Reino dos céus
O Reino dos Céus é comparado por Jesus a tesouros, sementes e redes. Através de parábolas, Ele revelou os mistérios de um Reino que já está entre nós, mas que se consumará na eternidade.
O valor incomparável do Reino
O Reino dos Céus é como um tesouro escondido ou uma pérola de grande valor. Quem o encontra, vende tudo para possuí-lo.
ဝှပ်ဟှားဟှူဘဏ္ဍာ ပေါင်ဥပမာကြောန်း
"ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာဝှပ်ဟှားဟှူ ဘဏ္ဍာနတူလေဟှယ်။ လူတယော-က်ဟှာ ဘဏ္ဍာဟှို တွိဟှူ ခီမာ ပ္လန်ဖောင်းအောက်ဘီး ဝန်းသာအားရန ပ္လန်ဟှားဘီး သူမာရှိဟှူ ပစ်စီးလေ ဂူလောင်းဟှို ရောန်းဘီးဟှာ အယ်လယ်ဟှို ဝယ်လေဟှယ်။
ပုလဲ ပေါင်ဥပမာကြောန်း
"အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူ ပုလဲဟှို ရှာနေဟှူ ကူသယ်န တူဟှယ်။ အယ်မူကူသယ်ဟှာ ကောန်းဟှူ ပုလဲဟှို တွိရဟှူ ခီမာ သူ့မာရှိဇာ ဂူလောင်းဟှို ရောန်းဘီးဟှာ အယ်ပုလဲဟှို ဝယ်လေဟှယ်။
မုညှင်းစေ့ရဲ့ ပေါင်ဥပမာကြောန်း
ယေရှုဟှာ တခြားပေါင်ဥပမာအားဖြင့် "ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာစိုက်ဟှူ မုညင်းစေ့နတူလေဟှယ်။ မုညင်းစေ့ဟှာ စေ့လေ ဂူလောင်းထဲမာ ငယ်ဆောင်းဖြစ် ဘေမဲ့လည်း ကီးတတ်လာဟှူ ခီမာ ဗြစ်ပန်လေ ဂူလောင်းထဲမာ ကီးဆောင်း ဖြစ်ဟှယ်။ အယ်ကြောန့် ကောန်းဂန်ငှတ်လေဟှာ သစ်ကိုင်း သစ်ခပ်လေမာ သိုက်လောက်ဘီး ခိုနားနိုင်ဟှူ သစ်ပန်တဗန် ဖြစ်လာလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဆေးရဲ့ ပေါင်ဥပမာကြောန်း
ယေရှုဟှာ တခြား ပေါင်ဥပမာအားဖြင့် "ကောန်းဂန်နိုင်ငံတော်ဟှာ တဆေးန တူဟှယ်။ မီးမ တယော့-က်ဟှာ တဆေးဟှို ယူဘီး မုညစ် သောင်းတောန်းထဲဟှို ထဲ့လိုက်ဘီးဟှာ မုညစ် ဂူလောင်းဟှို ဖောန်းကြွစေတတ်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
Parábolas do Reino
Jesus ensinou sobre o Reino mediante parábolas que revelam seu crescimento, seu juízo e a separação final entre justos e injustos.
ဗြစ်ပန်ရဲ့ ပေါင်ဥပမာကြောန်း
ယေရှုဟှာ တခြားပေါင်ဥပမာန မိန့်တော်မူဟှူဇာဟှာ "ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲမားနတူလေဟှယ်။ လယ်သမားလေ အိမွိနေခီမာ ရန်သူလာဘီးဟှာ ဂျောင်မျိုးစေ့လေကြားထဲမာ ဗြစ်စေ့လေဟှို ကြဲလေဟှယ်။ အပန်လေပေါ့-က်လာဘီး သီးနှံထွပ်လာခီမာ တောဗြစ်ပန်လေလည်း ထန်ရှားလာလေဟှယ်။ လယ်ဇရှင်ရဲ့ စေခံလေဟှ လယ်ဇရှင်နားဟှို လာဘီး ‘သခင်၊ ကျွန်တော်ဟှားလေဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲပါဟှယ်။ တောဗြစ်ပန်လေဟှ ဖယ်နေရာဟှ ရော့-က်လာပါနူး’ ဆိုဘီး မေးဂေ့လေဟှယ်။ လယ်ဇရှင်ဟှ ‘အယ်မျိုးဖြစ်ဇာဟှာ ရန်သူလောက်ဇာဖြစ်ဟှယ်’ ဆိုဘီး ပ္လန်ပြောလိုက်ဟှယ်။ စေခံလေဟှ ‘ကျွန်တော်ဟှားလေ သွားနှုပစ်ရဟှို့လော’ ဆိုဘီး မေးဂေ့လေဟှယ်။ လယ်ဇရှင်ဟှ ‘နှုပစ်နအူး။ တောဗြစ်ပန်လေဟှို နှုဟှယ် ဆိုဟှာ ဗားဗန်လေလည်း ရောဘီးဟှာ နှုမိလေ့မယ်။ ဗားရိခီထိ တူးဒူကီးနေပါစေ။ ဗားရိကာလမာ ရင်ဦးဆောင်း တောဗြစ်ပန်လေဟှို ဝွီးနှုဘီးဟှာ မီးရှို့ဟှို့တွပ် ကြိုးနခယ်ဂေ့။ ဗားလေဟှို စုသီးဘီးဟှာ ဗားဂတ်ထဲဟှို ထဲ့ဂေ့’ ဆိုဘီး ဗားရိမားလေဟှို ငါပြောမယ် ဆိုဘီး လယ်ဇရှင်ဟှ ပြောလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ဗြစ်ပန်ရဲ့ ပေါင်ဥပမာဟှို ရှင်းပြဟှူကြောန်း
အယ်ဘီးန ယေရှုဟှာ တရားတော်ဟှို ဆောင်းသတ်ဘီးဟှာ အီထဲဟှို ဝမ်လေဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ "လယ်ထဲမာကြဲဟှူ ဗြစ်စေ့ရဲ့ ပေါင်ဥပမာဟှို ကျွန်တော်ဟှားလေဟှို ပြောပြပေးပါ" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ "ကောန်းဟှူ မျိုးစေ့ဟှို ကြဲမားဟှာ လူ့ရဲ့သား ဖြစ်ဟှယ်။ လယ်ဟှာ အယ်လောကဖြစ်ဟှယ်။ ကောန်းဟှူ မျိုးစေ့ဟှ နိုင်ငံတော်သား ဖြစ်ဟှယ်။ ဗြစ်စေ့ဟှာ နတ်ဆိုးရဲ့ သားလေဖြစ်ဟှယ်။ ဗြစ်စေ့ဟှို ကြဲဟှူ ရန်သူဟှာ မာရ်နတ် ဖြစ်ဟှယ်။ ဗားရိဟှူ ကာလဟှာ အယ်ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ဘီး ဗားရိမားလေဟှာ ကောန်းဂန်တမန်လေ ဖြစ်ဟှယ်။ တောဗြစ်ပန်လေဟှို စုသီးဘီးဟှာ မီးရှို့ဟှူမျိုး ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ရလေ့မယ်။ လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို စေလွှတ်ဘီးဟှာ လူလေဟှို လမ်းလွဲဘီး မှားယွင်းအောန်လောက်ဟှူ သူလေန တရားဘဲဟှူ သူလေ ဂူလောင်းဟှို နိုင်ငံတော်ထဲဟှ ဝီးထုဘီးဟှာ၊ တော့-က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လစေတော်မူမယ်။ အယ်သူလေလည်း အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်။ အယ်ဘီးန ဖြောန့်မတ်ဟှူ လူလေဟှာ သူးနို့ရဲ့ ဖနိုင်ငံတော်မာ နေတော့-က်ပမျိုး တော့-က်ပလေ့မယ်။ နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!
ပိုက်ကွန် ပေါင်ဥပမာကြောန်း
"အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ပန်လယ်ထဲဟှ ငါးလေဟှို ဖမ်းဟှူပိုက်ကွန်နတူလေဟှယ်။ ပိုက်ကွန်ထဲမာ ငါးလေပ္လဲ့ဟှားခီမာ ငါးဖမ်းမားလေဟှ ကူးထပ်ဟှို ဆွဲဒန်ဘီး ကောန်းဟှူငါးလေဟှို တောန်းထဲမာ ဝီးထဲ့ဘီးဟှာ ကောန်းဘဲဟှူငါးလေဟှို ပ္လန်ဟှို ပစ်ထုလိုက်ဂေ့ဟှယ်။ အယ်မူတိုင်းဘဲ့ ကပ်ကမ္ဘာကူဆောင်းဟှူ ခီမာ ကောန်းဂန်တမန်လေ ဆင်းလာဘီး ဖြောန့်မတ်ဟှူသူလေထဲဟှ ဆိုးယောက်ဟှူသူလေဟှို ခွဲထုဘီးဟှာ တော့-က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လလေ့မယ်။ အယ်သူလေဟှာ အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
Quem herda o Reino
Os humildes, os pobres de espírito e as crianças são herdeiros do Reino. Mas é difícil para os ricos entrarem nele.
