Seguir a Jesus
Seguir a Jesus é o convite mais transformador da Bíblia. Jesus chamou pescadores, cobradores de impostos e pessoas comuns para deixar tudo e segui-lo. Esse chamado continua vivo hoje.
O chamado de Jesus
Jesus disse: 'Segue-me'. Esse convite simples e poderoso mudou a vida de pescadores, publicanos e pessoas comuns ao longo da história.
ယေသျှုက "ငါနှင့်အတူ လိုက်ကတ်၊ ငါသည် သင်ရို့အား လူတိကို ဖမ်းဖို့ သင်ပီးမည်" ဟု မိန့်တော်မူ၏။ သူရို့သည် ပိုက်တိကို ချက်ချင်း ပစ်ထားခပြီးလျှင် ကိုယ်တော်နောက်သို့ လိုက်ကြ၏။
ယေသျှုသည် မဿဲအား ခေါ်တော်မူခြင်း
ယေသျှုသည် ထိုအရပ်မှ ထွက်၍ လမ်းလျှောက်လာသောအခါ မဿဲဟုခေါ်သော အခွန်ကောက်ခံသူ တစ်ယောက်သည် သူ၏ရုံး၌ ထိုင်နိန်သည်ကို မြင်လျှင် "ငါ့နောက်ကို လိုက်ခ" ဟု မိန့်တော်မူ၏။
မဿဲသည်လည်း ထ၍ ယေသျှုနောက်သို့ လိုက်လေ၏။
ဖိလိပ္ပုနှင့် နာသနေလရို့ကို ယေသျှု ခေါ်တော်မူခြင်း
နောက်တစ်နိ့၌ ယေသျှုသည် ဂါလိလဲပြည်သို့ ကြွခြင်းငှာ အလိုဟိ၏။ ဖိလိပ္ပုကို တွိ့လျှင် "ငါ့နောက်သို့ လိုက်လော့" ဟု ထိုသူအား မိန့်တော်မူ၏။ (
ယေသျှု၏ နောက်လိုက်ဖြစ်လိုသူများ
ထိုသို့ သူရို့သည် ခရီးပြုနိန်ကြစဉ် လူတစ်ယောက်က "အကျွန်သည်၊ ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ လိုက်ပါမည်" ဟု ကိုယ်တော့်ကို လျှောက်ထား၏။
ယေသျှုက "မြီခွီးမှာ တွင်းဟိ၏။ ငှက်မှာလဲ အသိုက်ဟိ၏။ သို့သော် လူသားမှာကား ဂေါင်းချစရာ နီရာတောင်မဟိ" ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အခြားလူတစ်ယောက်အား "ငါ့နောက်သို့လိုက်လော့" ဟု မိန့်တော်မူ၏။
သို့သော်လည်း ထိုသူက "အသျှင်၊ အကျွန့်အဖ၏အလောင်းကို အယင် လား၍ သင်္ဂြိုဟ်ခွင့် ပီးတော်မူပါ" ဟု လျှောက်၏။
ယေသျှုကလည်း "လူသီရို့က မိမိရို့လူသီအား သင်္ဂြိုဟ်ကတ်ပါစီ၊ သင်မူကား လား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလော့" ဟု ထိုသူအား မိန့်တော်မူ၏။
အခြားသောသူတစ်ယောက်က "အသျှင်၊ အကျွန်သည် ကိုယ်တော့်နောက်သို့ လိုက်ပါမည်။ သို့သော် အကျွန်၏ အိမ်သူအိမ်သားတိကို လား၍ ဦးစွာ နှုတ်ဆက်ခွင့် ပြုတော်မူပါ" ဟု လျှောက်လေ၏။
ယေသျှုကလည်း "ထွန်ကိုင်းကိုကိုင်လျက် နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အသုံးမဝင်" ဟု ပြန်၍ မိန့်တော်မူ၏။
O custo do discipulado
Seguir a Jesus exige renúncia. É preciso tomar a cruz diariamente, deixar tudo para trás e amar a Cristo acima de qualquer outro vínculo.
ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား "ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။
"ငါ့ထံသို့ လာသောသူသည် ငါ့ကို ချစ်သည်ထက် မိဖ၊ သားမယား၊ ညီအစ်ကိုမောင်နှမနှင့် ကိုယ့်ကိုကိုယ် ချစ်သောသူသည် ငါ့တပည့် မဖြစ်နိုင်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့် မဖြစ်နိုင်။
ထိုအခါ ပေတရုက "အကျွန်ရို့သည် အားလုံးကို စွန့်၍ ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါ၏" ဟု လျှောက်ထားလျှင်၊
ယေသျှုက "ငါ အမှန်ဆိုသည်ကား ငါ့အတွက် သော်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် သော်လည်းကောင်း၊ အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး တည်းဟူသော တစ်ပါးပါးကို စွန့်သောသူသည်၊ အဂုကာလ၌ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်တကွ အဆတစ်ရာဟိသော အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးတိကို ရဟိလိမ့်မည် — ယင်းထက်မက နောင်ဘဝ မှာလည်း ထာဝရအသက်ကိုပါ ရဟိလိမ့်မည်။ သို့ရာတွင် အယင်ကျသောသူရို့သည် နောက်ကျလိမ့်မည်။ နောက်ကျသောသူရို့သည် အယင်ကျလိမ့်မည်" ဟု မိန့်တော်မူ၏။
Caminhar com Cristo
Quem segue a Jesus não anda em trevas, mas tem a luz da vida. Ele nos convida a crescer nele e a servir como Ele serviu.
လောကအလင်း ဖြစ်တော်မူသော ယေသျှု
တဖန် ယေသျှုက ဖာရိယှဲရို့အား "ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်" ဟု မိန့်တော်မူ၏။
ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။ ကိုယ်တော်သည် အပြစ်ကို မပြု၊ ကိုယ်တော်၏ နှုတ်တော်၌ မုသားကို မတွိ့ရ။ ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။
ယင်းအစား၊ ငါရို့သည် မေတ္တာစိတ်နှင့် သမ္မာတရားကို ပြောကြားခြင်းအားဖြင့် အသင်းတော်၏ဦးဂေါင်း ဖြစ်တော်မူသော ခရစ်တော်၌ အရာရာတွင် ကြီးပွားတိုးတက် ကြရမည်။