Pular para o conteúdo
Publicidade

Superação

Por Bíblia Online

Passar por dias difíceis exige perseverança, e a caminhada cristã não está isenta de lutas, dores e tentações. Quando o peso do mundo parece grande demais, o coração humano busca descanso e renovação na promessa de que nenhuma adversidade tem a última palavra sobre a sua vida.

As Escrituras lembram repetidamente que a força para prosseguir não vem de suas próprias capacidades, mas da presença constante de Deus. Meditar na Palavra orienta os passos, acalma o medo e devolve a coragem necessária para continuar firme, sabendo que a vitória já foi conquistada por Cristo.

Superar desafios, dificuldades e tentações faz parte da caminhada cristã. A Bíblia nos garante que, em Cristo, somos mais que vencedores em todas as circunstâncias.

Vitória em Cristo

Jesus já venceu o mundo. Nele temos coragem, paz e a certeza de que nenhuma adversidade poderá nos derrotar definitivamente.

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။-

ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။-

ဘု​ရား​သ​ခင်၏​သား​ဖြစ်​သော​သူ မည်​သည်​ကား၊ လော​က​ကို အောင်​တတ်၏။ လော​က​ကို အောင်​ခြင်း​အ​ကြောင်း​မူ​ကား၊ ငါ​တို့၏ ယုံ​ကြည်​ခြင်း​ပေ​တည်း။-

ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်၏​သား​ဖြစ်​သော​သူ မည်​သည်​ကား၊ လော​က​ကို အောင်​တတ်၏။ လော​က​ကို အောင်​ခြင်း​အ​ကြောင်း​မူ​ကား၊ ငါ​တို့၏ ယုံ​ကြည်​ခြင်း​ပေ​တည်း။- ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။

သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-

Superando o mal com o bem

O cristão vence o mal não com violência, mas com o bem. O amor, a fé e a perseverança são as armas da superação.

အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။

ခ​ရစ်​တော်​၌​အောင်​မြင်​ခြင်း

ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-

အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​သည် လွှတ်၏၊ ထို​သူ၏​အ​ပြစ်​ကို ငါ​သည်​လည်း လွှတ်၏၊၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၏ အ​ပြစ်​ကို လွှတ်​ဖူး​လျှင်၊ သင်​တို့​ကို​ထောက်၍ ခ​ရစ်​တော်၏​အ​ခွင့်​နှင့် လွှတ်​ဖူး၏။- သို့​မ​ဟုတ်​လျှင်၊ စာ​တန်​သည် ငါ​တို့​ကို​နိုင်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ၏​အ​ကြံ​အ​စည်​များ​ကို ငါ​တို့​သိ​ကြ၏။

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-

Força e coragem divina

Deus é nosso escudo e fortaleza. Quando o medo tenta nos paralisar, a presença do Senhor nos fortalece e nos encoraja a prosseguir.

အ​လင်း​နှင့်​ကယ်​တင်​ရှင်

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။

ကိုယ်၌​ပါ​သော​လေး​ကို အ​ကျွန်ုပ်​သည် မ​ကိုး​စား။ ကိုယ်​ဓား​သည် အ​ကျွန်ုပ်​ကို မ​ကယ်​ရ​ပါ။ ကိုယ်​တော်​သာ​လျှင် အ​ကျွန်ုပ်​တို့​ကို ရန်​သူ​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​အား မုန်း​သော သူ​များ​ကို​လည်း အ​ရှက်​ကွဲ​စေ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​ခြား​မ​လပ် ဘု​ရား​သ​ခင်၌​ဝါ​ကြွား၍ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မွမ်း​ကြ​ပါ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ကြ​ပါ၏။

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို​စစ်​တိုက်၍ သင်​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ သင်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​သည်​ဟု လူ​တို့​အား​ပြော​ဆို​ရ​ကြ​မည်။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။-

Resistindo a tentação

A armadura de Deus nos protege contra as investidas do mal. Resistir ao diabo, vigiar e orar são essenciais para a superação espiritual.

ဘု​ရား​သ​ခင်၏​လက်​နက်​စုံ

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။- မာရ်​နတ်၏ ပ​ရိ​ယာယ်​တို့​ကို တား​ဆီး​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ဝတ်​ဆောင်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။- ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။- သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊- ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံဂေ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။- မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။-

အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။- အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။- ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။

စုံ​စမ်း​ခြင်း​နှ​င့်​သွေး​ဆောင်​ခြင်း

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။- အ​ပြစ်​သွေး​ဆောင်​ခြင်း​ကို ခံ​ရ​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သွေး​ဆောင်​တော်​မူ​သည်​ဟု မ​ပြော​စေ​နှင့်။ မ​ကောင်း​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း အ​ဘယ်​သူ​ကို​မျှ အ​ပြစ်​သို့ သွေး​ဆောင်​တော်​မ​မူ။- မိ​မိ​တပ်​မက်​သော​စိတ် ဆွဲ​ငင်​ဖြား​ယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​သွေး​ဆောင်​ခြင်း​သို့ ရောက်​တတ်၏။- တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။-

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။-

Perseverança até o fim

A corrida da fé exige perseverança. Devemos lançar fora todo peso e olhar para Jesus, o autor e consumador da nossa fé.

ယေ​ရှု​ကို​စေ့​စေ့​ထောက်​ရှု​ကြ

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။-

အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။

ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။- သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-

ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။-

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-

ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်းသော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။-

Descanso e renovação

Jesus convida os cansados e sobrecarregados a descansar nele. Sua graça é suficiente para nos renovar em meio às tribulações.

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-

ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊-

သင်​တို့​သည် အ​ဘယ်​ကြောင့် အိပ်​ပျော်​ကြ​သ​နည်း။ ထ​ကြ။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ​ပြီး​မှ၊-

သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-

ကြွ​လာ​မ​ည့်​ဘု​ရင်

အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-

ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။- လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။-

သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည့်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။- အ​ဘယ်​သို့​နည်း။ ပြည့်တန်​ဆာ၌ မှီ​ဝဲ​သော​သူ​သည် ထို​ပြည့်​တန်​ဆာ​နှင့် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​စာ​လာ၏။-သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။- မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။- အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

ဝိ​ညာဉ်​ပ​က​တိ​နှ​င့်​ဇာ​တိ​ပ​က​တိ

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.