A segunda vinda de Cristo
A segunda vinda de Cristo é a esperança suprema da Igreja. Jesus prometeu que voltará com poder e grande glória para julgar os vivos e os mortos e estabelecer seu Reino eterno.
A promessa do retorno
Jesus prometeu voltar. Os anjos declararam que Ele virá da mesma forma como ascendeu. A Igreja aguarda esse dia glorioso com expectativa.
"ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်" ဟု ဆိုကြ၏။
ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊ "ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်" ဟု ဆိုကြ၏။
ယေသျှုသည် ခမည်းတော်ထံသို့ ပို့ဆောင်သောလမ်းဖြစ်သည်
ယေသျှုက "သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။ ငါ့အဖအိမ်တော်၌ အခန်းများစွာဟိ၏။ သင်ရို့အတွက် နီရာကို ပျင်ဆင်ရန် ငါလားရဦးမည်။ ထိုသို့ မဟုတ်လျှင် မဟုတ်ကြောင်းကို သင်ရို့အား ငါမပြောဘဲမနိန်။ ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က "မုချ၊ ငါသည် မကြာခင် ကြွလာမည်" ဟု မိန့်တော်မူ၏။
ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။
ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က "မုချ၊ ငါသည် မကြာခင် ကြွလာမည်" ဟု မိန့်တော်မူ၏။
ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။
ယေသျှုက "နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။
Os sinais dos tempos
Jesus descreveu os sinais que precederão sua volta: falsos profetas, guerras, fome, terremotos e tribulação. Devemos discernir os tempos sem nos alarmar.
နှိပ်စက်ညှဉ်းဆဲခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများ
ယေသျှုသည် သံလွင်တောင်ထက်မှာ ထိုင်နိန်သောအခါ တပည့်တော်ရို့သည် တိတ်တဆိတ် လာတွိ့ကြပြီးလျှင် "ဤအရာအားလုံးသည် မည်သည့် အချိန်ခါတွင် ဖြစ်လာမည်ကိုလည်းကောင်း၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်နှင့် ကပ်ကာလကုန်ဆုံးချိန်ကို သိနိုင်ရန် ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည် ကိုလည်းကောင်း အကျွန်ရို့အား မိန့်တော်မူပါ" ဟု မိန်းလျှောက်ကြ၏။
ယေသျှုက "သင်ရို့သည် လိမ်လည်လှည့်ဖျားခြင်းကို မခံရစီရန် အထူးသတိပြုနိန်ကတ်ပါ။ အကြောင်းမူကား လူများစွာရို့က ‘ငါသည် မေသျှိယဖြစ်၏’ ဟု ဆိုလျက် ငါ၏နာမဖြင့် ရောက်လာကြပြီးလျှင် လူများစွာတိကို လှည့်စားကြလိမ့်မည်။ သင်ရို့သည် စစ်ဖြစ်နိန်ကြသည့်အကြောင်းကိုလည်းကောင်း၊ စစ်ဖြစ်နိန်ကြကြောင်း ကောလာဟလသတင်းစကားတိကိုလည်းကောင်း ကြားကတ်ရလိမ့်မည်၊ သို့သော်လည်း စိုးရိမ်ထိန့်လန့်ခြင်း မဖြစ်ကြစီခြင်းငှာ သတိထားကြလော့။ ထိုသို့သောအရာများသည် ဖြစ်လာရမည်၊ သို့သော်လည်း နောက်ဆုံးအချိန်ကား မရောက်သိမ့်။
"ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှဉ်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။ ထိုကာလ၌ လူအများသည် ယုံကြည်မှုလွဲမှားကာ အချင်းချင်း သစ္စာဖောက်လျက် မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် များစွာ ပေါ်လာပြီး လူများစွာကို လှည့်ဖျားကြလိမ့်မည်။
ဆိုးယုတ်မှုတိ များပြားလာသောကြောင့် မေတ္တာတရား ခေါင်းပါးလာလိမ့်မည်။ သို့သော်လည်း အဆုံးထိ အခိုင်အမာရပ်တည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
နိုင်ငံတော်နှင့်ပတ်သက်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းရို့အား သက်သီခံ၍ တစ်ကမ္ဘာလုံး၌ ဟောပြောကတ်လိမ့်မည်။ ထို့နောက် ကပ်ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ဤမျှလောက် ကြောက်စရာကောင်းသည့် ဒုက္ခကပ်ဆိုးကြီးသည်ကား ကမ္ဘာဦးအစကပင် ဂနိ့ထိတိုင်အောင် တစ်ခါမျှ မဖြစ်ဖူးခသိမ့်။ နောင်တွင်လည်း ဤကဲ့သို့ တစ်ခါမျှ ဖြစ်လိမ့်မည် မဟုတ်။ သို့သော်လည်း ဤနိ့ရက်ကာလကို တိုတောင်းစီတော်မမူလျှင် တစ်ယောက်လည်း အသက်ရှင်ကတ်လိမ့်မည် မဟုတ်၊ ရွီးကောက်ထားသူတိအတွက် ဤကာလကို တိုတောင်းစီလိမ့်မည်။
"ထိုကာလ၌ တစ်စုံတစ်ယောက်သောသူက ‘ကြည့်လော့၊ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောကြသော်လည်း ထိုစကားကို မယုံကတ်လီကေ့။ အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။ ဤအချိန်မရောက်ခင် သင်ရို့အား ငါ ပြောထားခသောစကားတိကို နားထောင်ထားကတ်။
"ထိုကာလ၌ တစ်စုံတစ်ယောက်သောသူက ‘ကြည့်လော့၊ ဤအရပ်၌ မေသျှိယ ဟိ၏၊ ထိုအရပ်၌ မေသျှိယ ဟိ၏’ ဟု ပြောကြသော်လည်း ထိုစကားကို မယုံကတ်လီကေ့။ အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။ ဤအချိန်မရောက်ခင် သင်ရို့အား ငါ ပြောထားခသောစကားတိကို နားထောင်ထားကတ်။
"လူတိက ‘မေသျှိယသည် တောထဲ၌ ပွင့်တော်မူနိန်ယာ’ ဟု ပြောကြသော်လည်း မလားကတ်လီကေ့။ ‘မေသျှိယသည် ဤအရပ်၌ လျှို့ဝှက်စွာ ကိန်းဝပ်နိန်တော်မူ၏’ ဟု ပြောကြသော်လည်း မယုံကတ်လီကေ့။
အပင်နှင့် ၎င်း၏အသီး
"မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နီရာအနှံ့တွင် ငလျှင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်လိမ့်မည်။ ထိုအမှုအရာတိကား ရောက်လာမည့် ဆင်းရဲဒုက္ခများ၏ ရှိ့ဗြီးဖြစ်၏။
"သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။ သို့ရာတွင် ကပ်ကမ္ဘာကုန်ဆုံးချိန် မရောက်လာမီ သတင်းကောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောရကြမည်။
ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သီစီခြင်းငှာ အပ်ကြလိမ့်မည်။ ဖခင်က သားကို အပ်သည်နည်းတူ သားသမီးတိကလည်း မိဘတိကို ရန်ပြုကာ သီစီကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
နီရာအနှံ့တွင် မြီငလျင် ပြင်းထန်စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကပ်ရောဂါ ကျရောက်ခြင်းများ ဖြစ်လိမ့်မည်။ ကောင်းကင်မှလည်း ကြောက်မက်ဖွယ်သော အရာများနှင့် ပုဗ္ဗနိမိတ်များ ဖြစ်ပေါ်လာကြလိမ့်မည်။
A vinda gloriosa
Cristo virá nas nuvens com poder e grande glória, enviará seus anjos e reunirá seus escolhidos dos quatro ventos.
လူသား ကြွလာတော်မူခြင်း
"ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည် မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။ ထို့နောက် လူသား၏နိမိတ်လက္ခဏာသည် အာကာပြင်၌ ပေါ်ထွန်းလာလိမ့်မည်။ ကောင်းကင်တိမ်တိုက်များထက်တွင် ကြီးမြတ်သောဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူသော လူသားကို မြင်ကြသောအခါ မြီကြီးထက်၌ဟိသော လူမျိုးနွယ်စုအားလုံးသည် ဝမ်းနည်းကြီကွဲကြလိမ့်မည်။ ထို့နောက် လူသားသည် ကျယ်လောင်သော တံပိုးမှုတ်သံဖြင့် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ ထိုအခါ ကောင်းကင်တမန်များသည် မိမိရွီးကောက်ထားသောသူတိကို ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုသိမ်းကြလိမ့်မည်။
သင်္ဘောသဖန်းပင်၏ သင်ခန်းစာ
"ဤအချိန်၌ သဖန်းပင်မှ ဤသင်ခန်းစာကို သင်ယူကြလော့။ ဤအပင်၏အကိုင်းအခက်များ နုလာ၍ အရွက်များထွက်လာသည်နှင့် နွီရာသီရောက်ခါနီးယာ ဆိုသည်ကို သင်ရို့ သိကတ်ပါ။ ထိုနည်းတူ သင်ရို့သည် ဤအရာအားလုံးကို မြင်တွိ့ကြရသောအခါ၌ လူသားသည် တန်းခါးဝတိုင်ယောင် အနီးသို့ ရောက်နိန်ယာ ဆိုသည်ကို သင်ရို့သိကတ်ပါ။
အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
လူသား ကြွလာတော်မူမည့်အကြောင်း
"နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။ လူတိက ကမ္ဘာမြီကြီး၌ ကျရောက်လတ္တံ့သော ကပ်ဖီးများကို မျှော်ကြည့်၍ ကြောက်လန့်ကာ မိ့မောကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်တန်ခိုးများ တုန်လှုပ်ကြသောကြောင့် ဖြစ်၏။ ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။ ဤအမှုအရာများ ဖြစ်ပျက်လာသောအခါ သင်ရို့အား ရွီးနုတ်ကယ်တင်တော်မူခြင်းငှာ အချိန်နီးကပ် နိန်ပြီဖြစ်၍ သင်ရို့၏ဂေါင်းကို မော့၍ အထက်ကို မျှော်ကြည့်ကြလော့" ဟု မိန့်တော်မူ၏။
ထိုအချိန်၌ လူသားသည် တိမ်ကိုစီးပြီး ကြီးစွာသော ဘုန်းတန်ခိုးကိုဆောင်၍ ကြွလာတော်မူသည်ကို သူရို့သည် မြင်ကြလိမ့်မည်။
ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ယင်းနောက် လူသားသည် မြီကြီးတစ်ပြင်လုံး၌ မိမိရွီးချယ်ထားသော လူတိကို စုရုံးစီခြင်းငှာ ကောင်းကင်တမန်တိကို မြီကြီးအရပ်လေးမျက်နှာသို့ စီရွှတ်တော်မူလိမ့်မည်။
အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။ သို့ဖြစ်၍ ဤစကားများဖြင့် တစ်ယောက်ကို တစ်ယောက် အားပီးတိုက်တွန်းကြလော့။
Vigilância e preparo
Ninguém sabe o dia nem a hora. Jesus nos ordena a vigiar, orar e estar prontos, pois Ele virá quando menos esperamos.
"ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။
"ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။
ထို့ကြောင့် သင်ရို့ မမျှော်လင့်သောအချိန်မှာ လူသားသည် ကြွလာမည်ဖြစ်၍ သင်ရို့သည်လည်း အဆင်သင့် ဖြစ်နိန်ကြရမည်။
သတိနှင့်နီရန် လိုအပ်ခြင်း
"သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။ အကြောင်းမူကား ထိုနိ့ရက်သည် လောက၌ဟိသော လူသားအားလုံးကို အုပ်မိလိမ့်မည်။ နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း" ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ ဆုကျေးဇူးများကို ကောင်းမွန်စွာ စီမံခန့်ခွဲသူများ
အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။
သို့ဖြစ်၍ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော် ပြန်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်နိန်စဉ် သင်ရို့မခံရသော ကောင်းကြီးမင်္ဂလာဟူ၍ မဟိ။ ငါရို့ အသျှင်ယေသျှုခရစ်တော်၏ တရားစီရင်တော်မူရာနိ့တွင် သင်ရို့သည် အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်စီရန် ကိုယ်တော်သည် သင်ရို့အား အဆုံးတိုင်အောင် ခိုင်ခံ့စီတော်မူလိမ့်မည်။
A esperança bendita
A aguardamos a bendita esperança e a manifestação da glória do nosso grande Deus e Salvador Jesus Cristo.
အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။ ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊ ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။ ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
သို့ဖြစ်၍ သင်ရို့တွင် ဤကောင်းမြတ်သည့်အမှုကို အစပြုပီးတော်မူသော ဘုရားသခင်သည် ခရစ်တော်ယေသျှု၏နိ့ရက်တိုင်အောင် ထိုအမှုကို ပြီးစီးစီခြင်းငှာ ပြုတော်မူလိမ့်မည်ဟု ငါယုံကြည်၏။
ဘုရားသခင်၏သန့်ယှင်းသောဝိညာဉ်တော်ကို စိတ်မနာစီကတ်ကေ့၊ အကြောင်းမူကား ဝိညာဉ်တော်သည် သင်ရို့အား ဘုရားသခင် ပိုင်တော်မူကြောင်း အမှတ်အသား ဖြစ်ပြီး၊ ဘုရားသခင်သည် သင်ရို့အား လွတ်ခြင်းအခွင့်ကို ပီးသောနိ့ရက်၌ သင်ရို့အဖို့ အာမခံချက် ဖြစ်သတည်း။
ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
ထို့အပြင် မေတ္တာထားခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုကို ပြုခြင်းငှာလည်းကောင်း၊ တစ်ယောက်ကို တစ်ယောက် မည်သို့ တိုက်တွန်းကြရမည်ကိုလည်းကောင်း၊ စဉ်းစားဆင်ခြင်ကြကုန်အံ့။ တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က "ငါသည် အစနှင့်အဆုံး ဖြစ်၏" ဟု မိန့်တော်မူ၏။
ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။
သို့သော်လည်း ငါ့ အဆွီရို့၊ သခင်ဘုရားအတွက် တစ်ရက်သည် နှစ်တစ်ထောင်ကဲ့သို့ လည်းကောင်း၊ နှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်း ဖြစ်သည်ကို မမိ့လျော့ကတ်ကေ့။
သားသမီးရို့၊ ကိုယ်တော် ကြွလာတော်မူသောနိ့၌ ငါရို့သည် ရှက်ကြောက်ခြင်း မဟိကြစီဘဲ၊ ရှိ့တော်၌ ရဲရင့်ခြင်းနှင့် ပြည့်ဝစီခြင်းငှာ ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.