Roupas
A Bíblia fala sobre roupas em sentido literal e espiritual. Deus vestiu Adão e Eva, nos veste de salvação e nos chama a revestir-nos de Cristo e de virtudes santas.
Deus provê as vestes
Desde o Éden, Deus cuidou das necessidades dos seus filhos. Ele nos veste de salvação e de justiça, cobrindo nossa vergonha com sua graça.
Revestidos de Cristo
Pelo batismo, somos revestidos de Cristo. A Bíblia nos exorta a vestir compaixão, bondade, humildade, mansidão e paciência.
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
အောန်မြင်သောသူဟ အေးလိုပင် ဖြူသော ဝတ်လုံဟို ဝတ်ဆင်ရလိမ့်မယ်။ ငါဟလည်း သူရဲ့ နာမယ်ဟို အသက်စာစောင်မှ လုံးဝပယ်လောမယ် မဟုတ်။ ငါဟ သူရဲ့ နာမယ်ဟို ငါ့ခမည်းတော်ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ခေါန်းခင်တမန်များဆေ့နှိုက် လည်းကောင်း ဝန်ခံမယ်။
Modéstia e confiança
A beleza verdadeira não está no exterior. A Escritura valoriza o caráter interior acima de adornos e nos ensina a não nos preocupar excessivamente com roupas.
အမျိုးသမီးလို့အားလည်း လျောက်ပတ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြစေလိုအယ်၊ ဆံပင်ဟို အလှထုံးခြင်း၊ ဆွေ၊ ပုလဲ အဲဟာမဟုတ်ရင် အဖိုးထိုက်လဲ့ အဝတ်တန်ဆာများဟို ဝတ်ဆင်ခြင်းလို့ဟို မပြုသင့်ကြ။ သူလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်သူများ ပြုသင့်လဲ့အတိုင်း ကောင်းမြတ်သော အကျင့်များဖြင့် မိမိတတ်တိုင်း တန်ဆာဆင်ကြရအယ်။
နင်လို့ရဲ့ တန်ဆာဆင်ခြင်းဟ ဆံပင်ကျစ်ခြင်း၊ ဆွေတန်ဆာဆင်ခြင်း၊ အဝတ်အစားများဖြင့် ဆင်ယင်ခြင်း ဟူသော အပြင်ပန်း တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။
"အဲကျောန့် ငါ နင်လို့ဟို ပြောတာဟ၊ နင်လို့ ဖဝါ့အတွက် ပစာစားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့။ ဖယ်လိုဝတ်ရမယ်ဟို ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနဲ့။ အသက်ဟ အစားအသောက်ထက် လည်းကောင်း၊ ခန္ဓာကိုယ်ဟ အဝတ်ထက် လည်းကောင်း ပိုယွေ့ အရေးကြီးတာ မဟုတ်လော။
