Pular para o conteúdo
Publicidade

Sofrimento

Por Bíblia Online  - 

A dor e as lágrimas fazem parte do caminho de qualquer pessoa neste mundo. Quando o sofrimento chega, muitas vezes falta ar e o coração pesa com perguntas que parecem não ter resposta.

As Escrituras mostram que Deus não ignora a nossa dor. Jesus conheceu o peso do sofrimento de perto e caminhou por entre as maiores dores humanas. Encontre descanso nas palavras que Deus deixou para os momentos em que a vida pesa demais.

O sofrimento é uma realidade da vida neste mundo, mas a Bíblia revela que Deus está presente em toda dor, produzindo caráter, esperança e redenção através das tribulações.

O sofrimento de Cristo

Jesus sofreu por nós, carregando nossas dores e enfermidades. Ele é o modelo supremo de como enfrentar o sofrimento com fé e obediência.

မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။

သို့​သော်​လည်း၊ ထို​သူ​သည် ငါ​တို့​အ​နာ​ရော​ဂါ ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ဆုံး​မ၍ နှိမ့်​ချ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ငါ​တို့​သည် ထင်​မှတ်​ကြ​ပြီ။

အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။-

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-

O propósito do sofrimento

Deus usa as tribulações para produzir perseverança, caráter e esperança. O sofrimento presente não se compara com a glória que será revelada.

ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-

အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ

ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။

ဘု​ရား​သ​ခင်​အ​တွက်​အ​သက်​ရှင်​ခြင်း

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊-

Consolação e companhia

Deus consola os aflitos para que possamos consolar outros. Nunca estamos sozinhos no sofrimento — Ele é o Pai das misericórdias.

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။-

ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။-

Fé em meio à dor

Os grandes homens e mulheres de fé sofreram e perseveraram. O sofrimento nos aproxima de Deus e nos leva a entender seu coração.

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။

အ​ပြစ်​နှင့်​အ​လျောက် ဘု​ရား​သ​ခင် စစ်​ဆေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ကြောင့် အ​န​န္တ​တန်​ခိုး​ရှင် ဆုံး​မ​တော်​မူ​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ပါ​နှင့်။

အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-

မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။-

မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊- အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-

ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။

ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။-

သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊- ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.