Verdade
A verdade é um dos atributos centrais de Deus e um pilar da vida cristã. Jesus se declarou o caminho, a verdade e a vida. Viver na verdade é viver em liberdade e integridade.
Deus é a fonte da verdade
O Senhor é fiel e verdadeiro em todas as suas palavras. Sua Palavra é a verdade absoluta que ilumina nosso caminho e nos sustenta.
ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
O Espírito da verdade
Jesus prometeu enviar o Espírito Santo, o Espírito da verdade, que nos guia, ensina e nos faz lembrar de tudo o que Cristo disse.
ငါအမှန် ဆိုသည်ကား ငါ ထွက်ခွါလားခြင်းသည် သင်ရို့အတွက် သာ၍ ကောင်းပေ၏။ ငါ မလားလျှင် သင်ရို့ကို ကူညီမစမည့်အသျှင်သည် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ငါ လားမှသာလျှင် ကူညီမစမည့်အသျှင်ကို သင်ရို့ပါးသို့ ငါ စီရွှတ်လိမ့်မည်။
"ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။
သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။
ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူသည်အတိုင်း ကိုးကွယ်သောသူ မှန်သမျှရို့သည်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်" ဟု ဆို၏။
A verdade liberta
Jesus prometeu que conhecer a verdade nos torna livres. A mentira aprisiona, mas a verdade de Deus nos conduz à plenitude.
သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း
ယေသျှုသည် ယုဒ ယုံကြည်သူရို့အား "သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်" ဟု မိန့်တော်မူ၏။
သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသော အရာအားလုံးတွင် အဦးသီးသောအသီးများ ဖြစ်လာစီရန် သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါရို့ကို မွီးဖွားစီခြင်းငှာ ရွီးချယ်တော်မူခ၏။
Vivendo e falando a verdade
Somos chamados a falar a verdade em amor e a rejeitar toda forma de engano. A integridade nas palavras é marca do cristão.
ယင်းအစား၊ ငါရို့သည် မေတ္တာစိတ်နှင့် သမ္မာတရားကို ပြောကြားခြင်းအားဖြင့် အသင်းတော်၏ဦးဂေါင်း ဖြစ်တော်မူသော ခရစ်တော်၌ အရာရာတွင် ကြီးပွားတိုးတက် ကြရမည်။
ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။
ညီအစ်ကို မောင်နှမရို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းကို မပြုကတ်ကေ့။ ကောင်းကင်ကိုဖြစ်စီ၊ မြီကြီးကိုဖြစ်စီ၊ အခြားသော ကတိသစ္စာတစ်စုံတစ်ခုကို ပြုလျက်ဖြစ်စီ၊ ကျိန်၍ ပြောဆိုခြင်းကို မပြုကြနှင့်။ သင်ရို့သည် ဟုတ်သည်ကို "အဟုတ်" ဟူ၍ လည်းကောင်း၊ မဟုတ်သည်ကိုလည်း "မဟုတ်" ဟူ၍ လည်းကောင်း ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။
သားသမီးရို့၊ ငါရို့၏ မေတ္တာသည် အပြော၌သာ မတည်ဘဲ လက်တွိ့လုပ်ဆောင်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို ဖော်ပြကြကုန်အံ့။
သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။
ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။
ယုံကြည်ခြင်း
ယုံကြည်ခြင်း ဆိုသည်မှာ မျှော်လင့်ထားသောအရာများသည် အမှန် ဖြစ်လာလိမ့်မည်ဟု ယုံကြည်စိတ်ချမှုဟိခြင်း၊ မမြင်နိုင်သောအရာများသည် အမှန်ဟိသည်ဟူ၍ ခံယူထားခြင်း ဖြစ်၏။