အကျောန်းမှာ ငါလို့ဟ ဟေလောကထဲဟို စလိုအရာဟိုမျှ မယူလာသလို စလိုအရာဟိုမျှလည်း သယ်ယူသွားနိန်မယ် မဟုတ်။ အဲလိုမို့ ငါလို့ဟ စားစရာနဲ့ ဝတ်စရာဆိရင် အဲအရာလို့နဲ့ ကျေနပ်ကြရမယ်။
"မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
ထောင်ပေါင်းများစွာသော လူအုပ်ကြီးများလို့ဟ အတူတူစုသောကျောန့် အချင်းချင်း တက်နင်းမိကြအယ်၊ ယေရှုဟ တဘဲ့တော်လို့ဟို ပထမဦးဆုံး "ဖာရိရှဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆောင်ကြဟု မိန့်အယ် — ဆိုလိုတာဟ သူလို့ဟ သူတော်ကောင်းယောင်ဆောင်ထားသောကျောန့် ဖြစ်အယ်။ ဖုံးထားသော အရာဆိသမျှဟ ပွင့်လာရမယ်၊ လျှို့ဝှက်ထားတဲ့ အရာဟလည်း သိလာရလိမ့်မယ်။ အဲလိုမို့ မိုက်တွင် နင်လို့ ပြောလဲ့စကားများဟို သူများလို့ဟ အလင်းနှိုက် ကြားသိရလိမ့်မယ်၊ အိုင်အတွင်းခန်းတွင် နင်လို့ သီးသန့် တိုးတိုးပြောလဲ့စကားဟ နေအိုင်မိုးပေါ်ဟ အော်ပြောရလိမ့်မယ်ဟု မိန့်အယ်။
"ငါ့မိတ်ဆွေလို့ ငါပြောတာဟ ခန္ဓာကိုယ်ဟို သတ်ပင်း၊ တခြားဆိုးသောအမှုဟို မလုပ်နိန်သော သူလို့ဟို မကြောက်ကြနဲ့။ စသူ့ဟို ကြောက်ရမလဲဆိုတာ နင်လို့ဟို ငါ ပြောမယ်၊ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့၊ ကိုယ်ခန္ဓာဟို သတ်ပင်းနောက် ငရဲထဲဟို ချနိန်လဲ့ အခွင့်အာဏာဆိသော သူ့ဟို ကြောက်ကြလော့။ ငါအမန်ဆိုတာဟ အဲအဆှင်ဟို ကြောက်ကြလော့။
"စိန်စာငက် ငါးကောင်ဟို ပဲနိနေပြားနဲ့ ဝယ်ရတာ မဟုတ်လော၊ စိန်စာငက် တကောင်တောင် ဘုရားသခင်ဟ မမေ့ဝူး။ နင်လို့ ဦးခေါင်းပေါ်ဟ ဆံပင်လို့ဟို အကုန်လုံး ရေတွက်ထားအယ်။ အဲကျောန့် နင်လို့ မကြောက်ကြနဲ့၊ နင်လို့ဟ စိန်စာငက်များလို့ထက် ပိုပင်း မြတ်ကြအယ်။
"နင်လို့ဟို ငါဆိုတာဟ သူလို့ဟို ငါပိုင်ကျောန်း လူများလို့ဆေ့မှာ ဝန်ခံလဲ့သူဟို လူသားဟလည်း ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဆေ့တွင် အဲတိုင်းတိုင်း ငါ ဝန်ခံမယ်။ အဲလိုလဲ လူများလို့ဆေ့မှာ ငါ့ဟို ငြင်းပယ်ရင် လူသားဟလည်း ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များဆေ့မှာ သူလို့ဟို ငါ ငြင်းပယ်မယ်။
"လူသားဟို နှုတ်နဲ့ ပစ်မားသောသူရဲ့ အပစ်ဟို ခွင့်လွှတ်နိန်အယ်။ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်ဟို နှုတ်နဲ့ ပစ်မားသောသူရဲ့ အပစ်ဟိုတော့ ခွင့်လွှတ်နိန်မောင့်လဲ့။
