Sacrifício
O sacrifício é o coração do evangelho. Jesus entregou tudo por nós na cruz, e somos chamados a oferecer nossas vidas como sacrifício vivo, agradável a Deus.
O sacrifício supremo de Cristo
Jesus deu a própria vida como resgate por muitos. Seu sacrifício na cruz é o ato supremo de amor de toda a história — o Justo morrendo pelos injustos.
အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည် မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏" ဟု မိန့်တော်မူ၏။
လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်း မဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏" ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။
"နားထောင်ကတ်။ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြပြီ။ ထိုနီရာ၌ လူသားကို ယဇ်ပရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိ လက်ထဲသို့ အပ်နှံကြလိမ့်မည်။ သူရို့သည် လူသားကို အသက်သီယောင်ထိ ပြစ်ဒဏ်ပီးကတ်လိမ့်မည်။ ထို့နောက် သူရို့သည် လူသားကို လူမျိုးခြားတိလက်သို့ အပ်ကြလိမ့်မည်၊ ထိုသူရို့သည် လူသားကို လှောင်ပြောင်ခြင်းကိုပြု၍ ကြာပွတ်နှင့် သတ်ကြလိမ့်မည်။ နောက်ဆုံး၌ လူသားကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ သို့သော်လည်း လူသားသည် သုံးရက်မြောက်သောနိ့မှာ သီခြင်းက ထမြောက်လိမ့်မည်" ဟု ပြော၏။
စစ်သားများသည် ကိုယ်တော်၏အဝတ်တော်ကို ချွတ်ကာ ကြက်သွီးရောင်နီနီရဲရဲဝတ်ရုံကို ဝတ်ပီးကြ၏။ ထို့နောက် ကိုယ်တော်၏ဂေါင်းထက်တွင် ဆူးခက်များနှင့် ရက်လုပ်ထားသော ဂေါင်းပေါင်းသရဖူကို ဆောင်းပီးထားကြ၏။ လက်ယာလက်၌ တုတ်ချေတစ်ချောင်းကို ကိုင်ထားစီပြီးလျှင် "ယုဒလူမျိုးတိ သျှင်ဘုရင် သက်တော်ရာကျော် ရှည်ပါစီ" ဟု ကိုယ်တော်၏ရှိ့မှာ ဒူးထောက်ခစားလျက် ပြက်ရယ်ပြုကြ၏။
ယေသျှုသည် "အိုအဖ၊ အကျွန်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်ပါ၏" ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။
ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။
အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။
O cordeiro sem defeito
Cristo nos resgatou com seu sangue precioso, como cordeiro sem defeito. Ele se ofereceu uma vez por todas para tirar os pecados do mundo.
သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့်အရာ မဟုတ်။ အပြစ်အနာအဆာကင်းစင်သည့် သိုးသငယ်နှင့်တူသော ခရစ်တော်၏ အဖိုးထိုက်သော အသွီးတော်အားဖြင့် ဖြစ်၏။
ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
ငါသည် ကိုယ်တိုင် ခံယူရဟိသည့် အဓိကအကျဆုံးသောအရာကို သင်ရို့အား ပီးအပ်သည့် အကြောင်းမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၏၊ ကိုယ်တော်သည် သင်္ဂြိုဟ်ခြင်းကို ခံပြီးနောက် ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၏။
ခရစ်တော်သည် ငါရို့ကို ချစ်တော်မူ၍ ငါရို့အတွက် မိမိကိုယ်ကို ဘုရားသခင် နှစ်သက်တော်မူရာ မွှီးကြိုင်သော ပူဇော်သကာအဖြစ် ဆက်သတော်မူသကဲ့သို့ သင်ရို့သည်လည်း မေတ္တာတရား၌ ကျင်လည်ကြလော့။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
Nosso sacrifício em resposta
Movidos pelo amor de Cristo, somos chamados a oferecer nossas vidas, nossos bens e nosso serviço como sacrifício vivo. Deus se agrada da entrega generosa.
သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။
အကြောင်းမူကား မိမိအသက်ကို ကယ်တင်လိုသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ဆုံးယှုံးသူသည် မိမိအသက်ကို ကယ်တင်လိမ့်မည်။
‘တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားကရုဏာထားခြင်း အကျင့်ကို ငါ ပို၍ နှစ်သက်၏’ ဟူသော ကျမ်းစကားကို နားလည်စီခြင်းငှာ သင်ရို့သည် လား၍ သင်ယူကြလော့။ ငါမူကား ဖြောင့်မတ်သောသူတိကို ခေါ်ခြင်းငှာ လာသည် မဟုတ်၊ အပြစ်သားတိကို ခေါ်ခြင်းငှာ ကြွလာခြင်းဖြစ်၏။"
မိမိသားတော်ရင်းကို တောင်မှ မနှမြောဘဲ ငါရို့အားလုံးအဖို့အလို့ငှာ စွန့်တော်မူသော ဘုရားသခင်သည် ခပ်သိမ်းသောအရာတိကို မပီးဘဲ ဇာပိုင် နိန်ပါဖို့လဲ။
"ဖခမည်းတော်၊ ကိုယ်တော်သည် ခမ်းသိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူပါ၏။ ယင်းကြောင့် ဤဒုက္ခဝေဒနာခွက်ကို အကျွန်ပါးက လွှဲဖယ်ပီးတော်မူပါ။ သို့သော် အကျွန်၏ အလိုဆန္ဒအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ" ဟု ဆိုလျက် မိမိခံရမည့် ဝေဒနာကို ဖြစ်နိုင်တော်မူလျှင် လွှဲဖယ်ပီးတော်မူခြင်းငှာ ဆုတောင်းတော်မူ၏။
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကိုလည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။