A volta de Jesus
A volta de Jesus é uma das maiores promessas da Bíblia. Cristo prometeu que retornará em glória, e os cristãos vivem na expectativa desse dia triunfante.
A promessa do retorno
Jesus prometeu aos discípulos que voltaria. Os anjos confirmaram essa promessa na ascensão, e os apóstolos ensinaram que Ele virá com poder.
ငါ့အဖအိမ်တော်၌ အခန်းများစွာဟိ၏။ သင်ရို့အတွက် နီရာကို ပျင်ဆင်ရန် ငါလားရဦးမည်။ ထိုသို့ မဟုတ်လျှင် မဟုတ်ကြောင်းကို သင်ရို့အား ငါမပြောဘဲမနိန်။ ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
ဤသို့ မိန့်တော်မူပြီးနောက် တမန်တော်ရို့ ကြည့်လျက်နိန်ကြစဉ် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော့်ကို ဖုံးကွယ်သဖြင့် သူရို့ မမြင်ရပေ။
ထိုသို့ ကိုယ်တော် ကြွတော်မူစဉ် တမန်တော်ရို့သည် အာကာပြင်သို့ စိ့စိ့ကြည့်နိန်ကြ၏။ ထိုအခါ ဝတ်ဖြူစင်ကြယ်နှင့် လူနှစ်ယောက်သည် သူရို့အနားတွင် ရုတ်တရက် ရပ်လာပြီးလျှင်၊ "ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ပါးမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်" ဟု ဆိုကြ၏။
ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က "မုချ၊ ငါသည် မကြာခင် ကြွလာမည်" ဟု မိန့်တော်မူ၏။
ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။
ယေသျှုက "နားထောင်လော့၊ မကြာမီ ငါ ကြွလာမည်။ ငါသည် အကျိုးအပြစ်ကို ယူဆောင်လာသည်ဖြစ်၍ လူအသီးသီးရို့အား မိမိရို့၏ အကျင့်အလျောက် ပီးအပ်ရမည်။
Os sinais e o momento
Ninguém sabe o dia nem a hora. Jesus alertou sobre falsos sinais e nos chamou à vigilância constante, pois Ele virá como ladrão na noite.
မသိနိုင်သော အချိန်ကာလ
"သို့သော်လည်း ထိုနိ့ရက်ကာလနှင့် ပတ်သက်၍ ဇာသူလည်း မသိ — ကောင်းကင်တမန်များသော်လည်းကောင်း၊ သားတော်သော်လည်းကောင်း မသိကြ၊ သို့သော်လည်း အဖ တစ်ပါးတည်းသာ သိတော်မူ၏။ လူသားကြွလာသောအခါတွင် နောဧလက်ထက်၌ ဖြစ်ခသကဲ့သို့ ဖြစ်လိမ့်မည်။ အကြောင်းမူကား ရီလွှမ်းမိုးခြင်းမဖြစ်ခင် နိ့များ၌၊ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နိ့တိုင်အောင် လူများသည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်ခြင်းကို ပြုလျက်နိန်ခကြ၏။ ထိုအခါ ရီလွှမ်းမိုးခြင်းသည် ရောက်လာ၍ သူရို့အားလုံးကို သုတ်သင်ဖယ်ရှားလားသည့်တိုင်အောင် သူရို့သည် မည်သို့ ဖြစ်ခသည်ကို မသိခကတ်။ လူသားကြွလာသည့်အခါ၌ ထိုကဲ့သို့ ဖြစ်လိမ့်မည်။
