Vitória
A vitória do cristão não depende de suas próprias forças, mas do poder de Deus que opera em nós. As Escrituras declaram que somos mais que vencedores por meio daquele que nos amou.
A vitória vem de Deus
O Senhor luta por nós. Quando confiamos nele, nenhuma arma forjada contra nós prosperará e nenhum inimigo prevalecerá.
အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။
ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစ်စုံတစ်ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအားမိန့်တော်မူ၏။
စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
သူတို့သည် ကိုယ်ဓားဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ယာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ။
Mais que vencedores
Em todas as circunstâncias, a fé nos dá a vitória. O mundo tenta nos derrubar, mas Cristo já venceu o mundo e nos faz triunfar.
ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။-
မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။- အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။
သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။-
အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။- သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။- ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။-
Força para a batalha
Deus nos reveste com sua armadura espiritual, nos fortalece e nos encoraja. Mesmo que o justo caia sete vezes, ele se levanta.
ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။-
ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာပြုကြမည်။ ငါတို့၏ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်။
သင်၏အနားမှာ လူတစ်ထောင်၊ သင်၏လက်ယာဘက်မှာ လူတစ်သောင်းလဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။-