Pular para o conteúdo
Publicidade

Sacrifício

Por Bíblia Online

O sacrifício define a história de amor de Deus pela humanidade. Quando Jesus entregou a própria vida na cruz, ele pagou um preço que ninguém mais podia pagar, suportando a dor e a morte para nos resgatar do pecado e da perdição eterna. Esse ato definitivo mudou para sempre a nossa relação com o Criador e abriu o caminho para a comunhão verdadeira.

Em resposta a essa entrega tão profunda, você é convidado a olhar para o exemplo de Cristo e repensar o próprio caminho. Seguir os passos do Mestre significa abrir mão do egoísmo, abandonar velhas práticas e colocar a própria existência à disposição de Deus, vivendo de maneira que reflita a graça e o amor que você recebeu de graça.

O sacrifício é o coração do evangelho. Jesus entregou tudo por nós na cruz, e somos chamados a oferecer nossas vidas como sacrifício vivo, agradável a Deus.

O sacrifício supremo de Cristo

Jesus deu a própria vida como resgate por muitos. Seu sacrifício na cruz é o ato supremo de amor de toda a história — o Justo morrendo pelos injustos.

အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်​ကြ​လိမ့်​မည်။- လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။-

ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။-

ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-

O cordeiro sem defeito

Cristo nos resgatou com seu sangue precioso, como cordeiro sem defeito. Ele se ofereceu uma vez por todas para tirar os pecados do mundo.

မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။- အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။-

ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။

ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။-

Nosso sacrifício em resposta

Movidos pelo amor de Cristo, somos chamados a oferecer nossas vidas, nossos bens e nosso serviço como sacrifício vivo. Deus se agrada da entrega generosa.

သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။-

အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။

ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊-

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.