မင်္ဂလာတရားတော်ကြောန်း
"စိနှလောင်းနှိခ္လဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
ဝန်းနဲပူဆွေးဘီး သောကရော့-က်နေဟှူသူလေဟှာ မင်္ဂလာရှိလေဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို အားပေးနှစ်သိမ့်မှုလေ ပေးလေ့မယ်!
စိနူးညံ့သိမ်မွေ့ဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင် ဂဒိထားတော်မူဟှူ လောကရဲ့ မွီဟှို လတ်ခံရလေ့မယ်!
ဖြောန့်မတ်ရှင်းဟှို ငတ်ပြတ်နေဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဖြားဖြစ်ကြောန်းနူးဆိုဟှာ သူးနို့လေဟှာ ဗိုက်ပ္လဲ့ရဂေ့လေ့မယ်!
သနားကြင်နာတတ်ဟှူ သူလေဟှာ မင်္ဂလာရှိဟှယ်။
ဘုရားသခင်ဟှာ အယ်သူလေဟှို သနားကြင်နာတော်မူလေ့မယ်!
စိနှလောင်းဖ္လူစင်ဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ဟှို ဗြင်ရဂေ့လေ့မယ်!
ယော့-က်နယော့-က်ဟှို သင့်မြတ်အောန် လောက်ပေးဟှူသူလေဟှာ မင်္ဂလာရှိဟှယ်။
အယ်သူလေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရလေ့မယ်!
ဘုရားသခင်ရဲ့ လိုတော်တိုင်း လောက်ဆောန်ဟှူကြောန့် နှိစစ်ညှဉ်းဆဲခံရသူလေဟှာ မင်္ဂလာရှိဟှယ်။
ကောန်းဂန်နိုင်ငံတော်ဟှာ အယ်သူလေရဲ့ နိုင်ငံဖြစ်ဟှယ်!
"ငါ့ကြောန့် ညှဉ်းဆဲကဲ့ရဲ့ခံရဘီး မှန်ဘဲန စွပ်စွဲခံရခီမာ နန်းနို့ဟှာ မင်္ဂလာရှိဟှယ်။ ဝန်းသာအားရဖြစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့တွပ် ရရာတိုင်း ကီးဟှူဆုလာဘ် ရှိဟှယ်။ နန်းနို့ရှေ့ဟှ ပရောဖက်လေလည်း အယ်မျိုးဘဲ့ ညှဉ်းဆဲခံရဂေ့ဟှယ်။"
ဖယ်သူဟှာ ကီးမြတ်ဆောင်းနူး
အယ်ခီမာ တဗဲ့တော်လေဟှ ယေရှုနားဟှို လာဂေ့ဘီးဟှာ "ကောန်းဂန်နိုင်ငံတော်မာ ဖယ်မျိုးသူဟှ ကီးမြတ်ဆောင်းနူး" ဆိုဘီး မေးလျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ သားဂန်းတယော့-က်ဟှို သူ့နားဟှိုခေါ်ဘီးဟှာ တဗဲ့တော်လေရှေ့မာ ရပ်ခိုင်းလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှ "ငါ မှန်ပြောမယ်၊ နန်းနို့လေ ပ္လောန်းလဲဘီးဟှာ အယ်သားဂန်းဟှားမျိုး ဖြစ်ဘဲဟှ ဆိုဟှာ ကောန်းဂန်နိုင်ငံတော်ဟှို ရော့-က်ရဟှို့ မှုဟှ။ အယ်ကြောန့် အယ်သားဂန်းမျိုး စိနှိခ္လဟှူသူဟှာ ကောန်းဂန်နိုင်ငံတော်မာ ကီးမြတ်ဆောင်း ဖြစ်ဟှယ်။
ယေရှုဟှလည်း "သားဂန်းလေ ငါ့နားဟှို လာပါစေ။ ဆီးတားဂေ့န။ ကောန်းဂန်နိုင်ငံတော်ဟှာ အယ်မျိုးသူလေရဲ့ နိုင်ငံဖြစ်လေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်န ယေရှုဟှ တဗဲ့တော်လေဟှို "ငါ မှန်ပြောမယ်၊ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ ရရတိုင်း ခတ်လေဟှယ်။ ငါထပ်ပြောအူးမယ်။ ပစ်စီးအောက်စာ ကြွယ်ဝဟှူ သူလေဟှာ ဘုရားသခင်ရဲ့ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်နိုင်ဟှို့ထတ် ကုလားအုတ်ဟှာ အပ်ခေါန်းပေါ့-က်ဟှို လျှိုဟှို့ ပိုဘီး လွယ်ကူဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
