Pular para o conteúdo
Publicidade

Vida nova

Por Bíblia Online

Deixar o passado para trás e caminhar em uma direção diferente exige mais do que força de vontade. É preciso entender que a graça de Deus alcança cada falha e oferece um recomeço real, desfazendo o peso das velhas escolhas e abrindo espaço para uma transformação profunda que atinge o interior de quem crê.

Essa mudança acontece quando você entrega seus dias à direção de Cristo e permite que o Espírito Santo molde seus pensamentos e atitudes. As palavras inspiradas pelas Escrituras mostram como é possível viver essa realidade passo a passo, encontrando coragem para abandonar velhos caminhos e desfrutar da paz que nasce de um coração perdoado.

Em Cristo, toda pessoa é transformada em uma nova criação. O velho passa e tudo se faz novo. A vida nova é o resultado da obra redentora de Jesus em nosso coração.

Morte e ressurreição com Cristo

O batismo simboliza nossa morte para o pecado e ressurreição para uma nova vida. Fomos sepultados com Cristo e ressuscitamos com Ele.

ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-

တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။- ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။- သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။-

ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။

Nova criação

Quando aceitamos Jesus, nascemos de novo. A velha natureza dá lugar a uma identidade renovada pelo Espírito Santo.

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

Despir o velho, vestir o novo

A vida nova se manifesta em abandonar os velhos hábitos e revestir-se do novo homem, criado segundo a vontade de Deus.

အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။- အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

Renovação interior

Deus promete dar um coração novo e um espírito novo. A transformação nasce do arrependimento e da purificação divina.

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။ စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။ ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။

ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။- သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.