Vida nova
Em Cristo, toda pessoa é transformada em uma nova criação. O velho passa e tudo se faz novo. A vida nova é o resultado da obra redentora de Jesus em nosso coração.
Morte e ressurreição com Cristo
O batismo simboliza nossa morte para o pecado e ressurreição para uma nova vida. Fomos sepultados com Cristo e ressuscitamos com Ele.
ယေသျှုခရစ်တော်၌ ဗတ္တိဇံခံယူထားကြသော ငါရို့အားလုံးသည် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံခံယူထားကြသည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။
ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။ ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။ အကြောင်းမူကား သီလားပြီးသောသူမည်သည်ကား အပြစ်တရား၏လက်မှ လွတ်လေပြီ။
ထိုနည်းတူ သင်ရို့သည်လည်း အပြစ်တရားနှင့် ဆိုင်သောအရာ၌ သီလျက်ဟိပြီး၊ ယေသျှု ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ အသက်ရှင်လျက်ဟိကြသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်ကြလော့။
Nova criação
Quando aceitamos Jesus, nascemos de novo. A velha natureza dá lugar a uma identidade renovada pelo Espírito Santo.
မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန် မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။
Despir o velho, vestir o novo
A vida nova se manifesta em abandonar os velhos hábitos e revestir-se do novo homem, criado segundo a vontade de Deus.
ထို့ကြောင့် အယင်က ကျင်လည်ခသော လူဟောင်းဘဝကို စွန့်ပစ်ကြလော့။ လိမ်လည်လှည့်ဖြားတတ်သော ဆန္ဒများကြောင့် ပျက်စီးယိုယွင်းတတ်သော လူဟောင်းကို စွန့်ပစ်ကြလော့။ သင်ရို့သည် အသစ်သော စိတ်နှလုံးကို ခံယူပြီးလျှင်၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းကို ခံရ၍ သန့်ယှင်းဖြောင့်မတ်ခြင်းတည်းဟူသော စစ်မှန်သော လူသစ်ဖြစ်ကြရမည်။
သို့ရာတွင် အဂုအခါ၌ သင်ရို့သည် ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်း စသည့် အမှုအရာအားလုံးကို ဖယ်ယှားကြလော့။ အချင်းချင်း လိမ်လည်၍ မပြောဆိုကတ်ကေ့။ အကြောင်းမူကား သင်ရို့သည် လူဟောင်းနှင့်အတူ လူဟောင်း၏အကျင့်တိကို ချွတ်ပယ်ကာ၊ ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။
သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။
Renovação interior
Deus promete dar um coração novo e um espírito novo. A transformação nasce do arrependimento e da purificação divina.
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊ မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။