တဗဲ့တော်လေဟှာ အယ်စကားဟှို ကြားဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဟှားဘီး "အယ်ဆိုဟှာ ဖယ်သူလေဟှာ ကယ်တန်ဇာဟှို ခံရနိုင်မယ်နူး" ဆိုဘီး မေးလျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ သူးနို့လေဟှို ကေ့ဘီးဟှာ "အယ်မှုဟှို လူတတ်နိုင်ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ ဂူလောင်းဟှို တတ်နိုင်တော်မူလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
ငါရှစ်ရဟှူ ညီကို မောန်နှမလေ၊ နားထောန်ဂေ့ပါ။ ယောင်ကြည်ရှင်းမာ ကြွယ်ဝဟှူ လူလေဖြစ်ဂေ့ဟှို့တွပ်၊ ဒိထားဟှားဟှူ နိုင်ငံတော်ဟှို မွီခံရဟှူလူလေ ဖြစ်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ လောကမာ ဆင်းရဲဟှူလူလေဟှို ဝီးကော့-က်ဟှားဇာ မှုဟှလော။
Buscar o Reino acima de tudo
Jesus ensinou que devemos buscar primeiro o Reino e sua justiça. Nem todo que diz 'Senhor, Senhor' entrará — só quem faz a vontade do Pai.
နန်းနို့လေဟှို ငါလောင်းဝသိဟှ
"ငါ့ဟှို ‘သခင်၊ သခင်’ ဆိုဘီး ခေါ်ဟှူသူတိုင်း ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ။ ကောန်းဂန်ဘောင်မာ ရှိဟှူ ငါ့ဖရဲ့လိုဟှို ဆောန်ဟှူသူဘဲ့ ဝမ်ရလေ့မယ်။
အယ်ကြောန့် ငယ်ဆောင်းဖြစ်ဟှူ ပညတ်တခုဟှို ကိုယ်ကိုယ်တိုင်လည်း ကျူးလွန်ဘီးဟှာ သူများလေဟှိုလည်း အယ်မျိုးသွန်သန်ပေးဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံတော်မာ အငယ်ဆောင်းသူ ဖြစ်ရလေ့မယ်။ ကိုယ်ကိုယ်တိုင်လည်း လိုက်နာဘီးဟှာ သူများလေဟှိုလည်း သွန်သန်ပေးလေဟှယ်။ အယ်သူဟှာ ကောန်းဂန်နိုင်ငံမာ ကီးမြတ်ဟှူ သူဖြစ်လေ့မယ်။ ဘုရားသခင်ရဲ့ လိုတော်တိုင်း သတ်ရှင်ခီမာ နန်းနို့လေရဲ့ ကျင့်ဟှာ ဖာရိရှဲန ကျမ်းပြုဆရာလေ ကျင့်ဟှူကျင့်ထတ် ပိုသာဘဲဟှ ဆိုဟှာ ကောန်းဂန်နိုင်ငံတော်ဟှို ဝမ်ရဟှို့ မှုဟှ ဆိုဘီး ငါမှန်တိုင်းပြောဟှယ်။
အယ်ကြော့န် နန်းနို့လေ ဆုတောန်းဟှူ ခီမာ၊
"‘ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူဖ၊
ကိုယ်တော်ရဲ့ နာမတော်ဟှို ရိုသေလေးမြတ်ရှင်း ရှိပါစေ။
နိုင်ငံတော် တည်ထောန်ပါစေ။
လိုတော်ဟှာ ကောန်းဂန်နိုင်ငံမာ ပ္လဲ့ဇောင်ဟှူမျိုးဘဲ့ မ္လေဂီးထတ်မာလည်း ပ္လဲ့ဇောင်ပါစေ။
ဗတ္တိဇံယောဟန်ရဲ့ ဟောပြောဟှူကြောန်း
အယ်ကာလမာ ဗတ္တိဇံယောဟန်ဟှာ ပေါ်လာဘီး ယုဒပြည် ကန္တာရမာ စဘီး ဟောပြောလေဟှယ်။ "နောန်ဒရဂေ့ပါ။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!" ဆိုဘီး ကြေညာဟှယ်။
