခင်ဘုံနှိုက်ဆိလဲ့ ငါလို့အဖ၊
ကိုယ်တော်ရဲ့ နာမတော်အား ရိုသေလေးမြတ်ခြင်း ဆိစေမန့်။
နိုင်ငံတော် တည်ထောင်စေမန့်။
အလိုတော်ဟ ခေါန်းခင်ဘုံနှိုက် ပြေ့စုံသလိုမျိုး မြေကြီးပေါ်မှာ ပြေ့စုံစေမန့်။
နှစ်ခြင်းဆရာယောဟန်ရဲ့ ဟောပြောချက်
အဲအခါကာလနှိုက် နှစ်ခြင်းဆရာ ယောဟန်ဟ ယုဒ တောကန္တာရဟို လာပင်း စတင် ဟောပြောအယ်။ "နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ" ဟု ဟောပြောလေအယ်။
အဲအခါမှစပင်း ယေရှုဟ "နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ" ဟု ဟောခဲ့အယ်။
နင်လို့သွားပင်း ‘ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ’ ဟု ဟောပြောကြလော။
နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။
နင်လို့အား ငါ အမန်ပြောတာဟ၊ နှစ်ခြင်းဆရာယောဟန်သည် အသက်ဆှင်ခဲ့ဖူးသူတိုင်းထက် ပိုပင်းကြီးမြတ်အယ်။ အဲလိုလဲ ခေါန်းခင်နိုင်ငံတော်နှိုက် အသိမ်ငယ်ဆုံးသောသူဟ ယောဟန်ထက် ကြီးမြတ်အယ်။ နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှ ခနေ့တိုင်အောန်၊ ခေါန်းခင်နိုင်ငံတော်ဟ အကြမ်းဖက်လို့ရဲ့ တိုက်ခိုက်မှုဟို ခံရအယ်၊ အားပင်း အကြမ်းဖက်သမားလို့ဟ အဲနိုင်ငံဟို သိမ်းယူရန် ကြိုးစားကြအယ်။
A herança eterna
O Reino dos Céus é inabalável e eterno. Deus nos chama a fazer firme a nossa vocação e eleição para entrar nesse Reino.
အဲကျောန့် ငါလို့ဟ မတုန်လှုပ်နိန်သော နိုင်ငံတော်နဲ့ ကျေးဇူးတော်ဟို ရဆိတာ ဖြစ်ယွေ့ ကျေးဇူးတော်ဟို ချီးမွန်းကြစို့။ အဲလို ကျေးဇူးတော်ဟို ကြည်ညိုခြင်းနဲ့ ရိုသေခန့်ညားခြင်းလို့ဖြင့် ဘုရားသခင် နှစ်သက်လဲ့အတိုင်း ဝတ်ပြုကိုးကွယ်ကြစို့၊ အကျောန်းမှာ ငါလို့ရဲ့ ဘုရားသခင်ဟ လောင်ကျွမ်းသော မီးဖြစ်အယ်။
အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။ အေးနည်းတူ ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟို ဝင်နိန်ရန် အခွင့်အရေး အပြေ့အဝဟို နင်လို့ ရဆိကြလိမ့်မယ်။
သခင်ဘုရားဟ မကောင်းသောအမှုအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော မိမိရဲ့ နိုင်ငံတော်ထဲဟို လုံခြုံစွာ ပို့ဆောင်လိမ့်မယ်။ အဲသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိမန့်စေ၊ အာမင်။
ခေါန်းခင်ဘဏ္ဍာ
"သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။
အကျင့်ပျက်မှု၊ ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘကြီးသူ စသူမဆို ခရစ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အမွေဟို ဖယ်တော့မှ ရဆိမယ် မဟုတ်ကျောန်း နင်သေချာသိကြအယ်။