Pular para o conteúdo
Publicidade

Vizinho

Por Bíblia Online

Viver a fé cristã no dia a dia exige olhar para quem está por perto com o mesmo cuidado que Deus tem por você. Cada rua, cada prédio e cada ambiente comum colocam você diante de pessoas que precisam de acolhimento, escuta e ajuda prática.

As Escrituras mostram que o amor ao próximo não é apenas um sentimento bom, mas uma escolha diária de servir, perdoar e repartir o que se tem. Deixar de lado o egoísmo para estender a mão a quem vive ao seu lado é a maneira mais concreta de colocar os ensinamentos de Jesus em prática.

Amar o próximo é um dos mandamentos centrais do evangelho. A Bíblia nos ensina que nossos vizinhos são aqueles a quem devemos servir, apoiar e encorajar com amor genuíno.

O mandamento do amor ao próximo

Jesus resume a Lei no amor a Deus e ao próximo. Amar o vizinho como a si mesmo é cumprir toda a Lei.

ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့ ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။ ဤ​ပ​ညတ်​တို့​ထက် သာ၍​ကြီး​မြတ်​သော ပ​ညတ်​မ​ရှိ​ဟု ပြန်၍​မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။-

အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-

ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။

သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။

Amor em ação

O amor verdadeiro se mostra em ações concretas: hospitalidade, generosidade e cuidado com os necessitados ao nosso redor.

ဘု​ရား​သ​ခင်​နှစ်​သက်​စေ​ရန်

ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။- အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-

ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။

အ​ချင်း​ချင်း​ချစ်​ကြ​လော့

သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။

သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-

Edificação e encorajamento mútuo

Somos chamados a encorajar uns aos outros, carregar os fardos alheios e buscar o bem do próximo acima do próprio interesse.

ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။

ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။-

ထို​သို့​ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို ထောက်၍၊ သူ့​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သူ၏​အ​လို​သို့ လိုက်​ကြ​ကုန်​အံ့။-

ကိုယ်​အ​ကျိုး​ကို အ​ဘယ်​သူ​မျှ​မ​ရှာ​စေ​နှင့်။ သူ့​အ​ကျိုး​ကို လူ​တိုင်း​ရှာ​စေ။-

ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။-

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။

Humildade, perdão e convivência

O relacionamento com o próximo exige humildade, paciência e disposição para perdoar. Não devemos julgar, mas acolher com compaixão.

ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-

တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။-

ညီ​အစ်​ကို​ချင်း​မှား​ယွင်း​ရန်​မ​ပြု​နှ​င့်

ထို​ကြောင့်၊ ငါ​တို့​သည် ယ​ခု​မှ​စ၍ အ​ချင်း​ချင်း မ​စစ်​ကြော​မ​စီ​ရင်​ဘဲ နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း ထိ​မိ၍ လဲ​စ​ရာ​အ​ခွင့်၊ မှား​ယွင်း​စ​ရာ​အ​ခွင့် မ​ရှိ​စေ​မည်​အ​ကြောင်း သာ၍ စီ​ရင်​ကြ​ကုန်​အံ့။-

ဖြောင့်​မတ်​သော​တ​ရား​စီ​ရင်​ခြင်း

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။-

သု​စ​ရိုက်​ကို​ပြု၍​ဆင်း​ရဲ​ခံ​ခြင်း

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-

နေ့​ရက်​တစ်​ရက်​ထက်​တစ်​ရက် သာ၍​မြတ်​သည်​ဟု လူ​အ​ချို့​ထင်​တတ်၏။ လူ​အ​ချို့​မ​ထင်။ လူ​တိုင်း မိ​မိ​စိတ်​သ​ဘော​ကျ​ပါ​စေ။-

ဆင်း​ရဲ​ခြင်း​သို့​ရောက်​သော​သူ၏ အ​ဆွေ​ခင်​ပွန်း​သည် သ​နား​အပ်၏။ မ​သ​နား​လျှင် အ​န​န္တ​တန်​ခိုး​ရှင်​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ကင်း​လွတ်၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.