O sangue de Jesus
O sangue de Jesus é o fundamento da redenção cristã. Através do seu sangue derramado na cruz, recebemos perdão, purificação e acesso à presença de Deus.
O poder redentor do sangue
O sangue de Cristo é o preço do nosso resgate. Sem derramamento de sangue não há remissão de pecados, e Cristo ofereceu o sacrifício perfeito e definitivo.
အကယ်စင်စစ် ပညတ်တရားအရ အရာအားလုံးနီးပါးသည် အသွီးအားဖြင့်သာလျှင် သန့်ယှင်းစင်ကြယ်ခြင်းသို့ ရောက်ကြရ၏။ အကြောင်းမူကား အသွီး သွန်းလောင်းခြင်း မဟိလျှင် အပြစ်လွှတ်ခြင်း မဟိ။
ဆိတ်၏အသွီး၊ နွား၏အသွီးနှင့် နွားမတမ်း၏ပြာများကို မစင်ကြယ်သောသူတိကို ဖြန်းခြင်းအားဖြင့် သူရို့သည် မိမိရို့၏ဘာသာတရားဆိုင်ရာ စင်ကြယ်ခြင်းသို့ ရောက်ကြသည် မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။
ထိုနည်းတူ ယေသျှုသည်လည်း မိမိ၏သွီးတော်အားဖြင့် လူတိကို သန့်ယှင်းစီခြင်းငှာ မြို့တန်းခါးအပြင်ဖက်၌ အသီခံတော်မူခ၏။
ပဋိညာဉ်သစ်၏ ကြားဝင် စိ့စပ်ပီးသူ ဖြစ်သော ယေသျှုထံပါးသို့ လည်းကောင်း၊ အာဗေလ၏အသွီးထက် သာ၍ မြတ်သော နှုတ်ကပတ်တော်ကို မြွက်ဆိုခြင်းဖြင့် ပက်ဖြန်းထားသော အသွီးတော် ထံပါးသို့ လည်းကောင်း ရောက်လာကြ၏။
Perdão e purificação
O sangue de Jesus nos purifica de todo pecado. Nele temos redenção e perdão, segundo as riquezas de sua graça.
သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမြတ်တော်မူသည်နှင့်အညီ ငါရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် ရွီးနုတ်ခြင်းတည်းဟူသော ဒုစရိုက်အပြစ်မှ ခွင့်ရွှတ်ခြင်းကို ခံရကြ၏။
သို့ရာတွင် အဂုအခါ သင်ရို့သည် ခရစ်တော်ယေသျှု၌ ဟိကြသည်ဖြစ်၍ တစ်ချိန်က ဝီးကွာလျက် ဟိခကြသော သင်ရို့သည် ခရစ်တော်၏ အသွီးတော်အားဖြင့် အပါးတော်သို့ ရောက်ကြရလေ၏။
"ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။
သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊
ဘုရားသခင်သည် ခရစ်တော်ကို ပူဇော်တော်မူ၏။ အကြောင်းမှာ ထိုခရစ်တော်၌ ယုံကြည်ကြသော လူအပေါင်းရို့သည် ကိုယ်တော်၏အသွီး တော်အားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ရန်ဖြစ်၏။ အတိတ်ကာလ၌ ဘုရားသခင်သည် သည်းခံတော်မူသည်ဖြစ်၍ လူတိ အပြစ်များကို မှတ်တော်မမူခပေ။
သို့ဖြစ်၍ အဂုတွင် ငါရို့သည် ကိုယ်တော်၏ အသွီးတော်ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြပြီဖြစ်၍ ထိုသခင်အားဖြင့် ငါရို့သည် ဘုရားသခင်၏ အမျက်တော်မှ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
O sangue da aliança
Desde o Êxodo, o sangue é sinal de aliança entre Deus e seu povo. O sangue do Cordeiro pascal prefigurava o sacrifício supremo de Cristo.
Vitória pelo sangue
Os cristãos vencem o acusador pelo sangue do Cordeiro e pela palavra do seu testemunho. O sangue comprou para Deus gente de toda tribo e língua.
ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။
သင်ရို့သည် အဖိုးအဖီးတိပါးမှ လက်ဆင့်ကမ်း ယူဆောင်လာသော တန်ဖိုးမဟိသောဘဝမှ အဖိုးအခပီး၍ သင်ရို့အား ဇာပိုင် ရွီးနုတ်ခရသည်ကို သင်ရို့သိကြ၏။ ထိုအဖိုးအခသည် ရွှီ၊ ငွီကဲ့သို့သော ပျက်စီးနိုင်သည့်အရာ မဟုတ်။ အပြစ်အနာအဆာကင်းစင်သည့် သိုးသငယ်နှင့်တူသော ခရစ်တော်၏ အဖိုးထိုက်သော အသွီးတော်အားဖြင့် ဖြစ်၏။
ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကိုလည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။
ယေသျှုသည်လည်း ထိုသူရို့အား "ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် လူသား၏ အသားကို မစား၊ အသွီးကို မသောက်ကြလျှင် သင်ရို့၌ အသက်မဟိ။ ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။
ယေသျှုခရစ်တော်အကြောင်း သက်သီခံခြင်း
ယေသျှုခရစ်တော်သည် ရီအားဖြင့် ဗတ္တိဇံကို ခံတော်မူ၍ အသွီးတော်ကို သွန်းခြင်းဖြင့် အသီခံတော်မူလျက် ကြွလာတော်မူသောအသျှင် ဖြစ်၏။ ကိုယ်တော်သည် ရီအားဖြင့်သာ ကြွလာတော်မူသည် မဟုတ်။ ရီနှင့် အသွီးအားဖြင့် ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သမ္မာတရား ဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် သက်သီခံတော်မူ၏။