Salvação
A salvação é a obra suprema de Deus. Pela graça, mediante a fé, somos salvos — não por obras, para que ninguém se glorie. É o presente mais precioso que a humanidade pode receber.
A salvação pela graça
A salvação é dom de Deus, não resultado de esforço humano. Somos justificados pela fé em Cristo Jesus e reconciliados com Deus pelo seu amor.
သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။
ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။
ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။
သတင်းကောင်းတရား၏ တန်ခိုးတော်
ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။
အကြောင်းမူကား၊ လူအယောက်စီတိုင်းသည် ဒုစရိုက်အပြစ်ကို ပြုလုပ်ကြသည်ဖြစ်၍ ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ဝီးကွာလားရလေ၏။
သူတော်ကောင်းတစ်ယောက်အတွက် အသီခံပီးဝံ့သူ ဟိကောင်းဟိလိမ့်မည်။ ဖြောင့်မတ်သောသူ တစ်ယောက်အတွက် အသီခံပီးမည့်သူ ဟိခဲ၏။ သို့ရာတွင် ငါရို့သည် အပြစ်သားဖြစ်လျက်ပင်၊ ခရစ်တော်သည် ငါရို့အတွက် အသီခံပီးခတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါရို့ကို ဇာလောက် ချစ်သည်ကို ငါရို့အား ထင်ရှားစွာ ပြတော်မူ၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
O caminho da salvação
Quem confessa Jesus como Senhor e crê em sua ressurreição será salvo. A fé em Cristo é o único caminho para a salvação.
သင်ရို့သည်ကား "ယေသျှုသည် အသျှင်သခင် ဖြစ်တော်မူ၏" ဟု မိမိ၏နှုတ်ဖြင့် မြွက်ဆို၍ ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူသည်ဟု မိမိ၏စိတ်နှလုံးထဲ၌ ယုံကြည်ကြလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား သင်ရို့သည် စိတ်နှလုံးဖြင့် ယုံကြည်လျှင် ဖြောင့်မတ်ရာသို့ ရောက်ကြလိမ့်မည်။ မိမိ၏ယုံကြည်ခြင်းကို မိမိ၏နှုတ်ဖြင့် ဝန်ခံကြလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
အကြောင်းမူကား သင်ရို့သည် စိတ်နှလုံးဖြင့် ယုံကြည်လျှင် ဖြောင့်မတ်ရာသို့ ရောက်ကြလိမ့်မည်။ မိမိ၏ယုံကြည်ခြင်းကို မိမိ၏နှုတ်ဖြင့် ဝန်ခံကြလျှင် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။
ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။
ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား" ဟု သူရို့အား ဖြေကြားတော်မူ၏။
ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
Nova vida em Cristo
Quem está em Cristo é nova criação. A salvação não é apenas perdão, mas transformação completa — de dentro para fora, para a glória de Deus.
မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။
ယေသျှုကလည်း "ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ" ဟု မိန့်တော်မူ၏။
"သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။
Segurança eterna
O crente tem a certeza da salvação. Ninguém pode arrebatar da mão de Deus aqueles que Ele chamou, justificou e glorificou.
ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအသျှင်အား ယုံကြည်ခြင်း၏ အကျိုးတည်းဟူသော စိတ်ဝိညာဉ်၏ ကယ်တင်ခြင်းကို ရဟိသောကြောင့်ဖြစ်၏။
ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
A salvação presente e futura
A salvação é passada (justificação), presente (santificação) e futura (glorificação). Deus nos salva, nos guarda e nos conduz à vida eterna.
အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။ ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။
ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။
အကြောင်းမူကား လူအပေါင်းရို့သည် အာဒံ၌ သီဆုံးကြရ၏။ သို့သော် ခရစ်တော်၌ ထမြောက်ရကြလိမ့်မည်။
Nada é impossível para Deus
Aos homens é impossível, mas para Deus tudo é possível. Ele deseja que todos sejam salvos e cheguem ao conhecimento da verdade.
ယေသျှုသည် ထိုသူရို့ကို စိစိကြည့်ပြီးလျှင် "ဤအမှုကို လူတိ မတတ်နိုင်သော်လည်း ဘုရားသခင် တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတိကို တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
ယေသျှုက "လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏" ဟု မိန့်တော်မူ၏။
လူသားသည် ပျောက်ဆုံးသူတိကို ရှာဖို့နန့် ကယ်တင်ဖို့ရန် ကြွလာခြင်းဖြစ်သည်" ဟု ဇက္ခဲအား မိန့်တော်မူ၏။
သခင်ဘုရားက ငါရို့အား ပီးထားသော ပညတ်တရားမှာ၊
" ‘ငါသည် သင်ရို့ကို တခြားသောလူမျိုးတိအတွက် အလင်း ဖြစ်စီခြင်းငှာ ခန့်ထားပြီးပြီ။
ထို့ကြောင့် လောကသားအားလုံး ကယ်တင်ခြင်းသို့ ရောက်စီခြင်းငှာ ဆောင်ရွက်ကြလော့’ ဟူ၍ ဖြစ်၏။"
ကျဉ်းသောတန်းခါး
"ကျဉ်းသောတန်းခါးကို ဝင်ကတ်ပါ။ အကြောင်းမူကား၊ ငရဲသို့ ဝင်သောတန်းခါးဝသည် ကျယ်ဝန်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် လွယ်ကူ၏၊ ထို့ကြောင့် ထိုလမ်း၌ လားသောသူလည်း အလွန် များပြား၏။ သို့သော်လည်း အသက်ရှင်ခြင်းသို့ ရောက်သောတန်းခါးဝသည် အလွန်ကျဉ်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် အလွန် ခက်ခဲ၏။ ထို့ကြောင့် ထိုလမ်းကို တွိ့၍ လားသောသူ အလွန် နည်း၏။
ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊ သူတစ်ပါးဥစ္စာကို ခိုးသောသူတိ၊ လောဘလွန်ကြူးသောသူတိ၊ သီရည်သောက်ကြူးသော သူတိ၊ အတင်းပြောသောသူတိနှင့် လုယက်တိုက်ခိုက်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြ။
ယေသျှုက၊ "သင်၏ယုံကြည်ခြင်းက သင့်ကို အကောင်းပကတိ ဖြစ်စီယာ။ ပြန်လားလော့" ဟု မိန့်တော်မူပြီးနောက်၊
ချက်ချင်းပင် ထိုသူသည် မျက်စိမြင်၍ ကိုယ်တော်ကြွတော်မူရာနောက်သို့ လိုက်လေ၏။