Temor do Senhor
Reconhecer quem Deus é muda a maneira como você vive cada dia. Não se trata de um pavor paralisante, mas de um respeito profundo que coloca o Criador no centro de tudo, alinhando suas escolhas à vontade dele.
Quando você cultiva essa postura no coração, encontra direção para tomar decisões certas e sabedoria para caminhar com retidão. As palavras sagradas mostram que essa reverência molda o caráter, afasta o mal e traz paz genuína para a jornada diária.
O temor do Senhor é o princípio da sabedoria. Não se trata de medo, mas de reverência profunda, respeito e admiração diante da santidade e grandeza de Deus.
O princípio da sabedoria
A Escritura afirma que temer ao Senhor é o primeiro passo para a verdadeira sabedoria. Quem teme a Deus discerne o certo e aprende a viver com prudência.
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။ တရားတော်အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
Bênçãos do temor
Quem teme ao Senhor encontra vida longa, provisão e proteção. O temor de Deus nos guarda do mal e nos conduz à humildade.
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။
ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။
အစဉ်မပြတ်ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့် တွေ့လိမ့်မည်။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။
Vivendo no temor do Senhor
Temer ao Senhor é obedecer seus mandamentos, andar em seus caminhos e amá-lo de todo coração. Essa reverência se expressa em justiça e integridade.
သင်တို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။
သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့။
အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။ ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူ မည်သည်ကား၊ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။
သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကိုထောက်ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ၏။
နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်တို့သည် တစ်ယောက်ကိုတစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
ဆင်းရဲသားတို့ကိုချေးငှားခြင်း
သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။ သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်းငှာ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။
ကြောက်သင့်သူ
ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။- အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။-
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.