Pular para o conteúdo
Publicidade

Sonhos

Por Bíblia Online  - 

Deus frequentemente usou o silêncio da noite e o descanso para alcançar o coração humano, comunicando orientações, direções e avisos que mudaram o rumo da história. A Escritura mostra que o Criador é soberano sobre os pensamentos e as noites dos seus servos, guiando passos e revelando mistérios segundo a sua vontade.

Ao mesmo tiempo, a própria Palavra ensina a ter cautela e discernimento diante daquilo que passa pela mente enquanto dormimos, lembrando que nem toda experiência nocturna tem origem divina. O repouso é um momento para descansar a mente e entregar o futuro nas mãos daquele que sustenta a vida.

Sonhos aparecem em toda a Bíblia como meio de revelação divina. Deus falou através de sonhos a patriarcas, profetas e servos, mas também alertou contra falsos sonhadores.

Sonhos como revelação divina

Deus usou sonhos para comunicar sua vontade a homens e mulheres ao longo da história bíblica, revelando caminhos e mistérios.

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။(တောလည်ရာ 12:6)

ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။(ယောလ 2:28)

ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။- ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။- ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။- ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။-(တမန်တော် 2:14-17)

ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။(ဒံယေလ 1:17)

ရှင်​ဘု​ရင်​က​လည်း၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို ပြန်​ပြော၍ အ​နက်​ကို ဖော်​ပြ​နိုင်​သ​လော​ဟု၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ရှိ​သော ဒံ​ယေ​လ​ကို မေး​တော်​မူ​လျှင်၊ ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​ကို ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ မာ​ဂု​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် အ​ရှင်​မင်း​ကြီး​အား ဖော်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။ နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။(ဒံယေလ 2:26-28)

Sonhos na história da Bíblia

De José no Egito a José pai de Jesus, Deus guiou a história da salvação através de sonhos, protegendo e dirigindo seu povo.

သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။(ကမ္ဘာဦး 40:8)

ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​အိပ်​မက်​ကို​မြင်​မက်​ပြီ။ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်။ သင်​သည် အိပ်​မက်​ကို နား​လည်​သော​ဉာဏ်​နှင့် အ​နက်​ဖတ်​နိုင်​သည်​ကို ငါ​ကြား​ရ​ပြီ​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ ကျွန်​တော်​သည် အ​လို​အ​လျောက်​မ​တတ်​နိုင်​ပါ။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​အ​ဖြေ​စ​ကား​ကို ဖာ​ရော​ဘု​ရင်​အား​ပေး​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။(ကမ္ဘာဦး 41:15,16)

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။- သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-(ရှင်မဿဲ 1:20,21)

ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-(ရှင်မဿဲ 27:19)

ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။(ဆာလံ 126:1)

Sabedoria sobre sonhos

A Bíblia ensina discernimento: nem todo sonho vem de Deus. Devemos entregar nossos planos ao Senhor e confiar na direção dele.

ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။(သုတ္တံ 16:3)

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။(သုတ္တံ 19:21)

သင်​တို့​တွင် ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို မြင်​သော​သူ​သည် ပေါ်​လာ၍၊ သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊ ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​ရ​ကြ​မည်။ ကြောက်​ရွံ့​သော​စိတ်​နှင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရ​ကြ​မည်။ စ​ကား​တော်​ကို နား​ထောင်​လျက် ဝတ်​ပြု၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​ရ​ကြ​မည်။(တရားဟောရာ 13:1-4)

ငါ​သည် အိပ်​မက်​မြင်​ပြီ၊ အိပ်​မက်​မြင်​ပြီ​ဟု၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ မု​သား​ဖြင့်​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို ငါ​ကြား​ပြီ။ ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။(ယေရမိ 23:25,26)

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။(ယေရမိ 23:32)

အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။(ဒေသနာ 5:3)

အိပ်​မက်​များ​ရာ၌​လည်း​ကောင်း၊ စ​ကား​များ​ရာ၌​လည်း​ကောင်း၊ အ​ချည်း​နှီး​သော​အ​ကြောင်း​အ​ရာ​ပါ​တတ်၏။ သင်​မူ​ကား ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လော့။(ဒေသနာ 5:7)

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.