"သူလို့ဟ နင်လို့ဟို တရားဇရပ်များ၊ အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဆေ့ဟို ခေါ်ဆောင်သွားကြသောအခါ ကိုယ့်တတ်တိုင်းဟို စလို ချေပပြောရမယ်ဆိုတာဟို မစိုးရိမ်ကြနဲ့။ အေးအချိန်နှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဟ စလို ပြောရမယ်ဆိုတာ နင်လို့ဟို သင်ကြားပေးလိမ့်မယ်" ဟု မိန့်အယ်။
လူအုပ်ကြီးထဲမှ လူတယောက်ဟ "ဆရာ၊ ငါလို့အဖ ထားခဲ့လဲ့ ပစ္စည်းတွေဟို ခွဲဝေပေးရန် ငါရဲ့ ကိုရင်ဖြစ်သူဟို ပြောပေးပါ" လို့ ယေရှုဟို ပြောအယ်။
ယေရှုဟ "အချင်းလူ၊ ဖယ်သူဟ ငါ့ဟို မန်ကန်တဲ့ တရားသူကြီးအဖြစ် လည်းကောင်း၊ နင်လို့ကြားမှာ ပစ္စည်းဥစ္စာများဟို ခွဲဝေပိုင်သောအခွင့်ဟို လည်းကောင်း၊ ငါ့အား အပ်ပေးလုန်း" ဟု သူ့အား ပြန်ပြောအယ်။ အေးသူဟ သူလို့အားလုံးဟို "လောဘအမျိုးမျိုးဟို သတိနဲ့ဆောင်ကြလော့၊ ပစာကို့ စလောက်ပဲ ချမ်းသာပါစေ၊ နင့်ရဲ့ စစ်မန်လဲ့ ဖဝါ့ဟာ နင်ပိုင်ဆိုင်ထားလဲ့ အရာတွေအပေါ်မှာ မတည်" ဟု မိန့်အယ်။
အေးနောက် ယေရှုဟ ပုံဥပမာနဲ့ တဘဲ့တော်များလို့ဟို "ချမ်းသာလဲ့ လူတဦးနှိုက် မြေကောင်းယွေ့ အသီးအနှံများ ထွက်သော လယ်တကွက်ဆိအယ်။ သူဟ ‘ငါ့သီးနှံများဟို သိမ်းထားမဲ့နေရာ မဆိတော့ဝူး၊ ငါ ဖယ်လိုလုပ်ရမလဲ’ ဟု စတင်ပင်း ကိုယ့်တတ်တိုင်းဟို စဉ်းစားလာအယ်၊ ငါ ဟေလိုလုပ်မယ်၊ ‘ငါ့ကျီများဟို ဖြိုဖျက်ပင်းရင် ပိုကြီးလဲ့ဟာကို တည်ဆောက်မယ်၊ ငါရဲ့ စပါးနဲ့ တခြား ပစ္စည်းများဟို သိုထားမယ်။ အေးနောက် ငါဟ ကံကောင်းလဲ့လူလို့ ငါ့ဝိညာဉ်အား ငါပြောမယ်၊ နင်ဟ နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာပစ္စည်းများဟို သိုမှီးထားလျက် ဆိအယ်၊ ဖဝါ့ဟို အေးဆေးဖြတ်သန်းပါ၊ စားလော့၊ သောက်လော့၊ ပျော်မွေ့ခြင်း ပြုလော့’ ဟု ကိုယ့်တတ်တိုင်း ငါပြောမယ်ဟု ဆိုအယ်။ အဲလိုလဲ ဘုရားသခင်ဟ ‘မိုက်မဲလဲ့ လူ၊ ခုနေ့ညမှာ နင်ရဲ့ အသက်ဝိညာဉ်ဟို စွန့်ရမယ်၊ အေးဖြစ်ယွေ့ နင်သိုထားလဲ့ ဥစ္စာဟို စသူ ပိုင်မယ်လော’ ဟု အေးလူအား မိန့်အယ်။"
ယေရှုဟ နိဂုံးချုပ်အနေနဲ့ "မိမိလို့အဖို့ စည်းစိမ်များဟို သိုမှီးထားသော်လည်း အဲသူဌေးဟ ဘုရားသခင်ရဲ့ ဆေ့တွင် ဆင်းရဲသောသူ ဖြစ်အယ်" ဟု မိန့်အယ်။
