Vida nova
Em Cristo, toda pessoa é transformada em uma nova criação. O velho passa e tudo se faz novo. A vida nova é o resultado da obra redentora de Jesus em nosso coração.
Morte e ressurreição com Cristo
O batismo simboliza nossa morte para o pecado e ressurreição para uma nova vida. Fomos sepultados com Cristo e ressuscitamos com Ele.
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် နှစ်ခြင်းဟို ခံသောအခါ၊ သူရဲ့ အသေခံခြင်းနှိုက် ငါလို့ နှစ်ခြင်းခံခြင်းဖြင့် တလုံးတဝတည်းဖြစ်ကျောန်းဟို နင်လို့ အမန်ပင် သိကြအယ်။ ငါလို့ရဲ့ နှစ်ခြင်းခံခြင်းအားဖြင့် သူနဲ့အတူ မြှပ်နှံခြင်းဟိုခံပင်း သူနဲ့အတူ အသေခံကြအယ်။ ခရစ်တော်ဟ အဖရဲ့ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ဆှင်ပြန်ထမြောက်စေလဲ့နည်းတူ ငါလို့အားလည်း အသက်တာ အသစ်နှိုက် အသက်ဆှင် နေထိန်ကြစေရန် ဖြစ်အယ်။
အကျောန်းမှာ သေခြင်းဖြင့် ငါလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာအယ်၊ အေးနည်းအတိုင်း ငါလို့ဟလည်း သူလိုမျိုး အသက်ဆှင်ပြန် ထမြောက်ခြင်းအားဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်း ဆိလိမ့်မယ်။ ငါလို့ ဇာတိဟောင်းဟို ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်တွင် အသေခံပီဟု ငါလို့ သိကြအယ်၊ အေးလို့ လုပ်စေရခြင်းမှာ အပစ်တရားရဲ့ စွမ်းအားဟို ဖျက်ဆီးခြင်းအားဖြင့် ငါလို့ဟ အပစ်ရဲ့ ကျွန်ဖဝါ့မှ လွတ်မြောက်ကြစေရန်ပင် ဖြစ်ကျောန်း ငါလို့ သိကြအယ်။ အကျောန်းမှာ ငါလို့ဟ သေကြသောအခါ အပစ်တရားရဲ့ လက်မှ လွတ်ကြအယ်။
အေးနည်းတူ နင်လို့ဟ အပစ်တရားနဲ့ဆိုင်သော အရာနှိုက် ကိုယ့်ကိုယ်ကို သေသောသူလိုမျိုး ဖြစ်ပေမဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်နဲ့အတူ မိတ်သဟာယ ဖွဲ့လျက် အသက်ဆှင်အယ်ဟု ထင်ကြရမယ်။
Nova criação
Quando aceitamos Jesus, nascemos de novo. A velha natureza dá lugar a uma identidade renovada pelo Espírito Santo.
အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
Despir o velho, vestir o novo
A vida nova se manifesta em abandonar os velhos hábitos e revestir-se do novo homem, criado segundo a vontade de Deus.
လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။ နင့်စိတ်သဘောထားကို အသစ်ဖြစ်စေရန်၊ သမ္မာတရားနဲ့ဆိုင်သော ဖြောင့်မတ်ခြင်းနဲ့ သန့်ဆှင်းခြင်းလို့ဖြင့် ဘုရားသခင်ရဲ့ ပုံစံနဲ့အညီ ဖန်ဆင်းခြင်းခံရသော လူသစ်ဟို ဝတ်ဆင်ရန် နည်းခံခဲ့ကြအယ်။
အဲလိုလဲ အခုနှိုက် နင်လို့ဟ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ နင်လို့ရဲ့ စလောင်မှ ထွက်လဲ့ စုတ်ပဲ့သောစကား စလဲ့ အမှုအလုံးစုံလို့ဟို ဖယ်ဆှားကြလော့။ တယောက်နဲ့တယောက် ဝါယွေ့ မပြောဆိုကြနဲ့၊ အကျောန်းမှာ နင်လို့ဟ အကျင့်ဆိုးများနဲ့တကွ လူဟောင်းဟို လောပစ်ကာ၊ လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
Renovação interior
Deus promete dar um coração novo e um espírito novo. A transformação nasce do arrependimento e da purificação divina.
တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ ကရုဏာတော်ဟ ရမ်းဆာ့ကြွယ်ဝပင်း ငါလို့အတွက် ကိုယ်တော်ရဲ့မေတ္တာဟ ရမ်းဆာ့ကြီးမားအယ်။ လွန်ကျူးသောအပစ်နှိုက် ငါလို့ဟ ဝိညာဉ်ရေးအရ သေနေစဉ်တွင် ခရစ်တော်နဲ့အတူ ငါလို့ဟို အသက်ပြန်ဆှင်စေအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်း ခံရအယ်။