Pular para o conteúdo
Publicidade

Salvador

Por Bíblia Online

Existe um peso que carregamos sozinhos quando tentamos consertar a própria vida, carregar culpas passadas e encontrar um rumo definitivo. A boa notícia do evangelho é que você não precisa dar conta de tudo isso com as próprias forças.

Deus providenciou um caminho de resgate quando você estava perdido, oferecendo perdão completo e vida nova por meio de Jesus. As palavras que você lê agora mostram o tamanho desse amor e lembram quem cuida de você em todos os momentos.

Jesus é o Salvador do mundo. Desde a manjedoura até a cruz e a ressurreição, toda a Escritura aponta para Aquele que veio buscar e salvar o que se havia perdido.

O Salvador nasceu

Na plenitude dos tempos, Deus enviou seu Filho ao mundo. O anjo declarou: 'Hoje vos nasceu um Salvador, que é Cristo, o Senhor.'

ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။-

ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊- မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။- ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။-

သို့​ရာ​တွင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​ကို သင်​မ​သိ​ပြီ။ ငါ​မှ​တစ်​ပါး ကယ်​တင်​နိုင်​သော သ​ခင်​မ​ရှိ။

O sacrifício redentor

Jesus deu a própria vida por nós. Ele é a propiciação pelos nossos pecados e o autor da salvação eterna para todos os que lhe obedecem.

ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-

မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။- အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-

ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

O caminho da salvação

Jesus é o mediador da nova aliança. Ele vive para interceder por nós e pode salvar perfeitamente todos os que se achegam a Deus por meio dele.

ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။-

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။-

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.