အေးနောက် ယေရှုဟ တဘဲ့တော်လို့ဟို "အေးကျောန့် အသက်ဆှင် နေထိန်ဖို့ လိုအပ်လဲ့ အစားအစာအတွက် စိတ်မပူကြနဲ့၊ နင်လို့ ခန္ဓာကိုယ်မှာ လိုအပ်လဲ့ အဝတ်အစားအတွက် စိတ်မပူကြနဲ့။ အစားစာထက် အသက်ဟ ပိုပင်း အရေးကြီးအယ်၊ အဝတ်အစားထက် ခန္ဓာကိုယ်ဟ ပိုပင်း မြတ်အယ်။ ကျီးကန်းများဟို ကျေ့လော့၊ သူလို့ဟ မျိုးစေ့ဟို မကြဲ၊ အသီးနှံများဟို မရိတ်မသိမ်း၊ သူလို့မှာ လှောင်စရာ အခန်းများ၊ ကျီများ မဆိ၊ ဘုရားသခင်ဟ သူလို့ဟို ကျွေးမွေးအယ်၊ ငက်များထက် နင်လို့ဟ ရမ်းဆာ့ အဖိုးထိုက်အယ် မဟုတ်လော။ နင်လို့တွင် စသူဟ ပူပန်ခြင်းအားဖြင့် မိမိရဲ့ အသက်ဟို နှစ်အနည်းမှ ပိုပင်း ရှည်စေနိန်သလော။ သေးလဲ့အမှုဟို စီမံခန့်ခွဲမှု မလုပ်နိန်ရင် ပစာကျောန့် အခြားအကျောန်းအတွက် ပူပန်ကြလုန်း။ တောနှင်းပန်းများဟ စလို ကြီးထွားအယ်ဟို ကျေ့လော့၊ သူလို့ဟ အလုပ် မလုပ်၊ အဝတ်ဖြစ်ဖို့ သူလို့တတ်တိုင်း မလုပ်ကြ။ အဲလိုလဲ ငါဆိုတာဟ ဘုန်းကြီးသော ရှောလမုန်မင်းကြီးရဲ့ အဝတ်ဟ ဟေတောနှင်းပင် တပင်ရဲ့ အလှဟို မမီဝူးဟု မိန့်အယ်။ ယုံကြည်အားနည်းသောသူလို့ ခုနေ့တွင် ဆိယွေ့ နက်ခါ မီးဖိုထဲဟို ရောက်ရသော တောမြက်ပင်ဟို ဘုရားသခင်ဟ အေးလို့အဝတ်နဲ့ ဖုံးအုပ်ရင်၊ နင်လို့အား အေးထက်မက ဝတ်ဆင်ပေးမယ် မဟုတ်လော။
"အားကျောန့် စိတ်မပျက်နဲ့၊ ဖယ်လို စားရမယ် သောက်ရမယ်ဆိုတာဟို စိတ်မပူကြနဲ့။ လောကမှာဆိလဲ့ မယုံကြည်သူလို့ဟ အေးအရာအားလုံးအတွက် အမြဲတမ်း စိုးရိမ်ကြအယ်။ နင်လို့ရဲ့ အဖဟ အေးအရာများဟို နင်လို့ အသုံးလိုကျောန်း သိအယ်။ နင်လို့ဟ သူ့ရဲ့ နိုင်ငံတော်ဟို ဆှာကြလော့၊ နောက်မှ အေးအရာများဟိုလည်း နင်လို့အား ထောက်ပံ့ပေးလိမ့်မယ်။
"သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။ နင်လို့ ပိုင်ဆိုင်သမျှဟို ရောင်းချပင်း ဆင်းရဲသောသူလို့အား ပိတ်ဆန်ဟို ပေးကြလော့။ မဟောင်းနွမ်းနိန်သော ပိတ်ဆန်အိတ်လို့ဟို ကိုယ့်အဖို့ ပြင်ဆင်ကြလော့။ ပစာခါမှ မပျက်စီးနိန် မလျော့သွားတဲ့ ခေါန်းခင်နိုင်ငံမှာ နင်လို့ရဲ့ ဘဏ္ဍာဟို သိမ်းထားကြလော့။ ပစာကို့ အေးအရာများဟို သူခိုးလို့ဟ မရနိန်၊ အဲဒီအရာဟို ပိုးရွလို့ မဖျက်စီးနိန်သောကျောန့် ဖြစ်အယ်။ နင်လို့ရဲ့ ဘဏ္ဍာဆိရာဟို နင်လို့ စိတ်နေလုံး ရောက်တတ်သောကျောန့် ဖြစ်အယ်။
