Servir
Servir é o coração do evangelho. Jesus não veio para ser servido, mas para servir. O cristão é chamado a seguir esse exemplo, colocando-se a serviço de Deus e do próximo.
O exemplo de Jesus
Cristo é o modelo supremo de serviço. Ele lavou os pés dos discípulos e deu a própria vida como resgate por muitos.
အကြောင်းမူကား လူသားပင်လျှင် သူတစ်ပါးကို ခိုင်းစီဖို့ရန် လာသည် မဟုတ်၊ သူတစ်ပါး၏ အခိုင်းအစီကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူတိကို ရွီးနုတ်ခြင်းငှာလည်းကောင်း ကြွလာခြင်းဖြစ်၏" ဟု မိန့်တော်မူ၏။
လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်း မဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏" ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။
သို့သော်လည်း သင်ရို့တွင် ဤသို့ မဟုတ်၊ အကြီးအကဲ လုပ်ချင်သောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။ သင်ရို့တွင် အမြင့်ဆုံးမှာ နီချင်သောသူသည် အားလုံး၏အစီခံကျွန် ဖြစ်ရမည်။
ငါကား သင်ရို့၏ ဆရာဖြစ်သကဲ့သို့ သင်ရို့၏သခင်ဘုရားလည်း ဖြစ်လျက်နှင့်ပင် သင်ရို့ခြီကို ဆီးပီး၏။ ထို့ကြောင့် သင်ရို့လည်း အချင်းချင်းခြီကို ဆီးပီးကြလော။
ထိုအခါ ယေသျှုသည် ထိုင်လျက် တစ်ဆယ့်နှစ်ပါးသော တပည့်တော်ရို့အား ခေါ်၍ "အမြင့်ဆုံး ဖြစ်လိုသောသူသည် အားလုံး၏ အောက်ဆုံးဖြစ်ရမည်။ လူတိုင်း၏ အစီခံလည်း ဖြစ်ရမည်" ဟု မိန့်တော်မူ၏။
Servindo ao Senhor
Servir a Deus é um privilégio e uma ordenança. Devemos amá-lo de todo coração e servi-lo com alegria e fidelidade.
ပျင်းရိခြင်းမဟိဘဲ ကြိုးစားအားထုတ်ကြလော့။ စိတ်နှလုံးကို ဆက်ကပ်အပ်နှံ၍ သခင်ဘုရား၏အမှုတော်မြတ်ကို ဆောင်ရွက်ကြလော့။
မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
Servir ao próximo
A liberdade cristã nos chama a servir uns aos outros pelo amor. Cada dom recebido é para edificação do corpo de Cristo.
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။
ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
ဘုရားသခင်နှင့် လောကီဥစ္စာ
"ဇာသူလည်း သခင်နှစ်ယောက်၏ကျွန် မဖြစ်နိုင်။ သခင်တစ်ယောက်ကို မုန်း၍ တစ်ယောက်ကို ချစ်မည်၊ တစ်ယောက်ကို သစ္စာဟိ၍ တစ်ယောက်ကို ငြင်းပယ်မည်။ သင်ရို့သည် ဘုရားသခင်အမှုကိုလည်းကောင်း၊ လောကီစည်းစိမ်အမှုကိုလည်းကောင်း တစ်ပြိုင်တည်း မဆောင်ရွက်နိုင်ကြ။
သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။
Fidelidade e recompensa
O servo fiel e sábio será recompensado pelo Senhor. A fidelidade no serviço honra a Deus e produz frutos eternos.
သခင်က ‘ကောင်းယာ၊ သင်သည် သစ္စာဟိသော အစီခံကောင်းတစ်ယောက် ဖြစ်၏၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာဟိခ၏၊ များစွာသောအရာတိကို စီမံခန့်ခွဲသူအဖြစ် သင့်အား ငါ ခန့်အပ်မည်၊ မိမိသခင်၏ချမ်းသာသုခကို လာ၍ ခံစားလော့’ ဟု သခင်က ဆို၏။
ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော့။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။