Transformação
A transformação é o fruto natural de uma vida entregue a Deus. Ele não nos deixa como nos encontra — renova nossa mente, purifica nosso caráter e nos conforma à imagem de Cristo.
O chamado ao arrependimento
A transformação começa com o arrependimento genuíno. Deus convida cada pessoa a voltar-se para Ele de todo o coração e receber vida nova.
ထိုအချိန်မှစ၍ ယေသျှုက "ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့" ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။
ပေတရုက၊ "သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊
Renovação da mente
Paulo nos exorta a não nos conformar com o mundo, mas a sermos transformados pela renovação do entendimento. A mudança vem de dentro para fora.
သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။
ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။
လူဟောင်းနှင့် လူသစ်
ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။
Os frutos da transformação
Uma vida transformada produz o fruto do Espírito: amor, alegria, paz, paciência, benignidade, bondade, fidelidade, mansidão e domínio próprio.
သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
အသင်းတော်ထဲ၌ စိတ်ဝမ်းကွဲခြင်းများ
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။
သင်ရို့သည် ခရစ်တော်အားဖြင့် ပီးသနားတော်မူသော သည်းခံခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သာ၍ နားလည်သဘောပေါက်စီခြင်းငှာ သခင်ဘုရား လမ်းပြတော်မူပါစီသောဝ်။
အကြောင်းမူကား ငါရို့သည် ကူညီမည့်သူ မဟိ ဖြစ်နိန်စဉ်တွင် ခရစ်တော်သည် ဘုရားသခင် သတ်မှတ်သားထားသော အချိန်တွင် အပြစ်သားတိအတွက် အသီခံပီးတော်မူခ၏။
သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်" ဟု မိန့်တော်မူ၏။