Vida eterna
A vida eterna é a promessa central do evangelho. Não se trata apenas de duração infinita, mas de qualidade de vida em comunhão com Deus, começando aqui e se estendendo pela eternidade.
O dom gratuito da vida eterna
A vida eterna é um presente de Deus, não resultado de obras humanas. É dada gratuitamente a quem crê em Jesus Cristo.
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။
ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းဖြစ်၏။
ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းဖြစ်၏။
ထို သက်သီခံချက်သည်ကား၊ ဘုရားသခင်သည် ငါရို့အား ထာဝရအသက်ကို ပီးတော်မူပြီး ထိုအသက်သည် မိမိသားတော်၌ ဟိ၏ ဟူ၍ ဖြစ်၏။
ဤသည်ကား ခရစ်တော်ကိုယ်တော်တိုင် ငါရို့ကို ကတိပီးထားတော်မူသော ထာဝရအသက်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်သည် ငါ့အား သနားကရုဏာထားတော်မူ၏။ အကြောင်းမူကား နောင်အခါ၌ ခရစ်တော်ယေသျှုကို ယုံကြည်၍ ထာဝရအသက်ရကြမည့်သူ အားလုံးကို မိမိ၏ပြီးပြည့်စုံသော သည်းခံတော်မူခြင်းကို ဖော်ပြခြင်းငှာ အပြစ်သားထဲတွင် အဆိုးဆုံးဖြစ်သော ငါ့အား စံပြတစ်ယောက်အဖြစ်ဖြင့် ထိုသို့ သနားကရုဏာ ထားတော်မူခြင်းဖြစ်၏။
A certeza para quem crê
Quem está em Cristo tem a certeza de que passou da morte para a vida. Nada pode arrebatar o crente da mão de Deus.
"ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။ ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
ငါ့ကို စီရွှတ်တော်မူသော သူ၏အလိုတော်ကား၊ ငါ့အား ထိုအသျှင် ပီးအပ်ထားသော သူအပေါင်းရို့သည် ဆုံးယှုံးခြင်းသို့ မရောက်စီဘဲ နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီခြင်းငှာ ဖြစ်၏။ သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်" ဟု မိန့်တော်မူ၏။
သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။ ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။
ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။ ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။ ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏" ဟု မိန့်တော်မူ၏။
ထို သက်သီခံချက်သည်ကား၊ ဘုရားသခင်သည် ငါရို့အား ထာဝရအသက်ကို ပီးတော်မူပြီး ထိုအသက်သည် မိမိသားတော်၌ ဟိ၏ ဟူ၍ ဖြစ်၏။ သားတော်ကို ရသောသူသည် ထိုအသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ထာဝရအသက်
ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်ရို့သည် ထာဝရအသက်ရဟိကြောင်းကို သိကြစီရန် ဤအကြောင်းအရာများကို ငါ ရီးလိုက်ခြင်း ဖြစ်၏။
ထာဝရအသက်
ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်ရို့သည် ထာဝရအသက်ရဟိကြောင်းကို သိကြစီရန် ဤအကြောင်းအရာများကို ငါ ရီးလိုက်ခြင်း ဖြစ်၏။
O caminho para a eternidade
Jesus é o caminho para a vida eterna. Crer nele, segui-lo e perseverar na fé são os passos que nos conduzem à eternidade com Deus.
သို့သော်လည်း ငါ ပီးသောရီကို သောက်သောသူကား နောက်တဖန် ရီမမွတ်ယာ။ ထိုရီသည် ထိုသူရို့၏ အထဲ၌ အသက်စမ်းရီဖြစ်စီပြီး ထာဝရအသက်ကိုလည်း ပီးလိမ့်မည်" ဟု မိန့်တော်မူ၏။
ပုပ်ပျက်တတ်သော အစားအစာဖို့ မလုပ်ဆောင်ကတ်ကေ့။ သို့သော် လူသားသည် သင်ရို့အား ပီးတော်မူမည့် ထာဝရအသက်ကို ရစီနိုင်ခြင်းငှာ မပုပ်ပျက်တတ်သော အစာအဖို့သာ လုပ်ဆောင်ကြလော့။ အကြောင်းမူကား အဖဘုရားသခင်သည် လူသားအား တံဆိပ်ခတ်ထားသောသူဖြစ်၏" ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူရို့ကလည်း ကိုယ်တော့်ကို "အကျွန်ရို့သည် ဘုရားသခင် အလိုတော်ဟိသော အရာကို ဆောင်ရွက်နိုင်စီခြင်းငှာ ဇာပိုင် ပြုရပါမည်နည်း" ဟု မိန်းလျှောက်ကြ၏။
ယေသျှုကလည်း "ဘုရားသခင် အလိုဟိတော်မူသည့် အရာကား ထိုအသျှင် စီရွှတ်တော်မူသောသူကို ယုံကြည်ရန်ဖြစ်၏" ဟု မိန့်တော်မူ၏။
ထိုအခါ သျှိမုန်ပေတရု ကလည်း "အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။
ကျဉ်းသောတန်းခါး
"ကျဉ်းသောတန်းခါးကို ဝင်ကတ်ပါ။ အကြောင်းမူကား၊ ငရဲသို့ ဝင်သောတန်းခါးဝသည် ကျယ်ဝန်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် လွယ်ကူ၏၊ ထို့ကြောင့် ထိုလမ်း၌ လားသောသူလည်း အလွန် များပြား၏။ သို့သော်လည်း အသက်ရှင်ခြင်းသို့ ရောက်သောတန်းခါးဝသည် အလွန်ကျဉ်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် အလွန် ခက်ခဲ၏။ ထို့ကြောင့် ထိုလမ်းကို တွိ့၍ လားသောသူ အလွန် နည်း၏။