"ပစာဖြစ်ဖြစ် အဆင်သင့်လာဖို့ ဝတ်စုံများဟို ဝတ်ဆင်လျက် မီးဖူးများဟို နင်လို့နဲ့အတူ ထွန်းထားကြလော့။ မင်္ဂလာဆောင်ပွဲမှ ပြန်လာသော မိမိလို့ရဲ့ သခင်ဟို စောင့်နေသော အစေခံကျွန်လိုမျိုး ဖြစ်ကြလော့။ အဲသူလို့ဟ သခင် ပြန်လာပင်း ထင်ခါးဟို ခေါက်ရင် ခုတုံး ထင်ခါးဟို ဖွင့်ပေးကြအယ်။ အေးအစေခံလို့ဟ စောင့်နေကြတာဟို သခင်ဟ ပြန်လာယွေ့ မျော်အယ်။ အေးအစေခံလို့ဟ မင်္ဂလာဆိအယ်၊ နင်လို့အား ငါ အမန်ဆိုတာဟ သခင်ဟ လုပ်ကျွေးဖို့ရန် သူရဲ့ ဝတ်စုံဟို ဝတ်ဆင်ယွေ့ အစေခံလို့အား ထိန်ဖို့ ပြောပင်း လုပ်ကျွေးလိမ့်မယ်။ ညနက်ချိန် ဖြစ်စေ၊ မိုးသောက်ယံနှိုက် ဖြစ်စေ၊ သခင်ဟ လာယွေ့ အေးလို့ အဆင်သင့် ပြင်ဆင်ထားတာဟို တွေ့ရင် အေးကျွန်လို့ဟ မင်္ဂလာဆိအယ်။ တကယ်လို့ အိုင်ပိုင်ဆှင်ဟ သူခိုးလာမဲ့အချိန်ဟို သိရရင် မိမိရဲ့ နေအိုင်ဟို သူခိုးအား ဖောက်ခွင့်ပြုမှာ ဟုတ်ဝူး။ အဲကျောန့် နင်လို့ဟ အေးတိုင်းတိုင်း အဆင်သင့် ဖြစ်နေရမယ်၊ ပစာကို့ နင်လို့ မထင်မှတ်ထားလဲ့ အချိန်နှိုက် လူသားဟ ကြွလာလိမ့်မယ်" ဟု မိန့်အယ်။
ပေတရုဟ "သခင်၊ အေးပုံဥပမာဟ ငါလို့အတွက်လော အဲဟာမဟုတ်ရင် အားလုံးအတွက် ဆိုလိုသလော" ဟု မေးအယ်။
သခင်ဟ "သူ့သခင်ဟ တခြား အစေခံများနဲ့ အိုင်သူအိုင်သားလို့ဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်ရင် အစားအသောက်များ ထုတ်ပေးရန် ခန့်ထားသော သစ္စာဆိပင်း ပညာဆိလဲ့ အစေခံဟ စသူလုန်း။ အေးကျွန်လုပ်နေတာဟို သခင်ဟ ပြန်လာပင်း မျော်ခဲ့ရင် အေးကျွန်ဟ စလောက် မင်္ဂလာဆိလိုက်မလဲ။ နင်လို့အား ငါ အမန်ဆိုတာဟ သခင်ဟ မိမိဥစ္စာဆိသမျှ အားလုံးဟို စီမံအုပ်ချုပ်ရန် အေးအစေခံဟို အပ်လိမ့်မယ်။ အဲလိုလဲ အစေခံဟ ငါ့သခင် ပြန်လာဖို့ ကြာအုံးမယ်လို့ စိတ်ထဲမှာ အောက်မေ့ပင်း အစေခံ ယောက်ျားနဲ့ အစေခံ မိန်းမလို့အား ရိုက်နှက်ပင်း သောက်စား ယစ်မူးလျက်နေအယ်။ အစေခံ မသိလဲ့ နေ့၊ မမျော်လင့်လဲ့ အချိန်နှိုက် သခင် ပြန်လာပင်း သူ့ဟို အပိုင်းပိုင်း ခုတ်ဖြတ်ရန် ပြုလုပ်ယွေ့ ယုံကြည်ခြင်း ကင်းမဲ့သူလို့ ခံစားရမဲ့ ကံကြမ္မာဟို ခံစားစေလိမ့်မယ်။
"အစေခံဟ သခင်ရဲ့ လိုချင်တဲ့အရာဟို သိလျက်နဲ့ သူ့တတ်တိုင်း အဆင်သင့် မလုပ်လဲ့ အစေခံဟ ပြင်းထန်လဲ့ ကြိမ်ဒဏ်များစွာဟို ခံရအယ်။ အဲလိုလဲ အစေခံဟ သခင် ပစာ လိုချင်အယ်ဆိုတာဟို မသိဘဲ၊ တခုခုဟို လုပ်မိရင် ကြိမ်ဒဏ်နည်းနည်းပဲ ခံရအယ်။ များစွာ ရဆိထားသောသူအားလုံးဆေမှ များစွာ တောင်းဆိုလိမ့်မယ်၊ များစွာ အပ်နှံထားသောသူဆေမှ ပိုပင်း များစွာ တောင်းကြလိမ့်မယ်။
