Pular para o conteúdo
Publicidade

Servir

Por Bíblia Online

Jesus mudou a lógica do mundo quando trocou o poder pelo cuidado. Enquanto a maioria busca destaque e reconhecimento, o caminho de quem crê passa pelas mãos estendidas para ajudar o próximo. Cuidar de quem precisa e gastar a própria vida pelos outros não é um fardo pesado, mas a consequência natural de conhecer o amor de Deus.

As palavras da Escritura mostram que a verdadeira grandeza acontece na rotina simples, longe dos holofotes. Quando você coloca seus dons e seu tempo à disposição da comunidade e da sua família, você caminha exatamente nos passos que o próprio Cristo deixou para orientar a sua vida.

Servir é o coração do evangelho. Jesus não veio para ser servido, mas para servir. O cristão é chamado a seguir esse exemplo, colocando-se a serviço de Deus e do próximo.

O exemplo de Jesus

Cristo é o modelo supremo de serviço. Ele lavou os pés dos discípulos e deu a própria vida como resgate por muitos.

အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။-သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်။ လူ​သား​သည် သူ​တစ်​ပါး​ကို​စေ​စား​ခြင်း​ငှာ မ​လာ၊-

ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။-

ထို​အ​ခါ ကိုယ်​တော်​သည် ထိုင်​လျက် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ၍၊ အ​ရင်​အ​ဦး​ဖြစ်​လို​သော​သူ မည်​သည်​ကား နောက်​ဆုံး​ဖြစ်​ရ​မည်။ အ​လုံး​စုံ​တို့၏ အ​စေ​ခံ​လည်း ဖြစ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

Servindo ao Senhor

Servir a Deus é um privilégio e uma ordenança. Devemos amá-lo de todo coração e servi-lo com alegria e fidelidade.

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊

ဘု​ရား​သ​ခင်​နှစ်​သက်​သော​ကျ​င့်​ဝတ်

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သင်၏​အ​ကျိုး​ကို​ထောက်၍ ယ​နေ့​ငါ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်​ခြင်း​အ​မှု​မှ​တစ်​ပါး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​အ​မှု​ကို တောင်း​တော်​မူ​သ​နည်း။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​ရ​ကြ​မည်။ ကြောက်​ရွံ့​သော​စိတ်​နှင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရ​ကြ​မည်။ စ​ကား​တော်​ကို နား​ထောင်​လျက် ဝတ်​ပြု၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​ရ​ကြ​မည်။

အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

Servir ao próximo

A liberdade cristã nos chama a servir uns aos outros pelo amor. Cada dom recebido é para edificação do corpo de Cristo.

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-

လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-

ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။

သ​ခင်​နှစ်​ဦး

အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။-

သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။-

Fidelidade e recompensa

O servo fiel e sábio será recompensado pelo Senhor. A fidelidade no serviço honra a Deus e produz frutos eternos.

အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

ကောင်း​သော​သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပဲ့​ပြင်၍၊ သူ​သွား​ရာ​လမ်း​ကို နှစ်​သက်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏ အ​သက်​ဝိ​ညာဉ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.