Sexo
Falar sobre sexualidade exige olhar para além dos impulsos do corpo e entender o desenho original do Criador para a vida a dois. Deus formou o homem e a mulher, instituiu a união e quis que a intimidade fosse um espaço de entrega genuína, proteção e alegria mútua dentro do casamento.
As Escrituras mostram que o corpo tem valor eterno e não serve apenas para satisfação passageira. Quando você alinha sua vida aos padrões divinos, descobre que a pureza protege o coração e honra Aquele que habita em você, dando sentido pleno ao amor conjugal.
A Bíblia trata a sexualidade como um presente de Deus para o contexto do casamento. As Escrituras celebram a intimidade conjugal e orientam sobre pureza e santidade sexual.
A sexualidade no plano de Deus
Desde a criação, Deus projetou a intimidade sexual como expressão de amor entre marido e mulher, abençoando a união conjugal.
ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။
ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။-ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။-ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။-
သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍၊ အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သော မယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
A santidade na intimidade
O leito conjugal é honroso. A Bíblia celebra a alegria da intimidade dentro do casamento e orienta o casal ao amor e respeito mútuo.
ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။-
ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။- မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။-
သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။
တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။
သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏အင်္ဂါ ဖြစ်စေအပ်သလော။ မဖြစ်စေအပ်။- အဘယ်သို့နည်း။ ပြည့်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။-သခင်ဘုရား၌ မှီဝဲသောသူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။-
Pureza sexual
Deus nos chama à santificação e à fuga da imoralidade. O corpo do cristão é templo do Espírito Santo e deve ser tratado com honra.
မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင် ပြစ်မှား၏။- အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။-သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။
ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊- ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊- သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊-
မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။-
ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။-
ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။-
သူ့မယားကို မပြစ်မှားနှင့်။
သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဖော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသမပြုရ။ ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာ ဆိုင်၏။ တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။ အမိခြားသော်လည်း တစ်ဘတည်းဖြစ်သော နှမကိုမချဉ်းရ။ သင့်အဘ၏ပေါက်ဖော်ရင်းဖြစ်သော အဘ၏နှမကိုလည်းကောင်း၊ သင့်အမိ၏ပေါက်ဖော်ရင်းဖြစ်သော အမိ၏ညီအစ်မကိုလည်းကောင်း၊ အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကိုလည်းကောင်း၊ သား၏မယားတည်းဟူသော ချွေးမကိုလည်းကောင်း၊ ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကိုလည်းကောင်း မချဉ်းရ။ ကိုယ်မယား၏ပေါက်ဖော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။ ကိုယ်မယားကိုနှောင့်ယှက်ခြင်းငှာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။
ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။ ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်မပူဇော်ရ။ သင်၏ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။
ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊- မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။
ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။- ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။- ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဖွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။-
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.