"ငါဟ မြေကြီးပေါ်ဟို မီးလောင်စေရန် လာအယ်၊ အခု လောင်စေရန် ငါ အလိုဆိပီ။ ငါလက်ခံရမဲ့ နှစ်ခြင်း ဆိအယ်၊ အေးအရာဟို မကျော်လွန်မချင်း ငါဟ စိတ်ဒုက္ခရောက်အယ်။ ငါဟ ဟေလောကဟို ငြိမ်းချမ်းစေရန် လာတာလို့ ထင်ကြသလော။ မဟုတ်ပါ၊ အချင်းချင်း ကွဲပြားစေရန် ငါ လာအယ်။ အခုမှစပင်း လူငါးယောက်ဆိလဲ့ မိသားစုတွင် နေယောက် တစု၊ သုံးယောက် တစုစီ အချင်းချင်း တိုက်ခိုက် ကွဲပြားကြလိမ့်မယ်။ အဖဟ သားများလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ သားများဟ အဖလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ အမေ့ဟ သမီးများလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ သမီးများဟ အမေ့လို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ ယောက္ခမလို့ဟ ချွေးမလို့ဟို ရန်ဖက်ပြုလိမ့်မယ်၊ ချွေးမလို့ဟ ယောက္ခမလို့ဟို ရန်ဖက်ပြုလိမ့်မယ်" ဟု မိန့်အယ်။
ယေရှုဟ လူလို့ဟို "အနောက်အရပ်တွင် မိုးချေးသားလာတာဟို နင်လို့ မျော်သောအခါ၊ မိုးရွာလိမ့်မယ်လို့ နင်လို့ ခုတုံး ပြောတတ်ကြအယ်၊ နင်လို့ပြောလဲ့အတိုင်းလည်း ဖြစ်အယ်။ တောင်ဖက်ဟ လေတိုက်လာအယ်ဟို နင်လို့ ခံစားရသောအခါ နင်လို့ဟ နေပူလိမ့်မယ်လို့ ပြောတတ်ကြအယ်၊ ပြောလဲ့အတိုင်းလည်း ဖြစ်အယ်။ သူတော်ကောင်းဟန်ဆောင်သူလို့၊ နင်လို့ဟ မြေကြီးနဲ့ မိုးခေါန်းခင်ဟို ကျေ့ပင်း ရာသီဥတုရဲ့ အခြေအနေဟို ပိုင်းခြားနိန်ပါလျက်နဲ့ ဟေအချိန်ကာလရဲ့ ဆိုလိုရင်းဟို ပစာကျောန့် နင်လို့ မပိုင်းခြားနိန်လုန်း။
"မန်ကန်လဲ့အရာဟို ပစာကျောန့် နင်လို့တတ်တိုင်း မဆုံးဖြတ်ကြလုန်း။ တစုံတယောက်ဟ နင့်ဟို တရားစွဲပင်း တရားရုံးဟို ခေါ်လာရင်၊ တရားရုံးဟို မရောက်ခင် လမ်းနှိုက် သူနဲ့ ကျေအေးအောန် အတတ်နိန်ဆုံး ကြိုးစားလော့။ အေးလို့မလုပ်ရင်၊ နင့်ဟို တရားသူကြီးဆေ့ဟို ဆွဲခေါ်ခံရပင်း နင့်ဟို ရဲတွေဆေ လွှဲပြောင်းပေးမယ့် နင့်ဟို ထောင်ချထားလိမ့်မယ်။ နင်လို့ဟို ငါဆိုတာဟ၊ အကြွေး အကုန်ပြန်မဆပ်မချင်း နင်ဟ အဲနေရာမှာဘဲ နေရလိမ့်မယ်" ဟု မိန့်အယ်။
ယောဟန်ဟ ကုလားအုတ်မွေးနဲ့ ရက်သော အဝတ်ဟို ဝတ်ယွေ့၊ သူရဲ့ ခါးနှိုက် သားရေ ခါးကြိုးဟို စဲထားအယ်။ သူရဲ့ အစားအစာမှာ ပလံမစိမ်းနဲ့ တောပျားရည် ဖြစ်အယ်။