Pular para o conteúdo
Publicidade

Tristeza

Por Bíblia Online

Dias difíceis chegam para todos, trazendo um peso no peito que parece difícil de carregar. Nesses momentos de choro e silêncio, é normal sentir que Deus está distante ou que o sofrimento não vai acabar. A Escritura mostra que você não precisa fingir estar forte o tempo todo.

Deus conhece o seu endereço e enxerga cada lágrima que você derrama escondido. As palavras que você vai ler a seguir servem para lembrar que o Criador se importa profundamente com a sua dor e caminha ao seu lado mesmo quando tudo parece escuro.

A tristeza faz parte da experiência humana, mas a Bíblia nos assegura que Deus está perto dos que sofrem. Ele enxuga as lágrimas e transforma a dor em esperança.

Deus consola os aflitos

O Senhor está perto dos quebrantados de coração. Mesmo no vale mais escuro, sua presença é refúgio e consolo para a alma que chora.

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​အ​လို​ရှိ​သ​မျှ​သည် ရှေ့​တော်၌​ထင်​ရှား​ပါ၏။ အ​ကျွန်ုပ်​ညည်း​တွား​ခြင်း​ကို​လည်း အ​ကြွင်း​မဲ့​သိ​တော်​မူ၏။

စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။

A alegria virá

A dor tem prazo de validade. A manhã de alegria sempre vem depois da noite de choro. Deus promete transformar o luto em dança.

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-

သူ​တို့​သည် နောက်​တစ်​ဖန် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ​ကြ။ နေ​ရောင်​ခြည် အ​လျှင်း​မ​ထိ​ရ။ အ​ဘယ်​အ​ပူ​ကို​မျှ မ​ခံ​ရ​ကြ။-အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-

ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။

Entregando a dor a Deus

Podemos lançar sobre o Senhor toda nossa ansiedade e tristeza, porque Ele cuida de nós com ternura e não nos abandona.

သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။

သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။

ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ၊ ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း ပြု​ကြ​လော့။-

O choro e o arrependimento

Há tristezas que produzem arrependimento e conduzem à vida. O choro diante de Deus é acolhido e transformado em bênção.

ထာ​ဝ​ရ​ဘု​ရား၏​ချစ်​သ​နား​ခြင်း

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။

စ​ပျစ်​နွယ်​ပင်​သည် ညှိုး​နွမ်း၏။ သင်္ဘော​သ​ဖန်း​ပင်​လည်း သွေ့​ခြောက်၏။ သ​လဲ​ပင်၊ စွန်​ပ​လွံ​ပင်၊ ရှောက်​ချို​ပင်​မှ​စ၍ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် ညှိုး​နွမ်း​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​သည် သွေ့​ခြောက်၏။

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။ အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။

ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

အ​ကြောင်း​မူ​ကား၊ ပ​ညာ​များ​လျှင်၊ ငြို​ငြင်​စ​ရာ​အ​ကြောင်း​များ၏။ သိ​ပ္ပံ​အ​တတ် တိုး​ပွား​သော​သူ​သည် ဝမ်း​နည်း​ခြင်း တိုး​ပွား​တတ်၏။

သို့​ဖြစ်၍၊ စိတ်​ညှိုး​ငယ်​ခြင်း​အ​ကြောင်း​နှင့်၊ ကိုယ်​ဆင်း​ရဲ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား​လော့။ အ​သက်​ငယ်​ခြင်း​အ​ရာ​နှင့် အ​ရွယ်​ပျို​ခြင်း​အ​ရာ​သည် အ​န​တ္တ​ဖြစ်၏။

ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။-

1 pessoa deu Amém

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.