ကျဉ်းသောတန်းခါး
"ကျဉ်းသောတန်းခါးကို ဝင်ကတ်ပါ။ အကြောင်းမူကား၊ ငရဲသို့ ဝင်သောတန်းခါးဝသည် ကျယ်ဝန်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် လွယ်ကူ၏၊ ထို့ကြောင့် ထိုလမ်း၌ လားသောသူလည်း အလွန် များပြား၏။ သို့သော်လည်း အသက်ရှင်ခြင်းသို့ ရောက်သောတန်းခါးဝသည် အလွန်ကျဉ်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် အလွန် ခက်ခဲ၏။ ထို့ကြောင့် ထိုလမ်းကို တွိ့၍ လားသောသူ အလွန် နည်း၏။
မိမိအသက်ကို ရခြင်းငှာ ကြိုးစားသောသူသည် အသက်ယှုံးလိမ့်မည်။ သို့သော်လည်း ငါ၏အကျိုးအလို့ငှာ မိမိအသက်ကို စွန့်သောသူသည်ကား အသက်ကို ရလိမ့်မည်။
ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု မိန့်တော်မူ၏။
ယေသျှုက "ငါ အမှန်ဆိုသည်ကား ငါ့အတွက် သော်လည်းကောင်း၊ ဧဝံဂေလိတရားအတွက် သော်လည်းကောင်း၊ အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး တည်းဟူသော တစ်ပါးပါးကို စွန့်သောသူသည်၊ အဂုကာလ၌ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်တကွ အဆတစ်ရာဟိသော အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးတိကို ရဟိလိမ့်မည် — ယင်းထက်မက နောင်ဘဝ မှာလည်း ထာဝရအသက်ကိုပါ ရဟိလိမ့်မည်။
ကောင်းသော ယှာမာရိ ပုံဥပမာ
ကျမ်းတတ်ဆရာတစ်ယောက်သည် ရောက်လာပြီးလျှင် ယေသျှုကို စုံစမ်းခြင်းငှာ ကြိုးစားလေ၏။ သူက "ဆရာ၊ ထာဝရအသက်ကို ရရန်အတွက် အကျွန် ဇာလုပ်ရပါဖို့လဲ" ဟု မိန်း၏။
ယေသျှုက "မောသျှေ၏ ပညတ္တိကျမ်း၌ ဇာပိုင် ဖော်ပြထားသလဲ၊ သင်သည် ထိုကျမ်းစာတိကို ဇာပိုင် အဓိပ္ပာယ်ကောက်ယူလဲ" ဟု သူ့အား မိန့်တော်မူ၏။
ထိုသူက "‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ " ဟု လျှောက်၏။
ယေသျှုကလည်း "သင်၏ အဖြေမှန်၏။ ထိုသို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်" ဟု ပြန်ပြောတော်မူ၏။
ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။
ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။
Perseverança e glória futura
A vida eterna exige perseverança. Os sofrimentos presentes não se comparam com a glória que será revelada. Deus nos guardará até o fim.
ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကိုလည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကိုလည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။
ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သီခြင်းကို အုပ်စိုးသည့်နည်းတူ၊ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရစီခြင်းငှာ ဖြောင့်မတ်ခြင်းတရားသည် ငါရို့အား အုပ်စိုးလျက်ဟိ၏။
ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်
အဂုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။
အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။
ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။
တလွဲမယူကတ်ကေ့။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစိ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ထို့ကြောင့် အဂုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။
သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ မိမိကိုယ်ကို စောင့်ထိန်း၍ ထာဝရအသက်ကို ပီးတော်မူမည့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်နိန်ကြလော့။
A eternidade com Deus
A Bíblia descreve a plenitude da vida eterna: sem dor, sem lágrimas, em perfeita comunhão com Deus para sempre.
ငါသည် ပလ္လင်တော်မှ ကျယ်လောင်သော အသံတစ်သံကို ကြားရ၏။ ထိုအသံကား "အဂုအခါ ဘုရားသခင်သည် လူသားရို့၌ ကိန်းဝပ်တော်မူယာ။ ကိုယ်တော်သည် သူရို့နှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။ ထိုသူရို့သည် ကိုယ်တော်၏လူတိ ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်ပင်လျှင် သူရို့နှင့်အတူ ဟိနိန်တော်မူပြီး သူရို့၏ဘုရားဖြစ်လိမ့်မည်။ ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က "ငါသည် အစနှင့်အဆုံး ဖြစ်၏" ဟု မိန့်တော်မူ၏။
လောကနှင့်တကွ လူတိ တပ်မက်သောအရာများသည် ကွယ်ပျောက်လားတတ်၏။ သို့သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်သောသူမူကား ကာလအစဉ် တည်လိမ့်မည်။