Resistir
Resistir ao diabo e às forças do mal é um imperativo bíblico. Deus nos deu autoridade, armas espirituais e poder para enfrentar e vencer toda investida do inimigo.
Autoridade em Cristo
Jesus deu aos seus discípulos autoridade sobre todo o poder do inimigo. Em seu nome, temos domínio sobre as trevas.
နားထောင်ကတ်၊ မြွီဆိုးတိ၊ ကင်းမီးကောက်တိကို နင်းလားနိုင်ခြင်းငှာ လည်းကောင်း၊ ရန်သူ၏တန်ခိုးအားလုံးကို အောင်နိုင်ခြင်းငှာလည်းကောင်း အခွင့်အာဏာကို သင်ရို့အား ငါ ပီးအပ်ထားပြီးဖြစ်၏။ သို့ဖြစ်၍ သင်ရို့အား ဇာအရာကလည်း နာကြင်အောင် မလုပ်နိုင်။
တပည့်တော် ခုနစ်ဆယ့်နှစ်ဦး ပြန်လာခြင်း
တပည့်တော် ���� ဦးရို့သည် အလွန်ဝမ်းမြောက်စွာ ပြန်လာပြီးလျှင် "အသျှင်၊ ကိုယ်တော်၏ နာမတော်၌ နတ်ဆိုးတိပင် အကျွန်ရို့ကို နာခံကြပါ၏" ဟု လျှောက်ကြ၏။
ယေသျှုက တပည့်တော် တစ်ဆယ့်နှစ်ပါးကို ရွှတ်တော်မူခြင်း
ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးအပေါင်းကို နှင်ထုတ်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးအာဏာကို ပီးအပ်တော်မူ၏။
တမန်တော်တစ်ဆယ့်နှစ်ယောက်
ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို အတူတကွ ခေါ်ပြီးလျှင် ဝိညာဉ်ဆိုးတိကို နှင်ထုတ်နိုင်ခြင်းငှာ လည်းကောင်း၊ အနာရောဂါအမျိူးမျိူးကို ပျောက်ကင်းစီခြင်းငှာ လည်းကောင်း၊ သူရို့အား အခွင့်အာဏာများကို ပီးတော်မူ၏။
ငါသည် သင့်အား ကောင်းကင် နိုင်ငံတော်၏ သော့များကို ပီးမည်။ သင်က မြီကြီးထက်၌ တားမြစ်သည့်အရာများကို ကောင်းကင်ဘုံတွင်လည်း တားမြစ်လိမ့်မည်။ သင်က မြီကြီးထက်၌ ခွင့်ပြုသမျှကို ကောင်းကင်ဘုံ၌လည်း ခွင့်ပြုလိမ့်မည်။"
A armadura de Deus
Somos chamados a revestir a armadura completa de Deus para resistir às ciladas do diabo e permanecer firmes na batalha espiritual.
ဘုရားသခင်၏ လက်နက်စုံ
နောက်ဆုံး စကားဟူမူကား၊ သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စီကြလော့။ မာရ်နတ်၏ ဆိုးညစ်သော ပရိယာယ်များကို ခုခံကာကွယ်နိုင်ခြင်းငှာ ဘုရားသခင်ပီးတော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
မာရ်နတ်ကို အခွင့်မပီးကတ်ကေ့။
ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိ မဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊ ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။
Firmes na resistência
Resistir ao diabo é um ato de fé ativa. A Bíblia nos garante que quando resistimos, ele foge, e que maior é o que está em nós do que o que está no mundo.
သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။ သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။
သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။
မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။
ယေသျှုသည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်ရို့ကို ကြည့်တော်မူလျှက် ပေတရုအား "အချင်း မာရ်နတ်၊ ငါ့ထံပါးက ထွက်လားလော့။ သင်၏အတွေးကား ဘုရားသခင်ထံပါးက လာခြင်း မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏" ဟု ဆုံးမတော်၏။