Pular para o conteúdo
Publicidade

Ressurreição

Por Bíblia Online

Quando você pensa na morte e no fim de todas as coisas, é fácil sentir o peso da incerteza. A cruz parecia o fim da história, o ponto final definitivo para os seguidores de Jesus e para qualquer esperança humana.

Deus mudou a direção de tudo ao ressuscitar Jesus ao terceiro dia. Essa vitória sobre o túmulo muda o seu presente e garante o seu futuro, transformando o medo em uma certeza viva para os seus dias.

A ressurreição é o pilar da fé cristã. Se Cristo não ressuscitou, é vã a nossa fé. Mas Ele venceu a morte, e essa é a garantia da nossa própria ressurreição.

Cristo ressuscitou

O túmulo está vazio! Os anjos declararam: 'Ele não está aqui; ressuscitou!' A ressurreição de Cristo é o fato mais transformador da história.

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။- လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​ဟု ဆို​ကြ​သည်​ရှိ​သော်၊-

ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။- ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။-

ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။-

Ressurreição e vida eterna

Jesus disse: 'Eu sou a ressurreição e a vida.' Quem crê nele viverá, mesmo que morra. A morte foi derrotada na cruz e no túmulo vazio.

ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။-

သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။-

ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊- လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။-

တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။-

Nossa esperança futura

A ressurreição de Cristo garante nossa esperança viva. O Deus de paz trouxe dos mortos o grande Pastor das ovelhas para nossa salvação.

ရှင်​သန်​သော​မျှော်​လ​င့်​ခြင်း

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-

နိ​ဂုံး​ချုပ်​ဆု​တောင်း​ပ​တ္ထ​နာ

ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊- မိ​မိ​နှစ်​သက်​တော်​မူ​သော အ​မှု​အ​ရာ​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၌​ပြု​တော်​မူ၍၊ သင်​တို့​သည် အ​လို​တော်​သို့ လိုက်​မည်​အ​ကြောင်း၊ ကောင်း​သော​အ​ကျင့် အ​မျိုး​မျိုး၌ သင်​တို့​ကို ပြု​ပြင်​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင် ယေ​ရှု​ခ​ရစ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-

ပ​ထ​မထ​မြောက်​ခြင်း​ကို ဝင်​စား​သော သူ​သည် မင်္ဂ​လာ​ရှိ​သော​သူ၊ သန့်​ရှင်း​သော​သူ ဖြစ်၏။ ထို​သို့​သော​သူ​သည် ဒု​တိ​ယ​သေ​ခြင်း၏ လက်​နှင့် ကင်း​လွတ်​လျက်၊ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်၊ ခ​ရစ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ​လိမ့်​မည်။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်နေ​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်​ကြ​လိမ့်​မည်။- လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.