Santa ceia
A Santa Ceia é uma das ordenanças mais sagradas da igreja cristã. Instituída por Jesus na última noite antes da crucificação, ela celebra seu sacrifício e proclama sua morte até que Ele volte.
A instituição por Jesus
Na noite em que foi traído, Jesus tomou o pão e o cálice, deu graças e os compartilhou com os discípulos, dizendo: 'Fazei isto em memória de mim.'
သခင်ဘုရား၏ ညစာစားပွဲ
သူရို့သည် စားနိန်ကြစဉ်တွင်၊ ယေသျှုသည် မုန့်ကို ယူ၍ ကျေးဇူးတော် ချီးမွမ်းပြီးမှ ထိုမုန့်ကို ဖဲ့ပြီးလျှင် "ဤမုန့်ကား ငါ၏ခန္ဓာကိုယ် ဖြစ်၏၊ ယူ၍ စားကြလော့" ဟု ပြောလျက် မိမိ၏တပည့်တော်တိကို ပီး၏။
ထို့နောက် ကိုယ်တော်သည် ခွက်ကို ယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ "သင်ရို့ အားလုံးသည် ဤခွက်ကို သောက်ကြလော့" ဟု မိန့်တော်မူ၏။ "ဤသည်ကား အပြစ်များမှ လွတ်ခြင်းငှာ လူအများကို သွန်းလောင်းသည့် ပဋိညာဉ်တရားနှင့်ဆိုင်သောငါ၏သွီး ဖြစ်၏။
ပွဲတော်မင်္ဂလာအကြောင်း
ကိုယ်တော်နှင့် တပည့်တော်ရို့သည် ညစာစားပွဲကို သုံးဆောင်လျက် နီကြစဉ်၊ ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် မုန့်ကို ဖဲ့၍ "ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူပြီးလျှင် စားကြလော့" ဟု မိန့်တော်မူပြီး တပည့်တော်ရို့အား ပီးတော်မူ၏။
ထို့နောက် စပျစ်ရည်ခွက်ကို ယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်ရို့အား ပီးတော်မူလျှင် သူရို့အားလုံးသည်လည်း သောက်ကြ၏။ ယေသျှုကလည်း "ဤစပျစ်ရည်ကား လူတိအဖို့ သွန်းသော ဘုရားသခင်၏ပဋိညာဉ်တော်ကို တံဆိပ်ခတ်နှိပ်ထားသော ငါ၏အသွီးပင် ဖြစ်၏။ သင်ရို့အား ငါ အမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်သောစပျစ်ရည်ကို သောက်ရသည့်နိ့မတိုင်မီ ငါသည် ဤစပျစ်ရည်ကို နောက်တဖန် မသောက်" ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်ရို့အား ပီးတော်မူပြီးလျှင် "ဤမုန့်ကား သင်ရို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့ဖို့ ဤသို့ပြုကြလော့" ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကို ယူတော်မူလျက် "ဤခွက်ကား သင်ရို့အဖို့ သွန်းသော ငါ၏အသွီးနှင့်ပြုသည့် ပဋိညာဉ်တရားသစ်ဖြစ်၏။
O significado espiritual
A Ceia é participação no corpo e no sangue de Cristo. Jesus ensinou que quem come de sua carne e bebe de seu sangue tem a vida eterna.
ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏" ဟု မိန့်တော်မူ၏။
ယေသျှုသည်လည်း ထိုသူရို့အား "ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် လူသား၏ အသားကို မစား၊ အသွီးကို မသောက်ကြလျှင် သင်ရို့၌ အသက်မဟိ။ ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။ ငါ့အသားသည် စစ်မှန်သောစားစရာ ဖြစ်၏။ ငါ၏အသွီးသည်လည်း စစ်မှန်သော သောက်စာရာ ဖြစ်ပေ၏။ ငါ့အသားကို စား၍၊ ငါ့အသွီးကို သောက်သောသူသည် ငါ၌ တည်၏။ ငါသည်လည်း ထိုသူ၌ တည်၏။ အသက်ရှင်သော ခမည်းတော်သည် ငါ့အား စီရွှတ်တော်မူ၏။ ငါသည်လည်း ခမည်းတော်အားဖြင့် အသက်ရှင်၏။ ထိုနည်းတူ ငါ၏အသွီးကို သောက်၍ အသားကို စားသောသူရို့သည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။ ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုး မဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်" ဟု မိန့်တော်မူ၏။
ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် မုန့်ကို ဖဲ့တော်မူလျက် "ဤမုန့်ကား သင်ရို့အဖို့ စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့သတိရခြင်းငှာ ဤသို့ ပြုကြလော့" ဟု မိန့်တော်မူ၏။ ထိုနည်းတူ၊ ညစာစားပြီးနောက် စပျစ်ရည်ခွက်ကို ယူလျက် "ဤ ခွက်ကား ငါ၏သွီးဖြင့် တံဆိပ်ခတ်သော ဘုရားသခင်၏ ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း ငါ့ကို သတိရအောက်မိ့ခြင်းငှာ သောက်ကြလော့" ဟု မိန့်တော်မူ၏။
သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။ သို့ဖြစ်၍ မရိုမသီဘဲ သခင်ဘုရား၏မုန့်ကို စား၍ ကိုယ်တော်၏ခွက်ဖလားမှ စပျစ်ရည်ကို သောက်၏။ ထိုသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွီးတော်ကို ပြစ်မှားရာရောက်၏။ ထို့ကြောင့် လူတိုင်းမိမိကိုယ်ကို စစ်ဆီးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်စီလော့။
သင်ရို့သည် ထိုမုန့်ကို စား၍ ထိုခွက်ဖလားမှ စပျစ်ရည်ကို သောက်သည့်အခါတိုင်း သခင်ဘုရား အသီခံတော်မူကြောင်းကို ကိုယ်တော် ကြွလာတော်မူချိန်ထိတိုင် ကြေညာကြ၏။
A prática da Igreja
Desde os primeiros cristãos, a Ceia do Senhor é parte fundamental da vida comunitária da Igreja, celebrada com reverência e exame de consciência.
ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
တာရောမြို့သို့ ပေါလု၏ နောက်ဆုံးလည်ပတ်ခြင်း
စနီနိ့ ညဇာဖက်၌ ငါရို့သည် အတူတကွ မိတ်ဆုံ စားသုံးခြင်းငှာ စုရုံးကြ၏။ နောက်တစ်နိ့တွင် ပေါလုသည် ထိုမြို့မှ ထွက်လားရန် အကြံဟိသဖြင့် သန်းခေါင်ယံတိုင်အောင် လူတိအား သွန်သင်လျက်ဟိ၏။
စားပွဲတွင် သူရို့နှင့်အတူ ထိုင်တော်မူလျက် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် သူရို့အား ပီးတော်မူ၏။
သို့ဖြစ်၍ မရိုမသီဘဲ သခင်ဘုရား၏မုန့်ကို စား၍ ကိုယ်တော်၏ခွက်ဖလားမှ စပျစ်ရည်ကို သောက်၏။ ထိုသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွီးတော်ကို ပြစ်မှားရာရောက်၏။ ထို့ကြောင့် လူတိုင်းမိမိကိုယ်ကို စစ်ဆီးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်စီလော့။ မုန့်ကိုစား၍ ခွက်ဖလားမှ စပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ ကိုယ်ခန္ဓာကို ပိုင်းခြား၍ နားမလည်သောသူသည် မိမိ၌ အပြစ်ဒဏ်ကျရောက်စီခြင်းငှာ စားသောက်သောသူဖြစ်၏။