Pular para o conteúdo
Publicidade

Salvação

Por Bíblia Online

A salvação não depende de méritos, esforço próprio ou bondade humana. Trata-se de um presente imerecido que Deus oferece por meio de Cristo, alcançando quem reconhece sua própria fragilidade e decide entregar a vida ao Senhor. É a restauração completa da comunhão que estava perdida, mudando definitivamente a nossa história.

As Escrituras mostram com clareza como Deus age para nos resgatar e transformar. Cada palavra registrada revela a profundidade desse amor e aponta para a graça que perdoa, acolhe e faz de cada pessoa uma nova criação.

A salvação é a obra suprema de Deus. Pela graça, mediante a fé, somos salvos — não por obras, para que ninguém se glorie. É o presente mais precioso que a humanidade pode receber.

A salvação pela graça

A salvação é dom de Deus, não resultado de esforço humano. Somos justificados pela fé em Cristo Jesus e reconciliados com Deus pelo seu amor.

ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။-

ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။-

သ​တင်း​ကောင်း​၏​တန်​ခိုး

ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။-

ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။- ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

O caminho da salvação

Quem confessa Jesus como Senhor e crê em sua ressurreição será salvo. A fé em Cristo é o único caminho para a salvação.

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-

ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-

ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-

ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-

ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

Nova vida em Cristo

Quem está em Cristo é nova criação. A salvação não é apenas perdão, mas transformação completa — de dentro para fora, para a glória de Deus.

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-

Segurança eterna

O crente tem a certeza da salvação. Ninguém pode arrebatar da mão de Deus aqueles que Ele chamou, justificou e glorificou.

ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။-

သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။

ထို​သ​ခင်​ကို သင်​တို့​သည် မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ၏။ ယ​ခု​မှာ​လည်း မ​မြင်​ဘဲ​လျက်၊ ယုံ​ကြည်​သော​အား​ဖြင့် ဘုန်း​အ​သ​ရေ​နှင့် စပ်​ဆိုင်​သော၊ ပြော၍​မ​မီ​နိုင်​သော ရွှင်​လန်း​ခြင်း​စိတ်​နှင့် ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊- စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​ကြ၏။

ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-

A salvação presente e futura

A salvação é passada (justificação), presente (santificação) e futura (glorificação). Deus nos salva, nos guarda e nos conduz à vida eterna.

အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။-

ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။

ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-

လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-

Nada é impossível para Deus

Aos homens é impossível, mas para Deus tudo é possível. Ele deseja que todos sejam salvos e cheguem ao conhecimento da verdade.

ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။

မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။-

ကျဉ်း​သော​တံ​ခါး

ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။- အ​သက်​ရှင်​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် အ​လွန်​ကျဉ်း​မြောင်း​သည် ဖြစ်၍၊ တွေ့​ဝင်​သော​သူ​တို့​သည် နည်း​ကြ၏။-

မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊- သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။-

အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ကွယ်​ကာ​ရာ

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။

ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊

သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။

သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.