အယ်ခီဟှနေစဘီး ယေရှုဟှာ "နောန်ဒရဂေ့။ ကောန်းဂန်နိုင်ငံတော်ဟှာ တည်ခါနီးနေဘီ!" ဆိုဘီးဟှာ ကြေညာဟှယ်။
"သွားဘီးဟှာ ‘ကောန်းဂန်နိုင်ငံတော် တည်ထောန်ဟှို့နီးဘီ!’ ဆိုဘီး ဟောပြောဂေ့ပါ။
ငါပြောမယ်။ လူလေဘောင်ဂီးဟှာ ရှေ့ရပ်၊ နော့-က်ရပ်ဟှလာဘီး ကောန်းဂန်နိုင်ငံတော်မာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်လေနတူးဒူ စားသော့-က်ဗွဲမာ လာဘီးထိုင်လေ့မယ်။
ငါ မှန်ပြောရမယ် ဆိုဟှာ မီးမမွီးဟှူ သူလေထဲမာ ဗတ္တိဇံယောဟန်ထတ် ကီးမြတ်ဟှူသူ တယော့-က်လည်း ပေါ်ထွပ်သေးဟှ။ အယ်ဘေမဲ့ ကောန်းဂန်နိုင်ငံတော်မာ ငယ်ဆောင်းဖြစ်ဟှူသူဟှာ ယောဟန်ထတ် ပိုဘီး ကီးမြတ်လေဟှယ်။ ဗတ္တိဇံယောဟန် လတ်ထတ်ဟှနေဘီး ခုခီထိ ကောန်းဂန်နိုင်ငံတော်ဟှာ အဓမ္မလူလေရဲ့ ကြမ်းဖတ်မှုလေဟှို ခံရလေဟှယ်။
A herança eterna
O Reino dos Céus é inabalável e eterno. Deus nos chama a fazer firme a nossa vocação e eleição para entrar nesse Reino.
အယ်ကြောန့် နို့လေဟှာ လှောက်နိုင်ဘဲဟှူ နိုင်ငံဟှို ရဟှူသူလေဖြစ်ကြောန့် ခန့်ညား ကြော့-က်ရွံ့ဟှူ သဘောန ဘုရားသခင် နှစ်သက်ဟှူ နည်းတိုင်း ဝတ်ပြုကိုးကွယ်ဟှို့တွပ် ကျေးဇူးတော်လေဟှို စွဲလန်းဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ ဘုရားသခင်ဟှာ လောင်ဟှူမီး ဖြစ်တော်မူဟှယ်။
အယ်ကြောန့် ညီကို မောန်နှမလေ နန်းနို့ခံရဟှူ ခေါ်တော်မူရှင်းန ဝီးကော့-က်တော်မူရှင်းဟှို တည်မြဲစေဟှို့တွပ် ပိုဘီး ကြိုးစားအားထုဂေ့ပါ။ အယ်မျိုးပြုနေမယ် ဆိုဟှာ ထိမိဘီးလဲဇာန မြဲဒမ်း ကင်းလွတ်လေ့မယ်။ နော့-က်ဘီး နို့လေဟှို ကယ်တန်တော်မူဟှူ သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟှို ဝမ်စားဟှူခွမ့်ဟှို နန်းနို့လေဟှို ကြွယ်ဝအောန် ပေးသနားတော် မူလေ့မယ်။
အယ်မျှလော့-က်နမကဟှ သခင်ဘုရားဟှာ ကောန်းဘဲဟှူဇာ ဂူလောင်းဟှနေ ငါ့ဟှို ကယ်နှုတော်မူဘီး ထတ်ကောန်းဂန်ရပ်မာရှိဟှူ သူ့ရဲ့ နိုင်ငံတော်ထဲဟှို လောင်ခြောင်မှုပ္လဲ့ဝန ပို့ဆောန်တော်မူလေ့မယ်။ အယ်သခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
ကောန်းဂန်ဘဏ္ဍာကြောန်း
"သိုးစုငယ်၊ ကြော့-က်ဂေ့န။ နန်းနို့ရဲ့ ဖဟှာ နန်းနို့တွပ် နိုင်ငံတော်ဟှို ပေးဟှို့ လိုရှိတော်မူဟှယ်။
ကာမဂေါင်လိုက်စားဇာ၊ ညစ်ညူးဟှူဇာ၊ လောဘကီးဟှူဇာလေဟှာ ရောက်ထုဟှို ကိုးကွယ်ဟှူမျိုးဘဲ့ ဖြစ်ဟှူကြောန့် ခရစ်တော်န ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟှို ဝမ်ရဟှို့မှုဟှ ဆိုဇာဟှို နန်းနို့ဟှ သိဂေ့ဟှယ်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.