Santa ceia
A Santa Ceia é uma das ordenanças mais sagradas da igreja cristã. Instituída por Jesus na última noite antes da crucificação, ela celebra seu sacrifício e proclama sua morte até que Ele volte.
A instituição por Jesus
Na noite em que foi traído, Jesus tomou o pão e o cálice, deu graças e os compartilhou com os discípulos, dizendo: 'Fazei isto em memória de mim.'
ယေရှုဟ သူလို့ စားလျက်နေစဉ် မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်ဟိုဖဲ့ယွေ့ "ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်၊ ယူယွေ့ စားကြလော့" ဟု မိန့်ပင်းရင် တဘဲ့တော်လို့အား ပေးအယ်။
အဲပင်းရင် မုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ "နင်လို့အားလုံး ဟေမုတ်ဟို သောက်ကြလော့။ ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။
သူလို့ဟ စားနေကြစဉ်၊ ယေရှုဟ မုန့်ဟိုယူယွေ့၊ ကျေးဇူးတင်ကျောန်း ဆုတောင်းကာ၊ မုန့်ဟိုဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ "ယူကြလော့၊ ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်" ဟု မိန့်အယ်။
အေးနောက် ခွက်ဟို ယူယွေ့၊ ဘုရားသခင်ဟို ကျေးဇူးတင်ယွေ့၊ သူလို့ရဲ့ လက်ထဲသို့ အေးခွက်ဟို ပေးရင်၊ သူလို့အားလုံးဟ အေးခွက်ဟို သောက်ကြအယ်။ ယေရှုဟ "အေးဒါဟ အများအတွက်သွန်းသော ငါ့ရဲ့ အသွေး ဖြစ်အယ်၊ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်နှိပ်သော ငါရဲ့ အသွေး ဖြစ်အယ်။ အမန်အကန် နင်ဟို ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အသစ်ပြန်သောက်မဲ့ နေ့မတိုင်ခင် ငါဟ ဟေစပျစ်မှဖြစ်သော အရည်ဟို နောက်တခါ မသောက်တော့ဝူး" ဟု မိန့်အယ်။
အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ "ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့" ဟု ပြောလေအယ်။ အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ "ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။
O significado espiritual
A Ceia é participação no corpo e no sangue de Cristo. Jesus ensinou que quem come de sua carne e bebe de seu sangue tem a vida eterna.
ငါဟ ခေါန်းခင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်အယ်။ စသူမဆို ဟေမုန့်ဟို စားရင် ထာဝရ အသက်ဆှင်လိမ့်မယ်။ လောကီသားလို့ အသက်ဆှင်ဖို့ ငါပေးလဲ့မုန့်ဟ ငါရဲ့အသား ဖြစ်အယ်" ဟု မိန့်အယ်။
ယေရှုဟ "နင်လို့အား ငါ အမန်ဆိုအယ်၊ လူသားရဲ့ အသားဟို မစား၊ သူရဲ့ အသွေးဟို မသောက်ရင် နင်လို့နှိုက် အသက်မဆိ။ ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သောသူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံးသောနေ့နှိုက် အေးသူအား ဆှင်ပြန်ထမြောက်စေမယ်။ အကျောန်းမှာ ငါ့အသားဟ စစ်မန်သော စားစရာဖြစ်ပင်း ငါရဲ့ အသွေး စစ်မန်သော သောက်စရာ ဖြစ်အယ်။ ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။ အသက်ဆှင်သော ခမည်းတော်ဟ ငါ့ဟို စေလွှတ်ယွေ့ ငါဟ ခမည်းတော်ကျောန့် အသက်ဆှင်သလို ငါ့အသားဟို စားသောသူလည်း ငါ့ကျောန့် အသက်ဆှင်လိမ့်မယ်။ ဟေဟာဟ ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။ နင်လို့ ဖိုးဘေးများ စားသုံးခဲ့လဲ့ မုန့်လိုမျိုး မဟုတ်ဘဲ၊ အေးမုန့်ဟို စားလဲ့သူဟလည်း နောက်မှာ သေကြရအယ်။ ဟေမုန့်ဟို စားသောသူဟ အစဉ်မပြတ် အသက်ဆှင်လိမ့်မယ်" ဟု မိန့်လေအယ်။