ထိုနိ့ရက် အချိန်ကို မည်သူမျှ မသိ
"သို့သော်၊ ယင်းအမှုအရာများ ဖြစ်ပျက်မည့် ကာလအချိန်ကိုကား — ခမည်းတော်မှတစ်ပါး ဇာသူမျှမသိ၊ ကောင်းကင်တမန်တိလည်း မသိ၊ သားတော်လည်းမသိ။
သခင်ဘုရား ကြွလာတော်မူချိန်အတွက် အဆင်သင့်ပျင်ထားပါ
ညီအစ်ကိုမောင်နှမရို့၊ ဤအမှုအရာများ ဖြစ်ပျက်လာမည့် အချိန်ကာလများအကြောင်းကို သင်ရို့အား ရီးသားရန် မလိုယာ။ အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။ "အရာရာတိုင်းသည် ငြိမ်ဝပ်ခြင်းနှင့် လုံခြုံမှုဟိ၏" ဟု လူတိပြောဆိုနိန်စဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာ ရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူရို့ပါးသို့ ရုတ်ကနဲ ရောက်လာ၍ သူရို့သည် လွတ်မြောက်ကြလိမ့်မည် မဟုတ်။
"ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။ သူခိုးလာမည့်အချိန်ကို အိမ်သျှင် သိလျှင် သူသည် သတိနှင့် စောင့်ကြည့်နိန်သောကြောင့် ထိုသူခိုးသည် မိမိအိမ်ကို ဖောက်ထွင်းခွင့် ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်ရို့ မမျှော်လင့်သောအချိန်မှာ လူသားသည် ကြွလာမည်ဖြစ်၍ သင်ရို့သည်လည်း အဆင်သင့် ဖြစ်နိန်ကြရမည်။
မတရားသောသူ
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကိုယ်တော်နှင့်အတူဟိရန် ငါရို့ စုရုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ငါရို့၏ ပရောဖက်ပြုခြင်းအားဖြင့် ဖြစ်စီ၊ တရားဟောခြင်းအားဖြင့် ဖြစ်စီ၊ ငါရို့၏စာတွင် ရီးထားခြင်းအားဖြင့်ဖြစ်စီ၊ သခင်ဘုရား၏နိ့ရက် ရောက်လာပြီဟု ပြောဆိုခြင်းကို လျှပ်တစ်ပြတ် စိတ်ရှုပ်ထွီးကာ စိုးရိမ်တုန်လှုပ်ခြင်း မဟိကတ်ကေ့ဟု သင်ရို့အား ငါတောင်းပန်၏။ ဇာသူသည် ဇာနည်းနှင့်မျှ သင်ရို့ကို မလှည့်ဖြားစီကေ့။ အကြောင်းမူကား နောက်ဆုံးသော ပုန်ကန်မှုကြီးမဖြစ်ခင်နှင့် ပျက်စီးခြင်းခံရမည့် သူတည်းဟူသော မတရားသောသူ မပေါ်ထွန်းခင် ထိုနိ့ရက်သည် ရောက်လာလိမ့်မည် မဟုတ်။ ထိုသူသည် ဘုရားဟု ခေါ်သော အရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်သောအရာ မှန်သမျှကို ဆန့်ကျင်၍ ခပ်သိမ်းသောအရာထက်၌ မိမိကိုယ်ကို ချီးမြှောက်လိမ့်မည်။ သူသည် ဘုရားသခင်၏ ဗိမာန်တော်ထဲသို့ ဝင်၍ ထိုင်ကာ မိမိကိုယ်ကို ဘုရားဟု ကြေညာလိမ့်မည်။
A glória da segunda vinda
Cristo voltará nas nuvens, com poder e grande glória. Os mortos em Cristo ressuscitarão, e os vivos serão arrebatados para encontrá-lo nos ares.
အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။ ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။
လူသား ကြွလာတော်မူမည့်အကြောင်း
"ထိုကာလ၌ ဆင်းရဲဒုက္ခရောက်လာပြီးနောက် နီသည် မှောင်မိုက်အတိ ဖြစ်ပြီးလျှင်၊ လသည်လည်း အလင်းရောင်ကို မပီး။ ကြယ်တိလည်း ကောင်းကင်မှ ကြွီကျလိမ့်မည်။ ကောင်းကင်တန်းခိုးတိလည်း တုန်လှုပ်ကြလိမ့်မည်။ ယင်းအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်ထဲက ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ယင်းနောက် လူသားသည် မြီကြီးတစ်ပြင်လုံး၌ မိမိရွီးချယ်ထားသော လူတိကို စုရုံးစီခြင်းငှာ ကောင်းကင်တမန်တိကို မြီကြီးအရပ်လေးမျက်နှာသို့ စီရွှတ်တော်မူလိမ့်မည်။
နောက်ဆုံး တရားစီရင်ခြင်း
"လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။ လူမျိုးအပေါင်းရို့သည် ကိုယ်တော်၏ရှိ့တော်၌ စုရုံးရကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် ဆိတ်များထဲက သိုးများကို ခွဲထုတ်သကဲ့သို့ ကိုယ်တော်သည် လူတိကို အုပ်စုနှစ်ခု ခွဲခြားတော်မူလိမ့်မည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတိကို မိမိ၏လက်ယာဘက်၌လည်းကောင်း၊ တခြားသူများကို လက်ဝဲဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
မြင်းဖြူစီးတော်မူသောအသျှင်
ထို့နောက် ကောင်းကင်ဘုံ ပွင့်လျက်နိန်သည်ကို ငါ မြင်ရ၏။ ထိုအရပ်တွင် မြင်းဖြူတစ်ကောင် ဟိ၏။ ထိုမြင်းကို စီးသောသူသည် သစ္စာဟိသောသူနှင့် သမ္မာတရားဟိသောသူ ဟူ၍ နာမည်ဟိ၏။ ထိုအသျှင်သည် ဖြောင့်မတ်စွာ တရားစီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ သူ၏ မျက်လုံးများသည် မီးလျှံကဲ့သို့ တောက်ပလျက် ဟိ၏။ သူ၏ ဦးဂေါင်းတွင် သရဖူများကို ဆောင်းထား၏။ သို့သော် မိမိမှတစ်ပါး အခြားမည်သူမျှ မသိသော နာမည်ကို သူ၏အထက်မှာ ရီးမှတ်ထား၏။ ထိုအသျှင်သည် အသွီး၌ နှိုက်ထားသော အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမည်ကား "ဘုရားသခင်၏ နှုတ်ကပတ်တော်" ဟူ၍ ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေရို့သည် စင်ကြယ်သည့် ပိတ်ချောဖြူထည်ကို ဝတ်ဆင်ကာ မြင်းဖြူများစီးလျက် ထိုအသျှင်၏ နောက်တော်မှ လိုက်ကြ၏။ လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် "ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်" ဟူသော နာမကို ရီးထားလျက် ဟိ၏။
အကြင်သူသည် ငါနန့် ငါ၏ တရားစကားကြောင့် ရှက်လျှင် လူသားသည် မိမိ၏ ဘုန်းတန်ခိုးတော်၊ ခမည်းတော်၏ ဘုန်းတန်ခိုးတော်၊ သန့်ယှင်းသော ကောင်းကင်တမန်ရို့၏ ဘုန်းတန်ခိုးကိုဆောင်ပြီး ကြွလာသောအခါ ထိုသူကို ရှက်တော်မူလိမ့်မည်။
Vivendo na expectativa
A certeza do retorno de Cristo nos chama a viver em santidade, aguardando novos céus e nova terra onde habita a justiça.
သို့သော်လည်း ငါ့ အဆွီရို့၊ သခင်ဘုရားအတွက် တစ်ရက်သည် နှစ်တစ်ထောင်ကဲ့သို့ လည်းကောင်း၊ နှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ လည်းကောင်း ဖြစ်သည်ကို မမိ့လျော့ကတ်ကေ့။ လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။
သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။
ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊ ဘုရားသခင်၏နိ့ရက်ကို စောင့်မျှော်၍ ထိုနိ့ရက် အယင် ရောက်လာစီရန် အကောင်းဆုံး ကြိုးစားအားထုတ်လျက်နိန်ကြလော။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် မီးလောင်ကျွမ်း၍ ဖျက်ဆီးခံရပြီးလျှင် မိုးကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း အပူကြောင့် အရည်ပျော် ကြလိမ့်မည်။ သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။
လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့ ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။