ကျေးဇူးတော်ဟို ချီးမွန်းပင်းမှ မုန့်ဟို ဖဲ့ယွေ့ "ဟေမုန့်ဟ နင်လို့အတွက် စွန့်သော ငါရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ ငါ့ဟို သတိရစေခြင်းငှာ ဟေသို့ပြုကြလော့" ဟု မိန့်လေအယ်။ အဲတိုင်းတိုင်း ညစာစားပင်းနောက် စပျစ်ယေ မုတ်ဟို ယူယွေ့ "ဟေမုတ်ဟ ငါရဲ့ သွေးနဲ့ တံဆိပ်ခတ်သော ဘုရားသခင်ရဲ့ ပဋိညာဉ်သစ် ဖြစ်အယ်။ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း ငါ့ဟို သတိရခြင်းငှာ သောက်ကြလော့" ဟု မိန့်လေအယ်။
နင်လို့ဟ အဲမုန့်ဟို စားယွေ့ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း သခင်ဘုရားရဲ့ အသေခံကျောန်းဟို ကိုယ်တော် ကြွလာချိန်တိုင်အောန် ကြေညာကြအယ်။ သူ့ဟို မရိုသေဘဲ သခင်ဘုရားရဲ့ မုန့်ဟို စားယွေ့ ကိုယ်တော်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်သောသူဟ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာနဲ့ အသွေးတော်ဟို ပစ်မားရာ ရောက်အယ်။ အဲကျောန့် လူတိုင်း မိမိတတ်တိုင်းဟို စစ်ဆေးပင်းမှ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်စေ။
နင်လို့ဟ အဲမုန့်ဟို စားယွေ့ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း သခင်ဘုရားရဲ့ အသေခံကျောန်းဟို ကိုယ်တော် ကြွလာချိန်တိုင်အောန် ကြေညာကြအယ်။
A prática da Igreja
Desde os primeiros cristãos, a Ceia do Senhor é parte fundamental da vida comunitária da Igreja, celebrada com reverência e exame de consciência.
အဲသူလို့ဟ တမန်တော်လို့ရဲ့ ဆုံးမဩဝါဒဟို ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ စုပေါင်းနေထိန် စားသောက်ခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း၊ အတူတကွ ဆုတောင်းခြင်းလို့ဖြင့် အချိန်ဟို ကုန်လွန်စေကြအယ်။
တပတ်ရဲ့ ပထမ စနေနေ့ညနေမှာ မိတ်သဟာယ စားပွဲအတွက် ငါလို့အတူတကွ စုရုံးခဲ့အယ်။ ပေါလုဟ နောက်တနေ့ မထွက်သွားခင် အချိန်ထိ သူဟ လူများနဲ့ ညသခေါင်အချိန်တိုင်အောန် စကားပြောလျက် နေလေအယ်။
စားပွဲတွင် သူလို့နဲ့တူတူ ထိန်လျက် မုန့်ဟိုယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်၊ အဲပင်းရင် မုန့်ဟိုဖဲ့ယွေ့ သူလို့ဟို ပေးလေအယ်။
သူ့ဟို မရိုသေဘဲ သခင်ဘုရားရဲ့ မုန့်ဟို စားယွေ့ ကိုယ်တော်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်သောသူဟ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာနဲ့ အသွေးတော်ဟို ပစ်မားရာ ရောက်အယ်။ အဲကျောန့် လူတိုင်း မိမိတတ်တိုင်းဟို စစ်ဆေးပင်းမှ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်စေ။ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်သောအခါ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာ အနက်အဓိပ္ပာယ်ဟို မသိမနားလည်သောသူဟ မိမိအပေါ်သို့ အပစ်ဒဏ် ကျရောက်စေရန် စားသောက်သောသူ ဖြစ်အယ်။